မနက်ဖြန် ဩဂုတ်၁၀ ရက်နေ့ ညနေ ၄နာရီအချိန်၌ မြန်မာနိုင်ငံတွင် ကျင်းပမည့် မြန်မာယူ၂၀အမျိုးသမီးအုပ်စုနောက်ဆုံးပွဲနှင့် ဗီယက်နမ်တွင်ကျင်းပမည့် အမျိုးသမီးအာဆီယံချန်ပီယံရှစ်ပွဲစဉ်တို့ တစ်ချိန်တည်းတွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် AFC U20 Women’s Asian Cup 2026 ခြေစစ်ပွဲစဉ်တွင် မြန်မာယူ-၂၀အမျိုးသမီးအသင်းနှင့် အိန္ဒိယယူ-၂၀အမျိုးသမီးတို့ယှဉ်ပြိုင်က စားကြမည်ဖြစ်ပြီး မြန်မာအသင်းအနေ ဖြင့် အုပ်စုအဆင့်တက်ရေးမှာ အဆိုပါပွဲစဉ်တွင် မူတည်နေသည်။
ယင်းခြေစမ်းပွဲစဉ်တွင် အုပ်စုအဖွင့်၌ မြန်မာအသင်းက တာ့မင့်နစ္စတန်အသင်းကို ၆ ဂိုး ၁ဂိုး၊ အုပ်စု ဒုတိယပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းကို ၂ဂိုးစီဖြင့် သရေရ လဒ်ထွက်ပေါ်ထားသည့်အတွက် အိန္ဒိယအသင်းကိုအနိုင်ကစားနိုင်မှအုပ်စုအဆင့်ကျော်လွှားနိုင်မည်ဖြစ်သည်။
အလားတူ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ASEAN Women’s Championship 2025 ပွဲစဉ်တွင် မြန်မာအမျိုးသမီး အသင်းနှင့် တီမောအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းနှင့်မေထက်လူ စသည့် ကစားသမားများဖြင့် စုဖွဲ့ထားပြီး မြန်မာအသင်းအနေဖြင့် ဩစတြေးလျအသင်းကို ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရှိထား
သည်။
မနက်ဖြန် ယှဉ်ပြိုင်ကစားမည့် တီမောအသင်းသည် မြန်မာအသင်းအတွက် ငယ်နိုင်သဖွယ်ရှိနေခြင်းကြောင့် အနိုင်ရလိမ့်မည်ဟု ဘောလုံးဝါသနာရှင်များက သုံးသပ်နေကြပြီး၊ ဖိလစ်ပိုင်အသင်းကိုမူ သတိထား ယှဉ်ပြိုင်ရမည်ဟု ဆိုကြသည်
မည်သို့ပင်ဆိုစေကာမူ အဆိုပါ ပွဲစဉ်နှစ်ပွဲလုံးအတွက် မနက်ဖြန် ညနေ၄ နာရီတွင် တပြိုင်တည်း ကြည့်ရှုရမည့်အတွက် ပရိတ်သတ်များအဖို့ ပျော်ရွှင်စရာ ညနေ ခင်း(သို့မဟုတ်) ဝမ်းနည်းဖွယ်ရာ ညနေ ခင်းဖြစ်မည်ဆိုခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။
