Thursday, March 26, 2026

ရှီနှင့်ထရမ့်ပ် မေလလယ်တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော်...

သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ကြာမြင့်စွာစောင့်မျှော်ခဲ့ရသော တွေ့ဆုံမှုကို မေလ ၁၄ ရက် နေ့နှင့် ၁၅ ရက်နေ့တို့တွင် ပေကျင်း၌...

လောင်စာဈေးကြောင့် ထိုင်းငါးဖမ်းလုပ်ငန်းကိုများစွာထိခိုက်

အီရန်နှင့် အမေရိက-အစ္စရေးစစ်ပွဲကြောင့် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာမှုသဖြင့် ထိုင်းနိုင်ငံ၏ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ငါးဖမ်းလုပ်ငန်းသည် ရပ်တန့်ရလုနီးပါးဖြစ်လာနေပြီး အစိုးရကသာ ကြားဝင်ဖြေရှင်းပေးခြင်းမရှိပါက ၎င်းတို့ငါးဖမ်းလှေများသည် ရက်အနည်းငယ်အတွင်း...

ပြည်ပထွက်ခွါခွင့်အတွက် မမှန်မကန် လိမ်လည်တင်ပြမှုများကို အရေးယူမည်

ပြည်ပထွက်ခွာခွင့်နှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်တင်ပြသူများ၊ ယင်းလိမ်လည်မှုများတွင် နောက်ကွယ်မှ ပါဝင်ကူညီသူများအား အရေးယူဆောင်ရွက်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့( မတ်လ ၂၅ ရက်) တွင်...

ပြုံယမ်းသို့ရောက်ရှိလာသော ဘီလာရုစ်သမ္မတကို ကင်မ် ကြိုဆို

မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို,ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း ကေစီအန်အေသတင်းဌာနက မတ်လ ၂၆ ရက်နေ့တွင်...
HomeInternationalမည်သည့်အပစ်အခတ်ရပ်ဆဲမှုမဆိုတွင် လက်ဘနွန်လည်းပါရမည်--အီရန်

မည်သည့်အပစ်အခတ်ရပ်ဆဲမှုမဆိုတွင် လက်ဘနွန်လည်းပါရမည်–အီရန်

အမေရိက၊ အစ္စရေးတို့နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတိုင်းတွင် လက်ဘနွန်ပါဝင်ရမည်ဟု အီရန်က ကြားဝင်ညှိနှိုင်းသူများကို ပြောကြားခဲ့ကြောင်း အီရန်၏ ရပ်တည်ချက်ကို သိရှိသော ဒေသတွင်းသတင်းရင်းမြစ်ခြောက်ခုက ပြောကြားခဲ့ပြီး စစ်ပွဲပြီးဆုံးခြင်းသည် အစ္စရေး၏ ဟေ့ဇ်ဘိုလာအပေါ် ထိုးစစ်ဆင်မှုကို ရပ်တန့်ခြင်းနှင့်ဆက်စပ်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

တေရန်သည် စစ်ပွဲအဆုံးသတ်စေမည့် အမေရိကန်ပြည်ထောင်စုနှင့် သဘောတူညီချက်ရယူမှုတိုင်းတွင် အီရန်နှင့် ဒေသတွင်း အခြား တော်လှန်ရေးအုပ်စုများ နှစ်ခုစလုံးပါဝင်ရေးကို လိုလားကြောင်း အီရန်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်ဟု အီရန်၏ ပရက်စ်တီဗီသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြခဲ့သည်။

အီရန်အကြီးတန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ရိုက်တာသတင်းဌာနကို ပြော ကြားရာ၌ တေရန်သည် တစ်လနီးပါးကြာပြီဖြစ်သော ဒေသတွင်းစစ်ပွဲကို အဆုံးသတ်ရန် အမေရိက၏ အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေဆဲဖြစ်ကြောင်း ဆိုခဲ့ကာ တေရန်အနေဖြင့် အဆိုပြုချက်ကို ယခုအချိန်အထိ ယတိပြတ်ငြင်းပယ်ခြင်းမပြုသေးသည့်သဘောကို ဖော်ပြခဲ့သည်။

Ref: သည်အန်နာပူရ်နာ အိတ်စ်ပရက်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှီနှင့်ထရမ့်ပ် မေလလယ်တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော် ကြေညာ

သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ကြာမြင့်စွာစောင့်မျှော်ခဲ့ရသော တွေ့ဆုံမှုကို မေလ ၁၄ ရက် နေ့နှင့် ၁၅ ရက်နေ့တို့တွင် ပေကျင်း၌ ကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ထရမ့်ပ်နှင့် သမ္မတကတော် မယ်လန်နာနီယာထရမ့်ပ်တို့သည်လည်း ရှီနှင့် မဒမ် ဖန်လီယွမ်တို့၏ အပြန်အလည်ခရီးစဉ်လာရောက်မှုကို ဝါရှင်တန်၌ လက်ခံတွေ့ဆုံသွားမည်ဖြစ်ကာ ခရီးစဉ်ရက်စွဲကို ယခုနှစ်အနှောင်းပိုင်းတွင် ကြေညာမည်ဖြစ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူး ကာရိုလင်း လီဗစ်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထိုကြေညာချက်အရ မတ်လနှောင်းပိုင်းနှင့် ဧပြီလအစောပိုင်းတွင် ကျင်းပရန် မျှော်လင့်ထားခဲ့သည့် တရုတ်ထိပ်သီးအစည်းအဝေးကို...

လောင်စာဈေးကြောင့် ထိုင်းငါးဖမ်းလုပ်ငန်းကိုများစွာထိခိုက်

အီရန်နှင့် အမေရိက-အစ္စရေးစစ်ပွဲကြောင့် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာမှုသဖြင့် ထိုင်းနိုင်ငံ၏ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ငါးဖမ်းလုပ်ငန်းသည် ရပ်တန့်ရလုနီးပါးဖြစ်လာနေပြီး အစိုးရကသာ ကြားဝင်ဖြေရှင်းပေးခြင်းမရှိပါက ၎င်းတို့ငါးဖမ်းလှေများသည် ရက်အနည်းငယ်အတွင်း ရပ်နားထားရနိုင်ကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက သတိပေးခဲ့သည်။ ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းတလျှောက်ရှိ အလယ်ပိုင်းပြည်နယ်တစ်ခုတွင်ရှိသော နိုင်ငံ၏ အကြီးဆုံးငါးဖမ်းဆိပ်ကမ်းတွင် ငါးဖမ်းလှေများ၏ ထက်ဝက်ကျော်သည် ဆိုက်ကပ်ထားခဲ့ရပြီးဖြစ်ကာ ဆက်လက်လည်ပတ်နေသော လှေများသည်လည်း ရက်အနည်းငယ်အတွင်း ရပ်တန့်ရဖွယ်ရှိကြောင်း ဆမွတ်ဆာခွန် ငါးရောင်းဝယ်ရေးအသင်းဥက္ကဌ ဂျမ်ပူးလ် ကာနာဝါရီးက ပြောကြားခဲ့သည်။ “ငါးဖမ်းလှေတွေဟာ လှေလုပ်သားတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ကုန်ကျစရိတ်ကို မခံနိုင်တော့တာကြောင့် ဧပြီလ ၁ ရက်နေ့နောက်ပိုင်းမှာ ရောင်းစရာငါးမရှိနိုင်တော့ကို...

ပြည်ပထွက်ခွါခွင့်အတွက် မမှန်မကန် လိမ်လည်တင်ပြမှုများကို အရေးယူမည်

ပြည်ပထွက်ခွာခွင့်နှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်တင်ပြသူများ၊ ယင်းလိမ်လည်မှုများတွင် နောက်ကွယ်မှ ပါဝင်ကူညီသူများအား အရေးယူဆောင်ရွက်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့( မတ်လ ၂၅ ရက်) တွင် ထုတ်ပြန်ထားသည်။ အရေးယူမည့် ပုံစံသည် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုသူများကို စုံစမ်းဖော်ထုတ်ပြီး ကာလသတ်မှတ်ချက်ဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း (Blacklist)ထည့်သွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။ ထုတ်ပြန်ချက်တွင် ပြည်ပမှ အမှန်တကယ် ခွင့်ပြန်လာသူများနှင့် ခွင့်ပြန်အလုပ်သမားအဖြစ် လိမ်လည်တင်ပြသူများကို မှန်မှန်ကန်ကန် ခွဲခြားစိစစ်နိုင်ခြင်းဖြင့် နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို မြှင့်တင်ပေးနိုင်သလို မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဘဝကိုလည်း အပြည့်အဝ အကာအကွယ်ပေးနိုင်မည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071