ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ” မငြိမ်းချမ်းမှုရှင်း၊ နွမ်းပါးမှုကင်း ကိုယ်ကျင့်ထားတတ်စေ” စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့်ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအဖွဲ့ (MPPAA) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လုံခြုံရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အပေါ် MPPAA မှ ဦးသိန်းထွန်းဦးနှင့် NRDC မှ မောင်ချမ်းမြေ့အောင် (စတုတ္ထနှစ်-ရူပဗေဒ)၊ မရွှန်းသဉ္ဇာအောင်(တတိယနှစ်- ဓာတု ဗေဒ)၊ မသဇင်မိုး(တတိယနှစ်-သင်္ချာ) တို့ စကားဝိုင်းဖွဲ့ဆွေးနွေးခဲ့သည်။
ထို့ပြင် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးနှင့်ပတ်သက်၍ ပညာ၊ ဥစ္စာ၊ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ရှာဖွေရခက်ခဲခြင်းတို့ အပေါ် MPPAA မှ ဥပဒေအကြံပေးနှင့် အတိုင်ပင်ခံ ဦးသန်းဇော်အောင်နှင့် NRDC မှ မောင်ရဲဝင့်အောင်(ဒုတိယနှစ်-မြို့ပြ)၊ မောင်ဟိန်းထက်နိုင်(ဒုတိယနှစ်-စက်မှု)၊ မောင်ခူးရယ်(ဒုတိယနှစ်-လျှပ်စစ်)တို့ စကားဝိုင်းဖွဲ့ဆွေးနွေးကြောင်း သိရသည်။
ကိုယ်ကျင့်တရားကောင်းမွန်ရေးနှင့်ပတ်သက်၍ သိနားလည်မှု ရှိခြင်း၊ မရှိခြင်းအပေါ် MODAA မှ ဦးမြင့်သိန်း(မောင်မောင်မြင့်သိန်း-စက်မှုတက္ကသိုလ်)နှင့် NRDC မှ မောင်ကြယ်လ(တတိယနှစ်-မြန်မာစာ)၊ မောင်မျိုး မြင့်ဇော်(တတိယနှစ်-သမိုင်း)၊ မောင်အောင်နိုင်ဦး(တတိယနှစ်-ပထဝီ) ကျောင်းသားကျောင်းသူများ စကားဝိုင်းဖွဲ့ ဆွေးနွေးပြီး ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြေကြားခြင်းများကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
