ဖေဖော်ဝါရီ ၂၆
မင်းသမီး မီရှဲလ် ထရက်ထန်ဘက်ဂ် ေ-သဆုံးမှုနှင့် ပတ်သတ်သည့်အသေးစိတ်အချက်အလက်အသစ်များ အရ ဗုဒ္ဓဟူးနေ့နံနက်တွင် သူ၏မိခင်သည် လအနည်းငယ်အကြာက အသည်းအစားထိုးကုသမှုခံယူထားသော သမီးဖြစ်သူ၏အလေ-ာင်းကို ဝမ်းနည်းဖွယ်တွေ့ရှိခဲ့ကြောင်း တီအမ်ဇက် မှ သိရှိခဲ့ရသည်။
လာနာ သည် မီရှဲလ် ၏ မက်န်ဟန်တန် တိုက်ခန်းသို့ ဝင်ရောက်ခဲ့ရာ တုံ့ပြန်မှုမရှိဘဲ အိပ်ယာပေါ်တွင် ပက်လက်လှဲလျောင်းနေသည်ကို တွေ့ရပြီးနောက် လာနာ သည် ရဲနှင့် ဆေးဘက်ဆိုင်ရာ အရေးပေါ်ဝန်ထမ်းများကို ဖုန်းဆက်ကာခေါ်ဆိုခဲ့ပြီး အိပ်ယာပေါ်တွင် မီရှယ်လ် ေ-သဆုံးသွားကြောင်း ၎င်းတို့ကကြေငြာခဲ့သည်။
လာနာ သည် အင်္ဂါနေ့ ည ၁၀ နာရီတွင် မီရှယ်လ် ကို အသက်ရှင်လျက် နောက်ဆုံးတွေ့မြင်ခဲ့ရပြီး သူ၏ကျန်းမာရေးအခြေအနေကို စိုးရိမ်နေသော်လည်း သူသည် သိသိသာသာတက်ကြွလျက်ရှိသည်။ “Gossip Girl” မင်းသမီးသည် နူးယောခ့် ရှိ ဆာတီအာနို စားသောက်ဆိုင် တွင် ပြီးခဲ့သည့်ကြာသပတေးနေ့ညက သူငယ်ချင်းများနှင့်ပင် အပြင်ထွက်ခဲ့သေးသည်။
မီရှဲလ် သည် မကြာသေးမီက ၎င်း၏အသည်းနှင့် သိုင်းရွိုက်ပြဿနာများကြောင့် အသည်းအစားထိုးကုသမှုခံယူခဲ့ပြီး ဖြစ်သည်။ သတင်းများအရ မီရှဲလ် ခန္ဓာကိုယ်က အစားထိုးမှုကုသထည့်သွင်းခဲ့သော အသည်းကိုမခံနိုင်၍ ေ-သဆုံးရခြင်းဖြစ်နိုင်ကြောင်း တီအမ်ဇက်က ဖော်ပြခဲ့သည်။
မီရှဲလ် သည် သူ၏ကျန်းမာရေးပြဿနာများကြားမှ မကြာသေးမီလများအတွင်း အွန်လိုင်းတွင် သူ၏ပိန်ပိန်ပါးပါးနှင့် ပျော့ညံ့သောအသွင်အပြင်ကို ဖုံးကွယ်ခဲ့ပြီး “ပျော်ရွှင်ပြီး ကျန်းမာနေပါသည်” ဟူသော ပုံစံကိုသာဖော်ပြထားသည်။
မီရှဲလ် ၏ မိသားစုသည် ဤဝမ်းနည်းဖွယ်ရာအချိန်တွင် ကိုယ်ရေးကိုယ်တာကို လေးလေးစားစား ထိန်းသိမ်းရန် တောင်းဆိုထားပြီး၊ သူ၏ အံ့အားသင့်ဖွယ် ေ-သဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထုတ်ဖော်မပြောကြားသေးပါ။
Ref: တီအမ်ဇက်