မကွေးတိုင်း၊ မင်းဘူးမြို့၌ တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုတို့မှဖြစ်ပေါ်လာသည့် Fire Hospots နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုတို့လျှော့ချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဖြစ်စဥ်များ ဖြစ်ပေါ်စေသည့်အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်နိုင်ရန် မင်းဘူးခရိုင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တာဝန်ရှိသူများမှ မင်းဘူးမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ၏ အနောက်တောင်ဘက်၊ ထိန်တောကျေးရွာ၏ အနောက်မြောက်ဘက်ရှိ point 20.0544 , 94.9146 တွင် ဇန်နဝါရီ ၂ ရက်ကလောင်ကျွမ်းခဲ့သော တောမီးလောင်ကျွမ်းမှုအခြေအနေများအား စစ်ဆေးခဲ့ကြသည်။
