မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီလျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန် ခရိုင်နှင့် မြို့နယ်များရှိ မီးသ-တ်ဦးစီးဌာနရုံးများ၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့်စုဖွဲ့ထားရှိကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်များကျရောက်လျှင် လျင်မြန်စွာတုံ့ ပြန်ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာနိုင်ငံ မီးသ-တ်ဦးစီးဌာနလက်အောက်တွင်ရှိသည့် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ မြို့နယ်များနှင့် သက်ဆိုင်ရာနယ်မြေခံ မီးသ-တ်စခန်းများတွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားတွေနဲ့ တစ်မြို့နယ်ကို (၃၅) ဦးနှုန်းနှင့် တပ်စု(၅)စုတွင် တပ်ဖွဲ့ဝင် စုစုပေါင်း (၁၇၅)ဦးဖြင့် အရန်သင့် ဖွဲ့စည်းထားကြောင်း သိရသည်။
မင်းဘူးခရိုင်၌ လက်ရှိရက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြ-တ် ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ ထပ်မံစီးဆင်းဝင်ရောက်နိုင်ပြီး ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့၏ စိုးရိမ်ရေအမှတ် (၁,၇၀၀) စင်တီမီတာသို့ အနည်းငယ်တိုးမြင့်လျက်ရှိသည်။
ထို့ကြောင့် မြစ်ချောင်း၊ ကမ်းပါးများနှင့် မြေနိမ့်ပိုင်းဒေသ တလျှောက်တွင် နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန်လိုအပ်ကြောင်း မင်းဘူးခရိုင်မီးသ-တ်ဦးစီးဌာနမှ အသိပေးထားသည်။
မင်းဘူးခရိုင် အတွင်းရှိမြို့နယ်များ၌ နယ်မြေအလိုက် အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်ရေးအဖွဲ့များကို အရန်သင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကာ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် တွေ့ကြုံလာပါက သက်ဆိုင်ရာနယ် မြေခံ မီးသ-တ်စခန်းများနှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
