Sunday, July 27, 2025

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက်...

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း...

အမှတ်(၄)ခရိုင်ပတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်

အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း - ခံတက္ကုန်း - နှမ်းခင်း - ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့...
HomeCelebrities' Newsမင်းသမီးဘဝ သက်တမ်းတစ်လျှောက်မှာ မလုပ်ဖူးတာတွေ...

မင်းသမီးဘဝ သက်တမ်းတစ်လျှောက်မှာ မလုပ်ဖူးတာတွေ လုပ်နေရတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

သရုပ်ဆောင် အိန္ဒြာကျော်ဇင် ရဲ့ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက် ရိုက်ကူးထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကားကို နှစ်ဆန်း တစ်ရက်နေ့မှာ ရုံတင်ပြသသွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပရိုဂျူဆာ အနေနဲ့ ပထမဦးဆုံး ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ရင်ခုန်နေ တယ်လို့ ဆိုတဲ့ အိန္ဒြာကျော်ဇင်က …

”အဲဒီဇာတ်ကား ရုံတင်ပြသခါနီးကို တအားရင် ခုန်တယ်။ ကိုယ်စစချင်း ထုတ်လုပ်ထားတဲ့ ဇာတ်ကား ပေါ့။ ပိုပြီးတော့ ရင်ခုန်တာက ကိုယ့်အတွက် ပရို ဂျူဆာအလုပ်က ပထမဆုံးအချိန်မှာ မလုပ်ဖူး တာတွေ လုပ်ရတယ်။ အစ်မတို့ မင်းသမီး လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ကိုယ် ဇာတ်လမ်းဖတ်တယ်။ ကိုယ်လုပ်ရ မယ့် အနုပညာ အက်တင်တွေကို စဉ်းစားတယ်။ ဇာတ်ကားရိုက်တယ်။ ရိုက်ကူးပြီးသွားရင် ပြီးသွားပြီ။ နောက် တစ်ကားကို ဆက်ရိုက်တယ်။ ကိုယ်ရိုက်ပြီးသွားတဲ့ ဇာတ်ကား ကို ပြန်လှည့်ကြည့် စရာမလိုဘူး။ ပရိုဂျူဆာကျတော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ့် ရဲ့သားသမီးလိုပဲ ရုံမတင် မချင်းက သူ့ကို ပြုစုယုယ ပြီး မွေးမြူနေရတယ်။ edit လုပ်တယ်ဆိုလည်း မကောင်းရင်ပြန်လုပ်ပေါ့။ ကိုယ်ကလည်း တအားကောင်း စေချင်တဲ့ ဆန္ဒနဲ့ လုပ်ထားတယ်ဆို တော့ ပိုပြီးတော့ ရင်ခုန်တယ်။ ကြိုက် ပါ့မလား။ အားပေးကြပါ့မလားဆိုတဲ့ ရင်ခုန်မှုလေးတော့ ရှိပါတယ်” လို့ ပရိသတ် တွေ ရုပ်ရှင်ဇာတ်ကား ကောင်းကြည့်ရှုစေချင်တဲ့ ဆန္ဒတွေနဲ့ ရိုက်ကူးပုံဖော်ထားကြောင်း ပြောပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကား ကတော့ တခြားဇာတ်ကား တွေနဲ့ မတူဘဲ ခွဲထွက်ထားတဲ့ ဇာတ်လမ်းမျိုး ဖြစ်တာကြောင့် ပရိသတ်တွေ ဝေဖန်ပေးစေလိုကြောင်းကိုလည်း အိန္ဒြာကျော် ဇင်က …

”အစ်မတို့တွေအကုန်လုံး ဝိုင်းပြီး ကြိုးစားထားပါတယ်။ တစ်မူထူးခြားတဲ့ ပုံစံနဲ့ သွားထားပါတယ်။ လမ်းကြောင်းလေးကို နည်းနည်းလေး ခွဲထွက်သွားတဲ့ အပေါ်မှာ ပရိသတ်ကြီးကြည့်ပြီးတော့ အားပေးပါ။ ဝေဖန်ပေးပါ။ ကောင်းတာပဲ ပြောပြော၊ ဆိုးတာပဲပြောပြောအားလုံးကို လက်ခံပါတယ်။ ဒီဇာတ်ကား က သီးသန့် entertainment ပဲ ။ ယုတ္တိမရှိဘူးလို့ ပြောမယ်ဆိုလည်း ပြောလို့ရတယ်။ နိုင်ငံတကာမှာ ဆိုလည်း ဒီလိုပဲ။ ရုပ်ရှင်ဆိုတာ enterainment ပဲလေ။ အဲဒီလိုမျိုး ပုံစံနဲ့ ဖက်ရှင်၊ အက်ရှင်ကိုမှ ပရိသတ်ကြိုက်နိုင်မယ့် ပုံစံမျိုးကို ထွင်ထားတယ်။ အဲဒါကို ကြည့်ပြီး ဝေဖန်ပေးစေချင်ပါတယ်” လို့ပြောပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲမှာ အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ကိုတော့ အိန္ဒြာကျော်ဇင်ကို အနုပညာလောကသားတွေ တော် တော်များများရော၊ ပရိသတ်တွေကပါ ထင်ကြေးပေးနေ ကြပါတယ်။ ဒီလိုထင်ကြေးပေးခံနေရတဲ့အပေါ်မှာတော့ အိန္ဒြာကျော်ဇင်က…

”ကိုယ့်ကိုယ်ချစ်တဲ့ သူတွေ၊ ကိုယ့်ရဲ့ပရိသတ်တွေ၊ ကိုယ့်ရဲ့အ သိုင်းအဝိုင်းထဲက ကိုယ့်ကိုချစ်တဲ့ အနုပညာ မောင်နှမတွေကအစ ထင်ကြေးတွေပေးတယ် ပြောကြတာ နဲ့တင် ဝမ်းသာနေပါပြီ။ ဒါနဲ့တင် လုံလောက်နေပါပြီ” လို့ ပြောပြီး အနုပညာလှုပ်ရှားမှုတွေကို ပရိသတ် စိတ်ကျေနပ်မှုရ သွားအောင် အမြဲတမ်း ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071