စဥ့်ကူးမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ ဇူလိုင် ၁၂ ရက်နံနက်အစောပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မန္တလေးမြေငလျင်စခန်းမှ တိုင်းထွာရရှိချက်အရ စဥ့်ကူးမြို့၏ မြောက်ဘက်(၁၁)မိုင်ခန့်အကွာ၊ အနက်(၁၁) ကီလိုမီတာကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့(၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် နံနက် ၅ နာ ရီ ၉ မိနစ် ၂၃ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
