Sunday, May 3, 2026

မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်

ယနေ့ (မေလ (၂)ရက်) ၊ ညနေပိုင်း၌ မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များ ကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်နေကြောင်း သိရသည်။ အဆိုပါဓာတ်တိုင်များမှာ မအူပင်မြို့သို့ ကျိုက်လတ်ခွဲရုံမှ...

ရန်ကုန်မြို့တွင်းကို နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး

ကားလမ်းများလမ်းနယ်နိမိတ်စနစ်တကျဖြစ်စေရေးဆောင်ရွက်ရန်မှာကြား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၂ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ထားမှုကိုကြည့်ရှုစစ်ဆေးပြီး...

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan...

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုကို ယနေ့ မေ...

လေယာဉ်တင်သင်္ဘောတစ်စင်း အင်ဒိုနီးရှားသို့ အီတလီက အခမဲ့ပေးမည်

အီတလီနိုင်ငံသည် လေယာဉ်တင်သင်္ဘော ဂယ်ရီဘောလ်ဒီ (Garibaldi) ကို အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးမည့် အစီအစဉ်များကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်သည်။ အီတလီအောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီများက...
HomeNewsLocal Newsမက်ခရိုစီးပွားရေးအခြေအနေပေါ် မူတည်ပြီး ဗဟိုဘဏ်က...

မက်ခရိုစီးပွားရေးအခြေအနေပေါ် မူတည်ပြီး ဗဟိုဘဏ်က အတိုးနှုန်းပြင်ဆင်သွားဖို့ရှိဟုဆို

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု မက်ခရိုစီးပွားရေးအခြေအနေပေါ် မူတည်ပြီး ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းပြင်ဆင်ခြင်းကို လိုအပ်သလို ဆောင်ရွက်သွားဖို့ရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ပြောကြားထားသည်။

ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခဲ့ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအချို့များဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းကိုလျှော့ချနိုင်ဖို့အတွက် အတိုးနှုန်းမြှင့်တင်မှုတွေကို ၂၀၂၂ ခုနှစ်မေလကနေစတင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ငွေကြေး ဖောင်းပွမှုနှုန်းတွေ အထိုက်အလျောက်မြင့်တက်လျက်ရှိပါတယ်။

ဒီလိုမြင့်တက်ရခြင်းဟာ လုပ်ခလစာမြင့်တက်ခြင်း၊ ငွေကြေးပမာဏမြင့်တက်ခြင်း၊ ဝယ်လိုအားမြင့်တက်ခြင်းတွေကြောင့်မဟုတ်ဘဲသွင်းကုန်တန်ဖိုးတွက်ချက်ရာမှာ ငွေလဲလှယ်နှုန်းတွေမြင့်တက်နေတဲ့အတွက် သွင်းကုန်တန်ဖိုးမြင့်တက်ခြင်း၊ ကုန်သွယ်မှုလိုငွေ မြင့်မားလာခြင်း၊ နိုင်ငံခြားလိုငွေများပြားလာရာမှတစ်ဆင့် ကုန်စည်ဈေးနှုန်းမြင့်တက်ခဲ့ခြင်း၊ စားသုံးသူဈေးဆနှုန်းကိန်းမြင့်တက်လာခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

အတိုးနှုန်းမြှင့်တင်တဲ့နည်းလမ်းကို ဆောင်ရွက်မယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ဘဏ်လုပ်ငန်းငွေကြေး‌ အခြေအနေမှာ ၂၀၂၂ ခုနှစ်အောက်တိုဘာနောက်ပိုင်းတွင် ကောင်းမွန်လာသဖြင့် ငွေကြေး ဖောင်းပွမှုနှုန်းကို သွယ်ဝိုက်သောနည်းဖြင့် ထိန်းချုပ်နိုင်ရန်အတွက် ဘဏ်များ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးကို သုံးရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ ၂၀၂၃ ခုနှစ်မေလတွင် တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးထားပြီး တစ်ဖက်တွင်လည်း ဘဏ်များမှ လုပ်သာကိုင်သာရှိစေရန်အတွက် ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်

ယနေ့ (မေလ (၂)ရက်) ၊ ညနေပိုင်း၌ မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များ ကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်နေကြောင်း သိရသည်။ အဆိုပါဓာတ်တိုင်များမှာ မအူပင်မြို့သို့ ကျိုက်လတ်ခွဲရုံမှ လျှပ်စစ်ဓါတ်အားပို့လွှတ်ပေးနေသော ၃၃ကေဗွီဓါတ်အားလိုင်းတိုင်များဖြစ်ကြောင်း သိရသည်။ ကျိုက်လတ်-မအူပင် ၃၃ကေဗွီ ဓါတ်အားလိုင်းသည် ယနေ့ ညနေပိုင်းတွင် တိုက်ခတ်သည့်လေကြောင့် သစ်ပင်ပိ၍ အိုင်၀ိုင်း /တိုးမာလာလမ်းထိပ်တွင် ၃၃ကေဗွီ တိုင်၄လုံးကျိုးသွားပါသဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း မအူပင်မြို့နယ်လျှပ်စစ်တာဝန်ရှိသူတစ်ဦးက ဖော်ပြထားသည်။ ``မီးတိုင်တွေကျိုးပြီးလမ်းပေါ်ကိုဓါတ်ကြိုးတွေကျနေတယ်၊ လမ်းလည်းပိတ်နေတယ် ၊ တိုးမာလာလမ်းထိမ်မှာပါ "ဟု မအူပင်မြို့မှ ဒေသခံတစ်ဦးက ပြောကြောင်းသိရသည်။ မအူပင်မြို့တွင် မေလ (၂)ရက်နေ့၊ ညနေပိုင်း၌...

ရန်ကုန်မြို့တွင်းကို နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး

ကားလမ်းများလမ်းနယ်နိမိတ်စနစ်တကျဖြစ်စေရေးဆောင်ရွက်ရန်မှာကြား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၂ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ထားမှုကိုကြည့်ရှုစစ်ဆေးပြီး ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ရေနုတ်မြောင်းနှင့် ပလက်ဖောင်းကြား၌ အရိပ်ရပင်များစိုက်ပျိုးရန်၊ ရေစီးရေလာကောင်းမွန်စေရေး စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ ညောင်တုန်းလမ်း၊ တပင်ရွှေ ထီးလမ်း၊ ကနောင်မင်းသားကြီးလမ်း၊ ခရေပင်လမ်းတစ်လျှောက် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းအင်္ဂါရပ်နှင့်အညီဖြစ်စေရေးဆောင်ရွက်ထားမှု၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းတစ်လျှောက် ရေနုတ်မြောင်းများအဆင့်မြှင်တင်လျက်ရှိမှု၊ လမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားတိုင်များအားရွှေ့ပြောင်းထားမှုနှင့် လမ်းများအဆင့်မြှင့်တင်တိုးချဲ့ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားလမ်း၊...

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုကို ယနေ့ မေ ၂ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးရာ၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လှိုင်သာယာမြို့နယ်သန့်ရှင်းသာယာလှပဖို့၊ ရေစီးရေလာများကောင်းမွန်ဖနု့နဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်ခဲ့ရာမှာ အခုဆိုရင်အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်လာပြီဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်ရဲ့မြို့ပြစနစ် စနစ်တကျဖြစ်စေဖို့အတွက် Town Plan ကိုစနစ်တကျတွက်ချက်ရေးဆွဲဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ မြို့ပြများအသစ်တည်ဆောက်ရာ၌ Town Plan ရေးဆွဲရာတွင် လယ်ယာမြေများဆုံးရှုံးမှုမရှိစေရေးဆောင်ရွက်ရန်၊ ရန်ကုန်မြို့အတွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာအင်ဂျင်နီယာဌာနများမှ တာဝန်ရှိသူများ ကွင်းဆင်းသုတေသနပြုဆောင်ရွက်ရန်၊ ရန်ကုန်မြို့တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာမှုရှိစေရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071