ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ Goethe-Institut မြန်မာ၊ UNDP၊ Disaster Risk Reduction Working Group (DDR WG) တို့အတူပူးပေါင်း၍ ဘေးအန္တရာယ်များကိုလျှော့ချခြင်းနှင့် ကြုံတွေ့လာပါက မည်ကဲ့သို့ ရင်ဆိုင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးသွားမည့် အစီအစဥ်တစ်ခုကို Goethe-Institut Myanmar ပြပွဲခန်းမတွင် စက်တင်ဘာ(၂၁)ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲကို အခမဲ့ပြုလုပ်ခြင်းဖြစ်ပြီး မည်သူမဆိုလာရောက်တက်ရောက်နိုင်မည်ဖြစ်ပြီး မြန်မာဘာသာဖြင့်ကျင်းပမည်ဖြစ်သလို အင်္ဂလိပ်ဘာသာပြန်လည်းထားရှိထားမည်ဖြစ်ကြောင်း သိရသည်။
အရေးပေါ်အခြေအနေတွင် ဘေးအန္တရာယ်များနှင့် ကြုံတွေ့သည့်အခါ ကြိုတင်ပြင်ဆင်ခြင်းနှင့် လက်တွေ့ရင်ဆိုင်ခြင်းဆိုင်ရာ အသိပညာများကို ပြန့်ပွားစေလိုသည့် ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် အနုပညာ၊ လူငယ်၊ နိုင်ငံတကာ အဖွဲအစည်းစသည့် နယ်ပယ်အသီးသီးမှ တက်ကျွမ်းသူများက ဦးဆောင်၍ဆွေးနွေးပြောကြားသွားမည့် စကားဝိုင်းပါဝင်မည်ဖြစ်ပြီး ဘေးအန္တရာယ်လျှော့ချရေးနှင့် ပတ်သက်၍ မည်ကဲ့သို အကျိုးရှိစွာပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်နိုင်ကြောင်းကို မျှဝေပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
