မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်ဂိုးသမား (ဟောင်း)၊ ဘောလုံးနှင့် ဖူဆယ်ဂိုးနည်းပြ ဒေါ်ဇင်မင်းထွန်းသည် ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက ကွယ်လွန်သွားခဲ့သည်။
ဒေါ်ဇင်မင်းထွန်းသည် မြန်မာအမျိုးသမီးဖူဆယ်လောကတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်၍ ကွယ်လွန်ခဲ့ရခြင်းအတွက် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရသည်ဟု မြန်မာနေရှင်လိဂ်က ထုတ်ပြန်ခဲ့သည်။
