စစ်ကိုင်းတိုင်းရှိ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုရားစေတီပုထိုးတော်များအား ပြန်လည်ပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးထံသို့ အလှူငွေကျပ်သိန်း(၂၀၀)နှင့် ဘိလပ်မြေတန်ချိန်(၁၅၀၀)ကို နစက ဥက္ကဋ္ဌမှ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုတို့ကို နစက ဥက္ကဋ္ဌမှ စစ်ကိုင်းမြို့သို့ရောက်ရှိစဉ် ကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီးလှူဒါန်းမှုအစုစုအတွက် ငလျင်ဒဏ်ကြောင့် ပျံလွန်တော်မူခဲ့ရသည့် ရဟန်း၊သံဃာများ၊သီလရှင်များနှင့် ပြည်သူအပေါင်းတို့အား အမျှပေးဝေခဲ့ကြသည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆွမ်းဦးပုညရှင် စေတီတော်တွင် အဆောက်အဦပျက်စီးနေမှုများအား ရှင်းလင်းဖယ်ရှားနေမှု၊ ရိုင်တန်းရပ်ကွက်ရှိ မဟာစေတီတော်အား လုံးတော်ပြည့်ငုံ၍ပြုပြင်မွမ်းမံတည်ဆောက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ရှင်းလင်းဖယ်ရှားနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် လိုအပ်သည့်မှာကြားမှုများပြုလုပ်ကာ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။