ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်ကွက်သစ်၌ ဇွဲကပင်မိုးလုံလေလုံအားကစားရုံအား တည်ဆောက်လျက်ရှိရာ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အားကစားရုံတည်ဆောက်နေမှု အခြေအနေများဖြစ်သည့် အားကစားရုံအား ဘဏ္ဍာရေးနှစ်အလိုက်တည်ဆောက်ပြီးစီးမှု၊ အခန်းများထည့်သွင်းဖွဲ့စည်းတည်ဆောက်ထားမှု၊ ကျင်းပပြုလုပ်နိုင်သည့် အားကစားနည်းများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ယာယီသမ္မတအား တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယာယီသမ္မတမှ အားကစားရုံတည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်စံချိန် စံညွှန်းများကိုက်ညီမှုရှိစေရေး စနစ်တကျဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတမှ ဇွဲကပင်မိုးလုံလေလုံအားကစားရုံတည်ဆောက်နေမှု လုပ်ငန်းခွင်အတွင်းကြည့်ရှုစစ်ဆေးပြီး လမ်းညွှန်မှာကြားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
