Thursday, June 25, 2026

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

ဂျပန်တွင် ရစ်ခ်တာစကေး ၇ ဒသမ...

တိုကျို၊ ဇွန်လ ၂၅ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူလေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း...

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...
HomeNewsLocal Newsဘားအံမြို့နယ်၊ သံလွင်မြစ်ကမ်းဘေး ကော့လှိုက်ကျေးရွာ၌...

ဘားအံမြို့နယ်၊ သံလွင်မြစ်ကမ်းဘေး ကော့လှိုက်ကျေးရွာ၌ သံလွင်မြစ်ကမ်းပြိုကျမှု အရေးပေါ် မြစ်ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်နေ

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ရေချောင်းရေများ မြင့်တက်လာကာ ဘားအံမြို့နယ်၊ သံလွင်မြစ်ကမ်းဘေး ကော့လှိုက်ကျေးရွာအုပ်စုအတွင်း မြစ်ကမ်းပြိုကျမှုများဖြစ်ပွားခဲ့ရာ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးရေးဦးစီးဌာနမှ အရေးပေါ် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးနေရကြောင်း သိရသည်။

ကော့လှိုက်ကျေးရွာအုပ်စုအတွင်း မြစ်ကမ်းပြိုကျမှုများဖြစ်ပွားခဲ့ရာ ဇူလိုင်(၂၈)ရက်မှ ဩဂုတ်(၂၇)ရက်အထိ လူနေ အိမ် (၁၆) လုံးကို ဖယ်ရှားပြောင်းရွှေ့ပေးခဲ့ရပြီး သံလွင်မြစ် ကမ်းပြိုကျမှုကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြစ်ကမ်းထိန်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကျမှုကို အရေးပေါ်ထိန်းသိမ်း ကာကွယ်နိုင်ရန် သံလွင်မြစ်ရေစီးနှုန်း အရှိန်လျှော့ချခြင်း၊ ရေစီးအရှိန်ကြောင့် ကမ်းပါးများ ရေတိုက်စားမှုလျော့ချခြင်း၊ ကမ်းပါးမက်စောက်မှုကို လျော့ချ၍ သဲနှုန်းများအနည်ထိုင်စေရန်(Steel Cable Groyle) အရှည် (၁၅၀)ပေ(၈)ခု၊ သဲအိတ်ဆွဲရေမျှော ဝါးဖောင် (၁၀၀)ပေ(၅)ခုတို့ကို ကရင်ပြည်နယ် အစိုးရအဖွဲ့အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်ဖြည့်စွက် ရန်ပုံငွေနှင့် ၂၀၂၅ – ၂ ၀၂၆ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတို့တွင် ဘတ်ဂျက်လျာထား၍ မူလကမ်းပါးပြိုကျမှုများ ကာကွယ်နိုင်ရေးနှင့် ကမ်းပါးအသစ် ထပ်မံပြိုကျမှုကို ကာကွယ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အရေးပေါ် မြစ်ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်၊ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဩဂုတ်(၂၉)ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကျမှုကြောင့် ဖယ်ရှားပြောင်းရွှေ့ခဲ့ရသော လူနေအိမ် (၁၆) လုံးအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ နေအိမ်အမျိုးအစားအလိုက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ(၂၅၀၀၀၀ဝိ/)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ငွေ (၁၇၂၂၈၄၈) ကျ ပ်၊ ဆန်ရိက္ခာတစ်ပတ်စာ ထောက်ပံ့ငွေ(၁၇၄၃၀ဝိ/-)ကျပ်၊ စုစုပေါင်း (၄၃၉၇၁၄၈)ကျပ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျေးရွာအရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်တွင် ကျင်းပ

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သိင်္ဂီယဥ်ထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

ဂျပန်တွင် ရစ်ခ်တာစကေး ၇ ဒသမ ၂ ရှိ ငလျင်လှုပ်၊ လူ ၄ ဦးထက်မနည်း ဒ-ဏ်ရာရ

တိုကျို၊ ဇွန်လ ၂၅ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူလေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။ ပဏာမပြင်းအား ၆.၉ မှ ပြန်လည်ပြင်ဆင်ထားသည့် အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၇:၃၀ နာရီခန့်တွင် အီဝါတဲ စီရင်စုအရှေ့ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၄၀ ခန့်အနက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ငလျင်စကေး ၇ တွင် ဒုတိယအမြင့်ဆုံးအဆင့်၊ အထက် ၆၊ ဟာရှီကာမိမြို့နှင့် အအိုမိုရီ စီရင်စုရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071