ONE Friday Fights 97 ပွဲစဥ်အတွင်း အမျိုးသမီးတွဲဆိုင်း တစ်ဆိုင်းအဖြစ်ပါဝင် ထိုးသ-တ်မည့် ကယန်းမွေထိုင်း လက်ဝှေ့မယ် ဘရော်နီကာနှင့် ချီလီဖိုက်တာ ဖရန်စစ်တာ ဗီယာတို့ ယနေ့ ဆေးစစ်ဝိတ်ချိန်မှု အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးအနေဖြင့် မနက်ဖြန် ဖေဖော်ဝါရီ(၁၄)ရက် ည (၇)ခွဲအချိန်တွင် စတင်ကျင်းပမည့် ONE-79 ပွဲစဉ်အတွင်း တွဲဆိုင်း(၆)ဆိုင်းမြောက်၌ ယှဉ်ပြိုင်ထိုးသ-တ်ကြရမည်ဖြစ်သည်။
ယနေ့ ဆေးစစ်ဝိတ်ချိန်မှုတွင် ဘရော်နီကာအနေဖြင့် ဝိတ်ချိန်မှုအောင်မြင်ပြီးစီးသော်လည်း ပထမဆုံးအကြိမ် Hydration Test (ရေဓာတ်ပမာဏ စစ်ဆေး)အခက်အခဲဖြစ်ပေါ်မည်ကို စိုးရိမ်မှုရှိခဲ့သော်လည်း အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၃၁)ရက် ည(၇)နာရီခွဲအချိန်၌ ကျင်းပပြုလုပ်ခဲ့သည့် ONE -95 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သံမဏိစိုလင်းဦးနှင့် သန့်ဇင်တို့မှာ Hydration Test စစ်ဆေးရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ရသေးသည်။
ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ပြီးခဲ့သည့် ဇန်နဝါရီ (၂၈)ရက်၌ ONE Championship ဖြင့် တရားဝင်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ကာ စာချုပ်ချုပ်ဆိုပြီး ရက်ပိုင်းအကြာတွင် ပွဲတည်ပေးလာခဲ့ခြင်းဖြစ်သည်။
ဘရော်နီကာသည် မြန်မာ့ရိုးရာလက်ဝှေ့လောက၏ ပထမဆုံးအမျိုးသမီး ရွှေခါးပတ်ချန်ပီယံတစ်ဦးလည်းဖြစ်ပြီး
ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO)က ပေး အပ်သည့် ၂ဝ၂၂ ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီး ကစားသမားဆုရ ထားသူလည်းဖြစ်သည်။
ထို့အတူ ပြိုင်ဘက် ချီလီနိုင်ငံသူ ဖိုက်တာ ဖရန်စစ်တာဗီယာမှာ ONEတွင် (၅)ပွဲထိုးသ-တ် ထားသည့် အတွေ့အကြုံရှိ က စား သမားတစ်ဦးဖြစ်သည်။
