ဘန်ဒါစာရီဘီဂါဝန်၊ ဇူလှိုင် ၁
ဘရူနိုင်းနိုင်ငံသည် 5G အင်တာနက်ချိတ်ဆက်မှု၊ အွန်လိုင်းငွေပေးချေမှု e-payment စနစ်နှင့် ဒစ်ဂျစ်တယ်နည်းပညာများတွင် သိသာထင်ရှားသော တိုးတက်မှုကို ရရှိခဲ့ကြောင်း ဘရူနိုင်းနိုင်ငံ ဝန်ကြီးတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
နည်းပညာတိုးတက်မှုများေကြာင့် ဘရူနိုင်းနိုင်ငံသည် နည်းပညာသစ်များ၌ရှေ့တန်းနေရာတွင်ဆက်လက်တည်ရှိနိုင်ခဲ့ပြီး အရည်အသွေးကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆွဲဆောင်ကာ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများရရှိစေကြောင်း ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဒုတိယဝန်ကြီး ဟာဂျီ မိုဟ်ဒ်အမင် လီယော် အဘဒူလာ က ဘရူနိုင်းစီးပွားရေးညီလာခံ ၂၀၂၅ တွင် ပြောကြားခဲ့သည်။
ဘရူနိုင်းသည် နှစ်စဉ် ပိုမိုရင်းနှီးမြုပ်နှံသူများအတွက် အဆင်ပြေသည့် ပတ်ဝန်းကျင်ကို ဖန်တီးရန် မူဝါဒများနှင့် စည်းမျဉ်းများကို ချောမွေ့စေရန် သိသာထင်ရှားသော ခြေလှမ်းများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ
