ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Aliaksandr Khajayeu တို့ဆွေးနွေးခဲ့ကြသည်။
နစက ဥက္ကဋ္ဌသည် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံအားသွားရောက်လေ့လာစဥ် ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။
Belmedpreparaty ဆေးဝါးစက်ရုံသို့ရောက်ရှိစဥ် နစက ဥက္ကဋ္ဌသည် စက်ရုံရှေ့၌ပြသထားသည့် ဆေး ကုသရေးအထောက်အကူပြု မော်တော်ယာဉ်များ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများဆောင်ရွက်ရာတွင်အ သုံးပြုသည့် စက်ကိရိယာများပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဆေးဝါးစက် ရုံ၌တွေ့ဆုံ၍ နှစ်နိုင်ငံကြား ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံး ပြုသွားနိုင်မည့်အခြေအနေများ၊ Belmedpreparaty ဆေးဝါးစက်ရုံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှကျန်းမာရေးဆိုင်ရာတာဝန် ရှိသူတို့ အသေးစိတ်ဆက်လက်ဆွေးနွေးဆောင် ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နစက ဥက္ကဋ္ဌသည် Belmedpreparaty ဆေးဝါးစက်ရုံအတွင်းလှည့်လည်၍ ဆေးဝါးထုတ် လုပ်နေမှုအဆင့်ဆင့်အား ကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါ Belmedpreparaty ဆေးဝါးစက်ရုံသည် Minsk မြို့တွင်တည်ရှိပြီး ဝန်ထမ်းပေါင်း(၂,၁၀၀) ကျော်ရှိသည့် ဘယ်လာရုစ်နိုင်ငံ၏ အကြီးဆုံးဆေး ဝါးထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သည်။