Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsဘဘ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

ဘဘ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

(Unicode)

ဘဘ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၏နာယကကြီးတစ်ဦးဖြစ်သူ ဘဘ ဗိုလ်ကလေးတင့်အောင် သည် ၁၆.၁၂.၂၀၂၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားပြီဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယနေ့ မနက်ပိုင်းတွင် သတင်းတစ်ရပ်ထုတ်ပြန်သည်။

ဘဘ ဗိုလ်ကလေးတင့်အောင် သည် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦး လည်း ဖြစ်သည်။ နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က ပေးအပ်သော စည်သူဘွဲ့ကို ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

ဘဘ ဗိုလ်ကလေးတင့်အောင်ကို အဖဦးဘသင်၊ အမိဒေါ်ဖွားသိမ်းတို့မှ ဇွန် ၃၊ ၁၉၂၂ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၌ မွေးဖွားကာ သားသမီးခြောက်ယောက်အနက် ဒုတိယသားဖြစ်ပြီး၊ ဂီတလုလင်မောင်ကိုကိုမှာ စတုတ္ထသား ဖြစ်သည်။ ဘိုကလေးမြို့၊ ကျုံမငေးမြို့နှင့် ကျိုက်လတ်မြို့ အမျိုးသားအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သူဖြစ်ကာ ၁၉၄၀ ပြည့်နှစ်တွင် သီချင်းစ၍ ရေးသည်။ ၁၉၄၇ ခုနှစ်တွင် စတင်၍ အသံလွှင့်ခဲ့၏။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့လာပြီး မောင်ကိုကို တူရိယာအဖွဲ့တွင် ဂီတာတီးသူအဖြစ် ပါဝင်ရ၏။ ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင်၏ တပည့်ဖြစ်ခဲ့ရာ ပြဇာတ် သီချင်းရေး၊ ဇာတ်ညွှန်းရေး၊ တွဲဘက်ဒါရိုက်တာအဖြစ် တဆင့်ပြီးတဆင့်တက်၍ ၁၉၅၀ ပြည့်နှစ်တွင် အပြုံးလက်ဆောင် ပြဇာတ်ဖြင့် ဒါရိုက်တာ ဖြစ်ခဲ့သည်။ ပြဇာတ်ကြီး (သုံးနာရီခန့် ပြရသည်) ပေါင်း ၄၀ ကျော်၊ ပြဇာတ်တို၊ တခန်းရပ် ပြဇာတ်၊ တေးသရုပ်ဖော် ပြဇာတ်ပေါင်း ၁၀၀ ခန့် စီစဉ် ညွှန်ကြားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြတ်မွန်ရတနာပြဇာတ်ကို စီစဉ်တင်ဆက်ခဲ့၍ မြတ်မွန်ရတနာ ပြဇာတ်စာအုပ်ကို စာပေဗိမာန်မှ ဖြန့်ချိထုတ်ဝေခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် ရေးထားသည်ကို ဝတ္ထုအသွင် ပြန်လည်ရေးသားထုတ်ဝေသော မမမိုး စာအုပ်ထွက်ရှိခဲ့သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေဝါသနာအလျောက် ဆောင်းပါးများ ရေးခဲ့ပြီး ပန်းဝင်္ကပါ အမည်ဖြင့် ဆောင်းပါးရှည်ကို ၁၉၈၀ မှ ၁၉၈၂ ခုနှစ်အထိ ဂီတပဒေသာမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ထို ပန်းဝင်္ကပါ စာအုပ်မှာ ၁၉၉၆ ခုနှစ်အတွက် အမျိုးသား စာပေဆု ရရှိခဲ့သည်။ လူမှုထူးချွန် (ပထမအဆင့်) တံဆိပ်၊ ဝိဇ္ဇာထူးချွန် (ပထမအဆင့်) တံဆိပ်တို့ အပ်နှင်းခြင်းခံရသည်။ ရုပ်ရှင်အစည်းအရုံး၏ နာယက၊ ဂီတအစည်းအရုံး၏ နာယက၊ ဘိုကလေးမြို့နယ်အသင်း၊ ကျိုက်လတ်မြို့နယ်အသင်းနှင့် ကျုံမငေးမြို့နယ်အသင်းတို့တွင်လည်း နာယကအဖြစ် လူမှုရေးကိစ္စများကို ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဘဘဗိုလ်ကလေးတင့်အောင် ရေးသားခဲ့သည့် ကျော်ကြားခဲ့သော တေးသီချင်းအချို့ကို ယနေ့တိုင် အဆိုရှင်အမျိုးမျိုးတို့က သီဆိုနေကြဆဲ ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ကြည်ကြည်ဌေးသီဆို၍ ဓာတ်ပြားရခဲ့သော သက်ဆိုင်သူသို့ သီချင်းကို တိမ်ဦးလေပြေမောင့်ကိုစေ ရုပ်ရှင်ဇာတ်ကားတွင် ခင်ယုမေက ပြန်လည်သီဆိုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြဇာတ်သီချင်းဖြစ်သော နှစ်သစ်ချစ်ဦး၊ ၁၉၅၈ ခုနှစ်တွင် မေမြတ်နွယ် ဇာတ်ကား၌ ထားသီဆိုခဲ့သော သံယောဇဉ်၊ မွန်တို့ဌာနေ၊ မှုန်ရွှေရည်ဇာတ်ကား၌ ဝင်းဦးသီဆိုခဲ့သော မျက်ဝန်းလဲ့ပြာပြာ၊ ၁၉၆၈ ခုနှစ်တွင် မင်းနောင်သီဆိုသည့် ဇရာ၊ ဂျင်မလေးဂျမ်း၊ ၁၉၇၀ ပြည့်နှစ်တွင် စန္ဒရားချစ်ဆွေ သီဆိုခဲ့သည့် မွှေးလွန်းသည့်ပန်း စသည့် သီချင်းများမှာ ယနေ့တိုင် ခေတ်စားဆဲ ဖြစ်သည်။

ဘဘ ဗိုလ်ကလေးတင့်အောင်သည် သီချင်းများ ရေးသားခဲ့ရုံမက ရုပ်ရှင်ဘက်တွင်လည်း ၁၉၆၂ ခုနှစ်က ဆောင်းတညဝယ် ဇာတ်ကားနှင့် ငယ်ကျွမ်းဆွေ ပြဇာတ်ကို ၁၉၅၀ ပြည့်နှစ်တွင်လည်းကောင်း၊ ယင်းရုပ်ရှင်ဇာတ်ကားကို ၁၉၇၅ ခုနှစ်တွင်လည်း ဒါရိုက်တာအဖြစ်လည်းကောင်း ရိုက်ကူးခဲ့သေးသည်။

(Zawgyi)

ဘဘ ဗိုလ္ကေလးတင့္ေအာင္ ကြယ္လြန္

ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ၏နာယကႀကီးတစ္ဦးျဖစ္သူ ဘဘ ဗိုလ္ကေလးတင့္ေအာင္ သည္ ၁၆.၁၂.၂၀၂၁ ရက္ေန႔ ည ၁၁ နာရီအခ်ိန္တြင္ ဘဝတစ္ပါးသို႔ကူးေျပာင္းသြားၿပီဟု ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ယေန႔ မနက္ပိုင္းတြင္ သတင္းတစ္ရပ္ထုတ္ျပန္သည္။

ဘဘ ဗိုလ္ကေလးတင့္ေအာင္ သည္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္တြင္ ပါဝင္ခဲ့သူ တပ္မေတာ္သားတစ္ဦး ျဖစ္ခဲ့ၿပီး ျမန္မာ့ ႐ုပ္ရွင္တစ္သက္တာ ထူးခြၽန္ဆုရ ႐ုပ္ရွင္ဒါ႐ိုက္တာ၊ ဂီတစာဆို၊ ဇာတ္ၫႊန္းေရးဆရာတစ္ဦး ျဖစ္ၿပီး အမ်ိဳးသား စာေပဆုရ စာေရးဆရာတစ္ဦး လည္း ျဖစ္သည္။ ႏိုင္ငံ့တာဝန္ကို ထူးခြၽန္ေျပာင္ေျမာက္စြာ ထမ္းေဆာင္ခဲ့မႈမ်ားအတြက္ ႏိုင္ငံေတာ္က ေပးအပ္ေသာ စည္သူဘြဲ႕ကို ခ်ီးျမႇင့္ျခင္း ခံခဲ့ရသူ ျဖစ္သည္။

ဘဘ ဗိုလ္ကေလးတင့္ေအာင္ကို အဖဦးဘသင္၊ အမိေဒၚဖြားသိမ္းတို႔မွ ဇြန္ ၃၊ ၁၉၂၂ တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံခ႐ိုင္၊ ဘိုကေလးၿမိဳ႕၌ ေမြးဖြားကာ သားသမီးေျခာက္ေယာက္အနက္ ဒုတိယသားျဖစ္ၿပီး၊ ဂီတလုလင္ေမာင္ကိုကိုမွာ စတုတၳသား ျဖစ္သည္။ ဘိုကေလးၿမိဳ႕၊ က်ဳံမေငးၿမိဳ႕ႏွင့္ က်ိဳက္လတ္ၿမိဳ႕ အမ်ိဳးသားအထက္တန္းေက်ာင္းတို႔တြင္ ပညာသင္ၾကားခဲ့သူျဖစ္ကာ ၁၉၄၀ ျပည့္ႏွစ္တြင္ သီခ်င္းစ၍ ေရးသည္။ ၁၉၄၇ ခုႏွစ္တြင္ စတင္၍ အသံလႊင့္ခဲ့၏။ ၁၉၄၉ ခုႏွစ္တြင္ ရန္ကုန္သို႔ ေျပာင္းေ႐ႊ႕လာၿပီး ေမာင္ကိုကို တူရိယာအဖြဲ႕တြင္ ဂီတာတီးသူအျဖစ္ ပါဝင္ရ၏။ ျပဇာတ္ဝိဇၨာ ဒဂုန္ဆရာတင္၏ တပည့္ျဖစ္ခဲ့ရာ ျပဇာတ္ သီခ်င္းေရး၊ ဇာတ္ၫႊန္းေရး၊ တြဲဘက္ဒါ႐ိုက္တာအျဖစ္ တဆင့္ၿပီးတဆင့္တက္၍ ၁၉၅၀ ျပည့္ႏွစ္တြင္ အၿပဳံးလက္ေဆာင္ ျပဇာတ္ျဖင့္ ဒါ႐ိုက္တာ ျဖစ္ခဲ့သည္။ ျပဇာတ္ႀကီး (သုံးနာရီခန႔္ ျပရသည္) ေပါင္း ၄၀ ေက်ာ္၊ ျပဇာတ္တို၊ တခန္းရပ္ ျပဇာတ္၊ ေတးသ႐ုပ္ေဖာ္ ျပဇာတ္ေပါင္း ၁၀၀ ခန႔္ စီစဥ္ ၫႊန္ၾကားခဲ့သည္။ ၁၉၄၈ ခုႏွစ္တြင္ ျမတ္မြန္ရတနာျပဇာတ္ကို စီစဥ္တင္ဆက္ခဲ့၍ ျမတ္မြန္ရတနာ ျပဇာတ္စာအုပ္ကို စာေပဗိမာန္မွ ျဖန႔္ခ်ိထုတ္ေဝခဲ့သည္။

၁၉၆၁ ခုႏွစ္တြင္ ႐ုပ္ရွင္ဇာတ္ၫႊန္းအျဖစ္ ေရးထားသည္ကို ဝတၳဳအသြင္ ျပန္လည္ေရးသားထုတ္ေဝေသာ မမမိုး စာအုပ္ထြက္ရွိခဲ့သည္။ သတင္းစာ၊ ဂ်ာနယ္၊ မဂၢဇင္းမ်ားတြင္ စာေပဝါသနာအေလ်ာက္ ေဆာင္းပါးမ်ား ေရးခဲ့ၿပီး ပန္းဝကၤပါ အမည္ျဖင့္ ေဆာင္းပါးရွည္ကို ၁၉၈၀ မွ ၁၉၈၂ ခုႏွစ္အထိ ဂီတပေဒသာမဂၢဇင္းတြင္ ေရးသားခဲ့သည္။ ထို ပန္းဝကၤပါ စာအုပ္မွာ ၁၉၉၆ ခုႏွစ္အတြက္ အမ်ိဳးသား စာေပဆု ရရွိခဲ့သည္။ လူမႈထူးခြၽန္ (ပထမအဆင့္) တံဆိပ္၊ ဝိဇၨာထူးခြၽန္ (ပထမအဆင့္) တံဆိပ္တို႔ အပ္ႏွင္းျခင္းခံရသည္။ ႐ုပ္ရွင္အစည္းအ႐ုံး၏ နာယက၊ ဂီတအစည္းအ႐ုံး၏ နာယက၊ ဘိုကေလးၿမိဳ႕နယ္အသင္း၊ က်ိဳက္လတ္ၿမိဳ႕နယ္အသင္းႏွင့္ က်ဳံမေငးၿမိဳ႕နယ္အသင္းတို႔တြင္လည္း နာယကအျဖစ္ လူမႈေရးကိစၥမ်ားကို ေဆာင္႐ြက္ခဲ့သူျဖစ္သည္။

ဘဘဗိုလ္ကေလးတင့္ေအာင္ ေရးသားခဲ့သည့္ ေက်ာ္ၾကားခဲ့ေသာ ေတးသီခ်င္းအခ်ိဳ႕ကို ယေန႔တိုင္ အဆိုရွင္အမ်ိဳးမ်ိဳးတို႔က သီဆိုေနၾကဆဲ ျဖစ္သည္။ ၁၉၅၃ ခုႏွစ္တြင္ ၾကည္ၾကည္ေဌးသီဆို၍ ဓာတ္ျပားရခဲ့ေသာ သက္ဆိုင္သူသို႔ သီခ်င္းကို တိမ္ဦးေလေျပေမာင့္ကိုေစ ႐ုပ္ရွင္ဇာတ္ကားတြင္ ခင္ယုေမက ျပန္လည္သီဆိုခဲ့သည္။ ၁၉၅၁ ခုႏွစ္တြင္ ျပဇာတ္သီခ်င္းျဖစ္ေသာ ႏွစ္သစ္ခ်စ္ဦး၊ ၁၉၅၈ ခုႏွစ္တြင္ ေမျမတ္ႏြယ္ ဇာတ္ကား၌ ထားသီဆိုခဲ့ေသာ သံေယာဇဥ္၊ မြန္တို႔ဌာေန၊ မႈန္ေ႐ႊရည္ဇာတ္ကား၌ ဝင္းဦးသီဆိုခဲ့ေသာ မ်က္ဝန္းလဲ့ျပာျပာ၊ ၁၉၆၈ ခုႏွစ္တြင္ မင္းေနာင္သီဆိုသည့္ ဇရာ၊ ဂ်င္မေလးဂ်မ္း၊ ၁၉၇၀ ျပည့္ႏွစ္တြင္ စႏၵရားခ်စ္ေဆြ သီဆိုခဲ့သည့္ ေမႊးလြန္းသည့္ပန္း စသည့္ သီခ်င္းမ်ားမွာ ယေန႔တိုင္ ေခတ္စားဆဲ ျဖစ္သည္။

ဘဘ ဗိုလ္ကေလးတင့္ေအာင္သည္ သီခ်င္းမ်ား ေရးသားခဲ့႐ုံမက ႐ုပ္ရွင္ဘက္တြင္လည္း ၁၉၆၂ ခုႏွစ္က ေဆာင္းတညဝယ္ ဇာတ္ကားႏွင့္ ငယ္ကြၽမ္းေဆြ ျပဇာတ္ကို ၁၉၅၀ ျပည့္ႏွစ္တြင္လည္းေကာင္း၊ ယင္း႐ုပ္ရွင္ဇာတ္ကားကို ၁၉၇၅ ခုႏွစ္တြင္လည္း ဒါ႐ိုက္တာအျဖစ္လည္းေကာင္း ႐ိုက္ကူးခဲ့ေသးသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071