Monday, February 2, 2026

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...
HomeEntertainmentဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ)၏'အဖေ့ခြေရာ' စာအုပ်မိတ်ဆက်

ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ)၏’အဖေ့ခြေရာ’ စာအုပ်မိတ်ဆက်

ဘဒ္ဒန္တနာရဒါဘိဝံသ (လှရ တနာ) (ပထမကျော်၊ အဂ္ဂမဟာ အကျော်၊ အဋ္ဌကထာ ပြန်အကျော်၊ သ-စ–အ ဓမ္မာစရိယ၊ ပါဠိ ပါရဂူ၊ တိပိဋကဩဝါဒါစရိယ၊ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ၊ စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု)ရေးသားပြုစုတဲ့ ‘အဖေ့ ခြေရာ’ စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့ကှုပှအမေ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ စာအုပ်မိတ်ဆက်ပွဲမှာ ပါဠိ တက္ကသိုလ် ညောင်တုန်းကျောင်းတိုက် နာယက-စာချ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ)နှင့်တကွ ဗန်းမော် ဆရာတော်ကြီး ဘဒ္ဒန္တကုမာရာဘိဝံသ၊ ဓမ္မဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တဝိလာသ[ဝေမိုး(ကျွန်းလှ)]၊ စာကြည့်တိုက်မှူးဆရာတော် ဘဒ္ဒန္တပညာနန္ဒ၊ အဘိဓဇဆရာတော် ဘဒ္ဒန္တရာဇိန္ဒတို့က စာအုပ်နဲ့ ပတ်သက်ပြီး ရှင်းလင်းမိန့်ကြားခဲ့ကြပါတယ်။ ‘အဖေ့ခြေရာ’ စာအုပ်ဟာ ဗုဒ္ဓ ခြေတော်ရာသမိုင်း၊ အဖေ့ခြေရာ လေ့လာနည်း၊ ပူဇော်နည်း၊ အကျိုးကျေးဇူးများ၊ တည်ရာဌာနနဲ့ နိုင်ငံအသီးသီး ခေတ်အဆက်ဆက်မှ ခြေတော်ရာပုံတော်များ စုံလင်စွာပါရှိတဲ့ ဗုဒ္ဓစာပေ ပထမဆုရစာအုပ်တစ်အုပ်ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်အတွင်းက ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ထုတ်ဝေခဲ့ ကာ ၂၀၁၈ခုနှစ် ဇွန်လအတွင်းမှာ တတိယအကြိမ် ထုတ်ဝေဖြန့်ချိခဲ့တဲ့ ဒီစာအုပ်နဲ့ပတ်သက်ပြီး လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသက “ပထမနဲ့ ဒုတိယအကြိမ် ထုတ်ဝေစဉ် ကတော့ ဗုဒ္ဓခြေတော်ရာဆိုင်ရာသမိုင်းကြောင်းတွေလောက်ပဲ ဖော်ပြထားပါတယ်။ ဒီစာအုပ်ကို ဗုဒ္ဓစာပေ ပထမဆုရပြီးနောက် သီရိလင်္ကာနိုင်ငံက ဘုရားခြေတော်ရာအစစ်ကို သွားရောက် လေ့လာတဲ့အခါ ပထမတစ်ခေါက်တုန်းကတော့ တနင်္ဂနွေနေ့နဲ့ မတိုက်ဆိုင်တော့ ပုံမှန်ပဲ ပူဇော်ခဲ့ရပါတယ်။ ဒုတိယတစ်ကြိမ် ထပ်ပြီး ပူဇော်တော့ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်တဲ့အတွက် သီရိ လင်္ကာက ဆရာတော်တွေနဲ့ ဂေါပကတွေက ဘုရားခြေတော်ရာကို ဆွမ်းတော်ပွဲကပ်ရာမှာ ခမ်းခမ်းနားနား စနစ်တကျကပ်တာကို တွေ့ခဲ့ရပါတယ်။ ဘုရားခြေတော်ရာဟာ ပုံမှန် ဝတ်ကျေတန်းကျေ သောက်တော် ရေခွက်လေး၊ ဆွမ်းလေးကပ်တာနဲ့ မပြည့်စုံဘူး၊ သီရိလင်္ကာမှာ ကပ်တဲ့အတိုင်း ခမ်းခမ်းနားနား ဆွမ်းတော်ကပ် ထိုက်တယ်ဆိုတာကို စာပေပရိယတ်နဲ့ ယှဉ်ပြီး လေ့လာသုံးသပ် လိုက်တဲ့အခါမှာလည်း တွေ့လာပါတယ်။ ဒါကြောင့် ခြေတော်ရာ ပူဇော်တဲ့အခါ သီရိလင်္ကာကခြေတော် ရာအစစ်ကို ဆွမ်းတော် ကပ်သလို ၁၀၈ ကွက် စက်လက္ခဏာနည်းအတိုင်း ကပ်သင့်ပါ တယ်။ အဲဒီအကြောင်းကိုလည်း ဒီစာအုပ်ကို တတိယအကြိမ် ထုတ်ဝေတဲ့အခါမှာ ထည့်သွင်းရေးသားထားပါတယ်။ အဲဒီလို ဆွမ်းတော်ကပ်ရခြင်းရဲ့ အကျိုးကျေးဇူး တွေလည်း ဒီစာအုပ်မှာ ပါရှိပါတယ်။ ဒါတွေကတော့ တတိယအကြိမ် ဒီစာအုပ်ရဲ့ ထူးခြားတဲ့အချက်တွေ ဖြစ်ပါတယ်” လို့ မိန့်ကြားပါတယ်။

အဲဒီနောက် ဓမ္မဒါနအလှူရှင် ဦးလှသောင်း + ဒေါ်လဲ့လဲ့ဝင်းတို့က ‘အဖေ့ခြေရာ’စာအုပ်များကို ဗုဒ္ဓသာသနာတော်ဆိုင်ရာ စာကြည့်တိုက်များသို့ လှူဒါန်းရာ စာကြည့်တိုက်မှူးဆရာတော် ဘဒ္ဒန္တ ပညာနန္ဒက လက်ခံရယူခဲ့ပါတယ်။ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသက ‘အဖေ့ခြေရာ’စာအုပ်နဲ့ ဗုဒ္ဓခြေတော်ရာပုံတော်ကို ဇေယျာလူမှုထူးချွန်ပထမအဆင့် အဂ္ဂမဟာ သီရိသု ဓမ္မသိင်္ဂီ ဒေါက်တာဒေါ်နီနီ (ရွှေသံ လွင်ကုမ္ပဏီ) ထံသို့ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ‘အဖေ့ခြေရာ’ စာအုပ်ကို တန်ဖိုးကျပ် ၇၀ဝ၀နဲ့ ရွှေကျေးစာပေကနေ တစ်ပြည်လုံးကို ဖြန့်ချိထားပါတယ်။

စုမွန်

Ads Space Available


Continue reading

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို ၂၀၀၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ရာ အသင်းဝင်ဂိတ်(၂၀)ကျော်နှင့် အသင်းဝင်ကား(၄၀၀)ကျော်သာရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ဖြင့်လုပ်ကိုင်ခဲ့ပြီး (၁၆) နှစ်တာကာလအတွင်း၌ ကုမ္ပဏီ(ဂိတ်) ၉၄ ဂိတ်နှင့် အသင်းဝင်ယာဥ်စီးရေ(၂,၀၀၀)ကျော်ဖြင့်ဖွဲ့စည်းထားနိုင်လျှက်ရှိပြီးဒေသတွင်း နိုင်ငံများနှင့်လည်းယှဥ်ပြိုင်နိုင်​အောင် လုပ်​ဆောင်သွားပါမယ်”ဟုပြောကြားခဲ့သည်။ “ကုန်သေတ္တာတွေသယ်ယူပို့ဆောင်ရာမှာ manifest (ကုန်ပို့လွှာ)နဲ့ E-Lock နဲ့ လုပ်ဆောင်နိုင်ဖို့ကိုကြိုးစားခဲ့ပြီးလက်ရှိတွင် စတင် လုပိဆောင်နေပြီ"ဟု ဦးစိုးနိုင်ကပြောသည်။ ယခင်အလုပ်အမှုဆောင်သက်တမ်းကာလအတွင်း မော်တော်ယာဉ်များ၏ ပြင်ဆင်စရိတ်၊ အပိုပစ္စည်းများ၊...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မနီလာမြို့ မြန်မာသံရုံး မှ သံရုံး ယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အတူ (၂၅) ကြိမ်မြောက် အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်နှင့်...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ မြို့နယ် (၁) မြို့နယ်စီတွင် အလိုအ​လျောက် အမှု​ဆောင် (၁) ဦးစီခန့်ထားခြင်း၊​ ရွေးချယ်ခံ ဆန္ဒပြု​ရွေးချယ်ထားသူများထဲမှလစ်လပ်​နေ​သော အလုပ်အမှု​ဆောင် (၂၀) နေရာအတွက်ရွေးချယ်ခြင်း၊ ဗဟိုအလုပ်အမှု​ဆောင် (၂၀) နေရာအတွက် ရွေးချယ်ခြင်း၊ စီမံခန့်ခွဲမှုကော်မတီ (၁၀) ဦး​ရွေးချယ်ခြင်းတို့ကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့​နောက် ​မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဦးလှစိန်မှ ​ကျေးဇူးတင်​စကားနှင့် တာဝန်​ကျေပွန်စွာ ​ဆောင်ရွက်​ပေးမည်ဟုပြောကြားခဲ့‌ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071