ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အစတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် (၁၄၀,၀၀၀) ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။
ပြည်ပသို့ ကုမ္ပဏီပေါင်း (၄၉) ခုမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် (၁၄၂,၇၈၈) တန် တင်ပို့ခဲ့ပြီး ဆန်တန်ချိန် (၆၉,၁၉၄) တန်နှင့် ဆန်ကွဲ တန်ချိန် (၇၃,၅၉၄) တန်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် (၂.၄၈) သန်း တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁.၁၂၉) ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။
MRF အနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် (၂. ၅) သန်းတင်ပို့မှုမှ ကန်ဒေါ်လာ (၁) ဘီလီယံရရှိရန်ရည်မှန်းထားပြီး ပို့ကုန်ရည်မှန်းချက် ပြည့်မီခဲ့ကြောင်း သိရသည်။