Thursday, May 14, 2026

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက်...

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို...

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...
HomeInternationalဘင်္ဂလားရေတပ်သင်္ဘောနိုင်ငံတကာ ရေကြောင်းလေ့ကျင့်မှုတွင်ပါဝင်မည်

ဘင်္ဂလားရေတပ်သင်္ဘောနိုင်ငံတကာ ရေကြောင်းလေ့ကျင့်မှုတွင်ပါဝင်မည်

ဒါကာ၊ဇန်နဝါရီ ၂၇

ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘော Samudra Joy သည် ပါကစ္စတန်နိုင်ငံ ကရာချီတွင် ဖေဖော်ဝါရီ ၇ ရက်မှ ၁၁ ရက်အထိပြုလုပ်မည့် နိုင်ငံပေါင်းစုံရေကြောင်းလေ့ကျင့်မှု “EXERCISE AMAN-25” ၏ ၉ ကြိမ်မြောက်လေ့ကျင့်ရေးတွင်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်္ဘောသည် တနင်္ဂနွေနေ့တွင် နိုင်ငံအရှေ့တောင်ပိုင်း စစ်တကောင်းရှိ ရေတပ်အခြေစိုက်စခန်းမှထွက်ခွာသွားချိန်တွင် အကြီးတန်းရေတပ်အရာရှိများနှင့် သင်္ဘောသားများ၏ မိသားစုများရှေ့၌ နှုတ်ဆက်ပွဲပြုလုပ်ခဲ့သည်ဟုလည်းသိရသည်။

အဆိုပါသင်္ဘောတွင် အရာရှိ ၃၃ ဦးနှင့် ဗိုလ်‌လောင်း ၅၈ ဦးအပါအဝင် ရေတပ်သင်္ဘောသားစုစုပေါင်း ၂၇၄ ဦးသည် Samudra Joy ၏ကွပ်ကဲရေးမှူး Md Shahriar Alam ဦးဆောင်မှုဖြင့် နိုင်ငံတကာ‌ရေကြောင်းလေ့ကျင့်မှုတွင်ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

ပါကစ္စတန်သို့သွားမည့် ၎င်း၏ခရီးစဉ်အတွင်း အဆိုပါရေတပ်သင်္ဘောသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုနှင့် မော်လ်ဒိုက်နိုင်ငံများသို့ပါ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်သည်။ဘင်္ဂလားဒေ့ရှ်ရေတပ်သည် ယခင် ၂၀၀၇၊၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်များကလည်း EXERCISE AMAN တွင်ပါဝင်ခဲ့သေးသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက် အခန်းဖွဲ့ကာရံခြင်းလုပ်ငန်း တင်ဒါခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် Lot ၁ မှ Lot ၄ အထိ ခွဲခြားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ Lot တစ်ခုစီတွင် (၄) ခန်းတွဲ၊ (၅) ထပ် အဆောက်အဦ ၂၅...

ကျောင်းကုန်းမြို့နယ်တွင် Football For School စီမံကိန်း စတင်အကောင်အထည်ဖော်၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး ရည်မှန်း

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောင်းကုန်းမြို့နယ်တွင် တည်ဆောက်မည့် မိုးလုံလေလုံအားကစားရုံအတွက် မြေနေရာများကိုလည်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု ချုံချင့် နိုင်ငံခြားရေးဌာနညွှန်ချုပ် ပြောကြား

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို Chongqing ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် မေ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းနှင့် Chongqing သည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါသည့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းကလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071