Saturday, June 21, 2025

YBS 75 ယာဉ်လိုင်း လမ်းကြောင်း...

ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ယမန်နေ့ ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။ တိုးချဲ့ပြေးဆွဲပေးသည့်...

အီရန်ဒုံးကျည်ထိမှန်ပြီးနောက် ဓာတ်ခွဲခန်းများရှိ လုပ်ငန်းများကို ကယ်ဆယ်ရန်...

အီရန်ဒုံးကျည်တစ်စင်းက ခေတ်မီဓာတ်ခွဲခန်း ဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံတစ်ခုကို ဖျ-က်ဆီးပစ်ပြီးနောက် အစ္စရေးနိုင်ငံ၏ နာမည်ကြီး ဝိုက်ဇ်မန်း(Weizmann) သိပ္ပံဌာနရှိ သုတေသီများသည် ၎င်းတို့၏ စမ်းသပ်မှုများကို...

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍...

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့)...
HomeNewsLocal Newsဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့်...

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံ၊ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒီဇင်ဘာ (၂)ရက် နံနက် (၇)နာရီအချိန်ထုတ်ပြန်ချက် သိရသည်။

အဆိုပါ မုန်တိုင်းငယ်မှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၅၅၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၆၅၀)မိုင်ခန့်တွင် ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ထို့အပြင် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၃၀၅)မိုင်ခန့်၊ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ နီလိုရီမြို့၏ အရှေ့တောင်ဘက် ရေမိုင် (၃၆၅)မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ယနေ့ညနေအထိ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ယနေ့ညနေအထိ နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း (၆၀)နှင့် မန္တလေးမြို့နှင့်အနီးတစ်ဝိုက် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀)ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YBS 75 ယာဉ်လိုင်း လမ်းကြောင်း တိုးချဲ့ ပြေးဆွဲပေးမည်

ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ယမန်နေ့ ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။ တိုးချဲ့ပြေးဆွဲပေးသည့် လမ်းကြောင်းမှာ ယခင်ဂိတ်ရင်း ငမိုးရိပ် (ကားကြီးဂိတ်) အစား မြောက်ဒဂုံ(ပင်လုံအိမ်ရာ)မှ ပြေးဆွဲပေးခြင်း ဖြစ်သည်။ ထို့ကြောင့် မြောက်ဒဂုံ(ပင်လုံအိမ်ရာ) - ဘုရင့်နောင်လမ်း - ပင်လုံစီးတီးမော်လ် - ဆရာစံလမ်း - ပင်လုံဆေးရုံ - တံတားထိပ်(ပြည်ထောင်စုလမ်း) - တောင်/ မြောက်လမ်းဆုံ - ငမိုးရိပ်(ကားကြီးဂိတ်) - သွားဆေးတက္ကသိုလ်...

အီရန်ဒုံးကျည်ထိမှန်ပြီးနောက် ဓာတ်ခွဲခန်းများရှိ လုပ်ငန်းများကို ကယ်ဆယ်ရန် အစ္စရေးသိပ္ပံပညာရှင်များ ကြိုးပမ်းနေ

အီရန်ဒုံးကျည်တစ်စင်းက ခေတ်မီဓာတ်ခွဲခန်း ဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံတစ်ခုကို ဖျ-က်ဆီးပစ်ပြီးနောက် အစ္စရေးနိုင်ငံ၏ နာမည်ကြီး ဝိုက်ဇ်မန်း(Weizmann) သိပ္ပံဌာနရှိ သုတေသီများသည် ၎င်းတို့၏ စမ်းသပ်မှုများကို ကယ်ဆယ်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။ အဆိုပါဒုံးကျည်သည် တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် တဲလ်အဗစ်မြို့၏တောင်ဘက်စွန်း ရီဟို‌ဗို့(Rehovot)ရှိ အဆိုပါသိပ္ပံဌာနဝင်းကို ထိမှန်ခဲ့ရာ အဆောက်အအုံများစွာ ပျ-က်စီးခဲ့ပြီး မီးလေ-ာင်နေချိန်တွင်ပင် သုတေသီများ ဓာတ်ခွဲနမူနာများကို ကယ်ဆယ်ရန် အပျ-က်အစီးများထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ညအချိန်တွင် ဝင်းထဲ၌ လူမရှိသဖြင့် မည်သူမျှ ထိခို-က်ဒဏ်ရာမရရှိခဲ့သော်လည်း အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပြီး ကျန်ရှိသောအပိုင်းတွင် နံရံများပွင့်ထွက်ကာ လိမ်နေသောသတ္တုများ၊...

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ ပေါ်လိုဒါဆေးလ်ဗာကို ခေါ်ယူထားခြင်းဖြစ်ပြီး ယခုနှစ်တွင် ရခိုင်ယူနိုက်တက်သည် ကွာနားဖိုင်နယ်အဆင့်တွင် နှုတ်ထွက်ခဲ့ရပြီဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် မတ်လ (၂၆)ရက်က ခေါ်ယူထားသည့် ဘရာဇီးနိုင်ငံသား နည်းပြချုပ်အသစ် ရီကာဒိုဒါရိုချာနှင့် တရားဝင်လမ်းခွဲအပြီး ပေါ်တူဂီနည်းပြ ပေါ်လိုဆေးလ်ဗားအား ပြိုင်ပွဲအတွက် ကာလတို ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071