Thursday, May 14, 2026

တိုက်ကြီးမြို့နယ်ရှိ မူလွန်ကျောင်းတွင် သန့်ရှင်းရေးပြုလုပ် ခြင်းဆေးဖျန်းကာ...

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက ရက်(၁၀၀)စီမံချက်အဖြစ် ကျောင်းနှင့် ဝန်းကျင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်း၊...

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက်...

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင်...

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင်...
HomeInternationalဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတွင် အမေရိကန်...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတွင် အမေရိကန် စစ်ရေးလှုပ်ရှားမှုများ တိုးလာ

အမေရိကန်ပြည်ထောင်စု၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် လှုပ်ရှားမှုများက အိမ်နီးချင်းများအတွက်သတိထားစရာများ ဖြစ်လာစေသည်။

အိန္ဒိယနှင့် မြန်မာနယ်စပ်အနီးရှိ မဟာဗျူဟာကျသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတွင် အမေရိကန် စစ်ရေးလှုပ်ရှားမှုများ တိုးလာခြင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျော်လွန်သည့် အခြားသက်ရောက်မှုများ ရှိလာနိုင်သဖြင့် လေ့လာသူများ၏ စိတ်ဝင်စားမှုကို မြှင့်တင်ပေးခဲ့သည်။

ဂျပန်နိုင်ငံ ယိုကိုတာလေတပ်စခန်းမှ အမေရိကန်လေတပ်၏ ခေတ်မီနည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ် C-130J Super Hercules တစ်စီးသည် စစ်တကောင်းရှိ ရှာအာမန်နတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တနင်္ဂနွေနေ့က ဆင်းသက်ခဲ့ပြီး ယင်းသည် အမေရိကန်စစ်တပ်၏ နောက်ဆုံး လှုပ်ရှားမှု ဖြစ်သည်။ စစ်တကောင်းတွင် လေယာဉ်ဆင်းသက်မှုသည် တိုက်ဆိုင်မှုတစ်ခုသက်သက်မဟုတ်ဘဲ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသနှင့် မြန်မာနိုင်ငံတွင် စိတ်ဝင်စားမှုရှိသည့် ဒေသတွင်းပြင်ပဆိုင်ရာ အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

မိုဟာမက်ယူနွတ် ဦးဆောင်သော အစိုးရ အာဏာရလာပြီးနောက် အမေရိကန်စစ်တပ်သည် စစ်တမ်းများ သို့မဟုတ် ပူးတွဲလေ့ကျင့်မှုများအတွက် ထိုဒေသသို့ မကြာခဏ လာရောက်နေသည်ကို တွေ့ရသည်။

လွန်ခဲ့သည့်လ အနည်းငယ်က အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် စစ်တကောင်းတွင် Pacific Angel-25 နှင့် Tiger Lightning-2025 ဟုခေါ်သော စစ်ဘက်ဆိုင်ရာ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

အမေရိကန်-ဘင်္ဂလားဒေ့ရှ် ပူးတွဲစစ်ရေးလေ့ကျင့်မှုအသစ်တစ်ခုကို စစ်တကောင်းဒေသတွင်ပြုလုပ်ရန် ထပ်မံစီစဉ်နေပြီး အမေရိကန်တပ်ဖွဲ့ဝင်အချို့သည် ပြီးခဲ့သည့်အပတ်က ထိုဒေသသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက အမေရိကန်အထူးတပ်ဖွဲ့ဝင်အရာရှိတစ်ဦး၏ အလောင်းကို ဒါကာရှိ ဇိမ်ခံဟိုတယ်တစ်ခုတွင် တွေ့ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှလွဲ၍ အမေရိကန်တပ်ဖွဲ့ဝင်များ ၎င်းတို့၏နိုင်ငံတွင် ရှိနေခြင်းအ‌ပေါ် အဆင်မပြေဖြစ်နေပုံရ‌ကြောင်း လေ့လာသူများက ဆိုသည်။

၂၀၂၄ ခုနှစ် သြဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ရာထူးမှ ဖယ်ရှားခဲ့သည့် ဟာဆီနာဆန့်ကျင်ရေး လှုပ်ရှားမှုကို အမေရိကန်က ဖန်တီးခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ ဟာဆီနာကလည်း သူမသည် စိန့်မာတင်ကျွန်းကို အမေရိကန်သို့ လွှဲပြောင်းပေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်ဟု ပြစ်တင် စွပ်စွဲခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုက်ကြီးမြို့နယ်ရှိ မူလွန်ကျောင်းတွင် သန့်ရှင်းရေးပြုလုပ် ခြင်းဆေးဖျန်းကာ အုတ်ကန်များကိုအဘိတ်ဆေးထည့်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက ရက်(၁၀၀)စီမံချက်အဖြစ် ကျောင်းနှင့် ဝန်းကျင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်း၊ ခြင်၊ ယင်ပေါက်ပွားမှုမရှိစေရန် ကျောင်းဝင်းအတွင်းရှိ အုတ်ကန်များအတွင်း အဘိတ်ဆေးထည့်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခြင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိ(Photo News)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့သည်။ ယင်း ခရီးစဉ်သည် ၉ နှစ်နီပါး ကာလအတွင်း တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံ သမ္မတတစ်ဦး ၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်သလို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ ထရမ့်၏ သမ္မတသက်တမ်း နှစ်ကြိမ်အတွင်း သူ၏ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်သည်။

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင် သမ္မတ ရှီနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည့် အဖွင့်အမှာစကားတွင် “ဒီတွေ့ဆုံပွဲဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ထိပ်သီးအစည်းအဝေး ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြတာတွေ ရှိပါတယ်” ဟု ထရမ့်ပ်က ထည့်သွင်းပြောကြားခဲ့သည်။ “အခက်အခဲတွေ ရှိခဲ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ အတူတကွ ဖြေရှင်းနိုင်ခဲ့ကြပါတယ်” ဟု ထရမ့်ပ်က ဆိုသည်။ “ကျွန်တော်တို့ အတူတကွ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071