ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ထောင်ပေါင်းများစွာသည် အင်္ဂါနေ့က မြို့တော်ဒါကာတွင်စုဝေး၍ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဖြုတ်ချခဲ့သည့် ဆန္ဒပြကန့်ကွက်မှု၏ ပထမဆုံး နှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒထုတ်ဖော်ပွဲ၊ ဖျော်ဖြေပွဲများနှင့် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။
စီးပွားရေး မပြေလည်မှုများနှင့် ဖိနှိပ်မှုများမှ အစပြုခဲ့သော လူထုအုံကြွမှုသည် နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်စ် ဦးဆောင်သည့် ယာယီအစိုးရက နိုင်ငံကိုဝင်ရောက်အုပ်ချုပ်ရခဲ့သည်။ ယင်းနိုင်ငံရေးခရီးတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လမ်းပြမြေပုံအဖြစ် ကြွေးကြော်ထားသော ကြေညာချက်တွင် အဆိုပါဖြစ်ရပ်များ အဆုံးသတ်သွားမည်ဟု ဆိုထားသည်။
လာမည့်နှစ်အစောပိုင်းတွင် ငြိမ်းချမ်းသော၊ တရားမျှတသော၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဟု ယူနွတ်စ်က ပြောကြားခဲ့သည်။ အလုပ်သမား ဆန္ဒပြမှုများကြီးထွားလာကာ အစိုးရအကူးအပြောင်းအတွက် ဖိအားများတိုးလာချိန်တွင် ဒီမိုကရေစီ အပြည့်အဝရှိသောအုပ်ချုပ်မှုစနစ်ကို ပြန်သွားမည်ဟု ကတိပြုခဲ့သည်။
ဆန္ဒပြကာလအတွင်း ဒဏ်ရာရခဲ့သူအချို့လည်း ပါဝင်သောလူများသည် နိုင်ငံတော်အလံများကို ဝှေ့ယမ်းကာ ကြွေးကြော်သံများဖြင့် ပါလီမန်အနီးတွင် စုဝေးခဲ့ကြသည်။
ရဲတပ်ဖွဲ့က မြို့တော်တစ်ဝန်းတွင် လုံခြုံရေး ကို တပ်လှန့်ထားကာ နှစ်ပတ်လည်အခမ်းအနားများကို ဟာစီနာ၏ ပိတ်ပင်ခံထားရသော အဝါမီလိဂ်ပါတီမှ နှောင့်ယှက်ဖျ-က်ဆီးရန် ကြိုးပမ်းမှုများကို ဟန့်တားရန်အတွက် လမ်းမများပေါ်တွင် သံချပ်ကာယာဉ်များဖြင့် ကင်းလှည့်နေခဲ့ကြသည်။
Ref: ယဟျူးနူးစ်
