ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော်ဒါကာ အပြင်ဘက်တွင် သောကြာနေ့က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် လူငါးဦးထက်မနည်း ေ-သဆုံးခဲ့ကြောင်း ကျန်းမာရေးဌာန အရာရှိများက ပြောကြားခဲ့သည်။
သောကြာနေ့ နံနက် ၁၀း၃၈ နာရီခန့်တွင် ဒါကာမြို့မှ ၃၃ ကီလိုမီတာခန့်အကွာရှိ နာဆင်းဒီမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒဿမ ၅ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (ယူအက်စ်ဂျီအက်စ်) က ပြောကြားခဲ့သည်။
သောကြာနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် လူဦးရေ သန်း ၁၇၀ ခန့်ရှိ မွတ်ဆလင်အများစုနေထိုင်ရာနိုင်ငံတွင် ပိတ်ရက်ကာလ၌နေအိမ်တွင်သာရှိနေကြသော လူများကိုထိတ်လန့်တုန်လှုပ်စေခဲ့သည်။
အဆောက်အအုံများလှုပ်ခါကာဖြစ်သလို ဆောက်ထားသောအဆောက်အအုံအချို့ ပြိုကျခဲ့ပြီး မြို့ခံများသည် နေအိမ်များအတွင်းမှ ထွက်ပြေးခဲ့ကြသည်ဟု ရို-က်တာသတင်းဌာနက ဖော်ပြခဲ့သည်။ လမ်းများပေါ်တွင် လူအချို့သည် ငိုကြွေးနေကြပြီး အချို့လူများက ကြောက်လန့်နေခဲ့ကြသည်ကို မြင်တွေ့ခဲ့ရကြောင်းလည်း အေအက်ဖ်ပီသတင်းထောက်များက ဆိုသည်။
ခရိုင်အသီးသီးတွင် ေ-သကြေထိခိုက်မှုသတင်းများ ကြာသိရ၍ အလွန်ထိတ်လန့်တုန်လှုပ်ရကာ များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ကြားဖြတ်အစိုးရအဖွဲ့အကြီးအကဲ မိုဟာမက်ယူနွတ်စ်က ထုတ်ဖော်ပြောကြားခဲ့သည်။
ကလေးတစ်ဦး အပါအဝင် လူငါးဦးေ-သဆုံးခဲ့ပြီး တက္ကသိုလ်ကျောင်းသားများနှင့် စက်ရုံအလုပ်သမားများအပါအဝင် လူ ၁၀၀ ဝန်းကျင် ဒ-ဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ၎င်းက ပြောကြားခဲ့သည်။
ဒ-ဏ်ရာပြင်းထန်သော လူကိုးဦးကို ဒါကာရှိ ဆေးရုံများတွင် ကုသပေးနေကြောင်း အစိုးရကျန်းမာရေးဌာနက ပြောကြားခဲ့သည်။
Ref: စီအင်န်အေ
