ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြု၍ လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်း စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ မန္တလေးဘူတာကြီး၌ ယနေ့ ( နိုဝင်ဘာ ၂၂ ) နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများပြည်သူများ ရထားဖြင့် ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့နိုင်စေရန် စီစဉ်နေခြင်း ဖြစ်သည်။
ယခင်က နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များသည် RBE ရထားတွဲဆိုင်းများဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ကာ လက်ရှိ၌ ဘတ္တရီလျှပ်စစ် စက်ခေါင်းများ အသုံးပြု၍ စတင်ပြေးဆွဲပေးတော့မည်လည်း ဖြစ်သည်။
Photo -MOI
