Friday, May 16, 2025

ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ ပျ-က်စီးမှုများကို ရုရှားပညာရှင်များကလည်း...

နိုင်ငံတကာ အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများနှင့် ငလျင်ဒဏ်သင့် အဆောက်အဦးများ၏ ထိခို-က်ပျ-က်စီးမှု အခြေအနေများကို ရုရှားနိုင်ငံမှ ပညာရှင်များ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပေးမည့် အကြောင်းကို...

ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး...

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း ယနေ့မေ(၁၆)ရက်၌ ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး သူများအား ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကိုလည်းဆောင်ရွက်ပေးလျက်ရှိပြီး...

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ...

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက်...
HomeInternationalဗြိတိန်တစ်ဝှမ်း အိုမီခရွန်မျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့မှု...

ဗြိတိန်တစ်ဝှမ်း အိုမီခရွန်မျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့မှု မြင့်မား

ဗြိတိန်တစ်ဝှမ်း အိုမီခရွန်မျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့မှု မြင့်မား

ကိုဗစ်ရောဂါကူးစက်မှုနှုန်းကို ပြသသည့် အချက်အလက်သစ်များအရ ကိုရိုနာဗိုင်းရပ်ရောဂါ အိုမီခရွန်မျိုးကွဲများသည် ဗြိတိန်နိုင်ငံ တစ်ဝှမ်းတွင် ဆက်လက်ပျံ့နှံလျက်ရှိနေကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်နေ့ အကုန်တွင် စစ်ဆေးခဲ့သော စစ်ဆေးချက်အရ ခန့်မှန်းခြေ လူ ၂၅ ဦး၌ တစ်ဦးသည် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်သဖြင့် တစ်နိုင်ငံလုံး ကူးစက်သူဦးရေ ၂၁ သန်းကျော်ရှိကြောင်း အမျိုးသားစာရင်းအင်းရုံး ONS ၏ စစ်တမ်းအရ သိရသည်။

စစ်တမ်းအရ ဗြိတိန်တစ်ဝှမ်း အသက်အရွယ်အားလုံးတွင် ကူးစက်မှု မြင့်မားနေပြီး စကော့တလန်နှင့် မြောက်အိုင်ယာလန်တို့တွင် ကူးစက်ခံရမှုနှုန်း အမြင့်မားဆုံးဖြစ်ကြောင်း တွေ့ရသည်။

ONS၏ အချက်အလက်များသည် လူဦးရေမည်မျှ ဗိုင်းရပ်စ်ကူးစက်ခံနေသည်ကို ခန့်မှန်းခြေ သိရှိရန် ထောင်ပေါင်းများစွာသော ကိုယ်ပိုင်အိမ်များကို စစ်ဆေးခဲ့ရာမှ စုဆောင်းထားခြင်းဖြစ်သည်။

 စစ်တမ်းများအရ အိုမီခရွန်မျိုးကွဲသစ် BA.4 နှင့် BA.5 တို့၏ ကူးစက်မှုများကြောင့် ယခုကဲ့သို့ မြင့်တက်လာကြောင်း အဆိုပါစစ်တမ်းအတွက် ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များကို ဦးစီးရသည့် ဆာရာ ခရော့ဖ် ကပြောကြားခဲ့သည်။

ကာကွယ်ဆေးမထိုးရသေးသူများသည် ပြန်လည်ကူးစက်နိုင်ခြေပိုများ၍ အသက်ငယ်ရွယ်သူများ သို့မဟုတ် ပထမဆုံးအကြိမ် ကူးစက်ခံရသူများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု လက္ခဏာမပြကြောင်း သိရသည်။

Warwick ဆေးကျောင်းမှ ဗိုင်းရပ်စ်ဗေဒပညာရှင်နှင့် မော်လီကျူးကင်ဆာဗေဒ ပါမောက္ခ လောရန့်စ် ယန်း က အိုမီခရွန်မျိုးကွဲများဖြစ်သည့် BA.4 နှင့် BA.5 တို့သည် ကူးစက်နိုင်မှု အလွယ်ကူဆုံးသော မျိုးကွဲများ ဖြစ်သည်ဟု ဆိုသည်။

ကိန်းဂဏန်းအချက်အလက်များအရ ဗြိတိန်သည် ကိုဗစ်ရောဂါ စံချိန်တင်ဖြစ်ပွားမှုဆီသို့ ဦးတည်နေပြီး ဤထူးခြား၍ လျင်မြန်သော ကူးစက်မှုနှုန်းကြောင့် ကာကွယ်ဆေးအပြည့်ထိုးမထားသူများသည် ပြင်းထန်သောနာမကျန်းဖြစ်မှုဒဏ်ကို မလွှဲမသေခံစားရမည်ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။ 

Source: Chinadaily

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ ပျ-က်စီးမှုများကို ရုရှားပညာရှင်များကလည်း စစ်ဆေးပေးမည်

နိုင်ငံတကာ အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများနှင့် ငလျင်ဒဏ်သင့် အဆောက်အဦးများ၏ ထိခို-က်ပျ-က်စီးမှု အခြေအနေများကို ရုရှားနိုင်ငံမှ ပညာရှင်များ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပေးမည့် အကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov (မစ္စတာ အစ်စကန်ဒါ အာဇီဇော့)က ပြောကြားခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးရာတွင် ငလျင်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့်  အဆောက်အဦးများကို ဆန်းစစ်တိုင်းတာမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်  နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပါဝင်ဆောင်ရွက်မည်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ရုရှားနိုင်ငံမှ သိပ္ပံအကယ်ဒမီပညာရှင်များမှလည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ ထိခို-က်ပျ-က်စီးမှုအခြေအနေများကို စစ်ဆေးပေးသွားမည်ဖြစ်ကာ...

ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး ပြုလုပ်ပေး

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း ယနေ့မေ(၁၆)ရက်၌ ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး သူများအား ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကိုလည်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးမကောင်းသူများအား အိမ်‌တိုင်ရာရောက် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့သွား ရောက်၍ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ပေးနေမှုအပေါ် ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ Jiang Bin ကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ပိုင်းများအတွင်း တရုတ်နှင့်ရုရှားကြားဆက်ဆံရေးသည် ယခင်ကထက်တိုးတက်လာပြီး မကြာခဏဆိုသလို အကြီးပိုင်းတာဝန်ရှိသူများ၏တွေ့ဆုံဖလှယ်မှုများ၊ အရေးပါသော ပူးတွဲလေကြောင်းကင်းလှည့်မှုနှင့် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများဖြင့် ဆက်ဆံခဲ့ကြပြီး အရေးကြီးသည့် အထိမ်းအမှတ်ပွဲများကျင်းပရာ၌လည်း အချင်းချင်းအားပေးကူညီခဲ့ကြသည်ဟုလည်းပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏လမ်းညွှန်မှုအောက်၌ တရုတ်စစ်တပ်အနေဖြင့် အရေးပါသော တရုတ် - ရုရှားမိတ်ဖက်ပူးပေါင်းဆက်ဆံရေးကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071