Sunday, February 1, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeDhammaဗုဒ္ဓဂယာဘုရားဖူးပို့ပြီး ဓမ္မဖြင့်...

ဗုဒ္ဓဂယာဘုရားဖူးပို့ပြီး ဓမ္မဖြင့် မိဘနှစ်ပါးကို ကျေးဇူးဆပ်တဲ့ ဝင်းသပြေထွန်း

2-copy

ဝင်းသပြေထွန်းက ဗုဒ္ဓဂယာကို နိုဝင်ဘာလ ၂၆ ရက်နေ့က စတင် ထွက်ခွာသွား ခဲ့ပြီး ဒီဇင်ဘာလ ၃ ရက် နေ့မှာတော့ ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။ ဒီခရီးစဉ်က သူ့ရဲ့ မိဘ နှစ်ပါးကို အနုပညာငွေကြေးတွေ စုပြီး ဘုရားဖူးလိုက်ပို့ပေးတဲ့ခရီးစဉ် ပဲဖြစ်ပါတယ်။

3-copy

ဗုဒ္ဓဂယာမှာတော့ နေရာစုံသလောက်ရောက်ရှိခဲ့ပြီး ကုသိုလ်ကောင်းမှုတွေကိုလည်း နေ့စဉ်တိုင်းမှာ ပြုလုပ်ခဲ့နိုင်ကြောင်း လည်း သူ ကပြောပါတယ်။ ဝင်း သပြေထွန်းအတွက်တော့ ဒီခရီးစဉ် က ဒုတိယအကြိမ်ပဲ ဖြစ်ပါတယ်။ အရင်နှစ်ကလည်း ယခင် သဘင် အစည်း အရုံး (ဗဟို) မှ လူကြီးတွေ နဲ့အတူ အိန္ဒိယနိုင်ငံကို ဖျော်ဖြေရေး ခရီး သွားရောက်ခဲ့စဉ်က ဗုဒ္ဓဂယာ ရောက်ရှိခဲ့ပြီး အဲဒီအချိန် ကတည်းက မိဘနှစ်ပါးကို ဗုဒ္ဓဂယာ ကို ဘုရား ဖူးလိုက်ပို့ပေးချင်တဲ့စိတ် တွေ ပြင်းပြ ခဲ့တာလည်းဖြစ်ပါတယ်။

1-copy

“ပထမအကြိမ်ရောက်ခဲ့တုန်း ကဆိုရင် ပီတိဖြစ်လွန်းလို့ ဗောဓိ ညောင်ပင်ရှေ့မှာ ဘုရားရှိခိုးတော့ မျက်ရည်တွေတောင်ကျမိတယ်။ ကိုယ်တောင် ဒီလိုပီတိဖြစ်မိတယ်ဆို တော့ ကိုယ့်အဖေနဲ့ အမေကိုလည်း ရောက်ဖူးစေချင်တာပေါ့လေ။ အဲဒီ မှာလည်းမိဘနှစ်ပါးကို ဘုရားဖူး ပို့နိုင်ဖို့ ဆုတောင်းခဲ့တယ်။ အခု ဘုရားဖူးပို့နိုင်ပြီဆိုတော့ ပျော်တာ ပေါ့လေ။ ဆုတောင်းလည်းပြည့်ခဲ့ တယ်ပေါ့။ ဆရာတော်ကြီးတွေက လည်း မိန့်ပါတယ်။ ဒါဟာမိဘကို ဓမ္မနဲ့ ကျေးဇူးဆပ်တာပေါ့ဆိုပြီး မိန့်တယ်” လို့ ဝင်းသပြေထွန်း က ပြောပါတယ်။ ဝင်းသပြေထွန်းက ဗုဒ္ဓဂယာမှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ပြီး ဘုန်းကြီးကျောင်းတွေ မှာလည်း ထမင်း၊ ဟင်းတွေကို ကိုယ်တိုင်ပါဝင် ချက်ပြုတ်ပေးခဲ့ကာ  လုပ်အားနဲ့ရော၊ ငွေအားပါ ကုသိုလ် ပြုလှူဒါန်းခဲ့ကြောင်းလည်း ပြောပြ ပါတယ်။ ခရီးစဉ်တစ်လျှောက် မိဘနှစ်ပါးရဲ့ ကျန်းမာရေးကိုလည်း အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက် ခဲ့ပြီး အဖေရော၊ အမေရောက ပျော်ရွှင်နေကြတဲ့အတွက် သူ့မှာ ပီတိ ဖြစ် ရတယ်လို့လည်း ဆိုပါတယ်။ သူ့အနေနဲ့ ဗုဒ္ဓဂယာမှာ နေ့စဉ် တရားထိုင်ဖြစ်ခဲ့သလို ဘုရားစာတွေ လည်းရွတ်၊ ပဋ္ဌာန်းတွေရွတ်ရင်း ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ရင်း စိတ်အေးချမ်းမှုတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

လင်းအက္ခရာ

4-copy

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071