Thursday, May 15, 2025

ကိုရီးယား ဈေးရောင်းပွဲတော်မှ ရရှိသည့်ငွေများကို ငလျင်ဘေးဒဏ်သင့်...

မန္တလေး ငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ကိုရီးယားအနုပညာရှင်များ ပါဝင်သည့် K-Pop အဖွဲ့မှ ကိုရီးယားဈေးရောင်းပွဲတော် ပြုလုပ်ခဲ့ပြီး ရရှိသည့် ငွေများကို ငလျင်ဘေးဒဏ်သင့်ဒေသများ...

စစ်ကိုင်းမြို့ငလျင်သင့်ကလေ-းငယ်များကိုကလေ-းပျော်အစီအစဥ်များဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့် ကလေ-းငယ်များ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်စေရန် ကလေ-းပျော်အစီအစဉ်များဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကလေ-းပျော် အစီအစဉ်များကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် The Foundation of Terre...

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။ ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့...

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေးနေ

ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက် လက်ရောင်းချပေးနေသည်။ ယနေ့ မေလ...
HomeInternationalဗီယက်နမ်စစ်ပွဲ ပြီးဆုံးခြင်း နှစ်...

ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခြင်း နှစ် ၅၀ ပြည့် အခမ်းအနား ကျင်းပ

ဆယ်စုနှစ်များစွာကြာ စစ်ပွဲ၏ အဆုံးအဖြတ်ကို မှတ်ကျောက်တင်ခဲ့သည့် ဆယ်ဂုံကျဆုံးခဲ့ပြီးနောက် နှစ် ၅၀ ပြည့် ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခြင်း အထိမ်းအမှတ်အခမ်းအနားကို စစ်ရေးပြချီတက်မှု လေကြောင်းပြသမှုတို့ဖြင့် ဗီယက်နမ်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည်။

ကွန်မြူနစ်များဦးဆောင်သည့် မြောက်ဗီယက်နမ်က အမေရိကန်ကျောထောက်နောက်ခံပြု တောင်ဗီယက်နမ်မြို့တော် ဆယ်ဂုံကို သိမ်းပိုက်ခဲ့ချိန် ၁၉၇၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ တွင် နိုင်ငံ ပြန်လည်ပေါင်းစည်းခြင်း သမိုင်းဝင်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်ဖြစ်သည်။ စစ်ပွဲအပြီး မကြာမီတွင် မြောက်ဗီယက်နမ်တည်ဆောင်သူ ခေါင်းဆောင်ကို ဂုဏ်ပြုသောအားဖြင့် ဆယ်ဂုံကို ဟိုချီမင်းစီးတီးဟု အမည်ပြောင်းခဲ့သည်။

“အာဏာရှင်များအပေါ် တရားမျှတ၏ အောင်ပွဲ” ဟု ဟိုချီမင်းစီးတီး၏ ဆောင်ပုဒ်ကို ကိုးကား၍ ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲ၊ နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် တိုလမ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး “ဗီယက်နမ်သည် တစ်လုံးတစ်စည်းတည်း၊ ဗီယက်နမ်ပြည်သူများသည် တသားတည်းဖြစ်သည်။ မြစ်တွေခမ်းခြောက်သွားနိုင်၊ တောင်တန်းတွေ ပြိုကျသွားနိုင်သော်လည်း ဤအမှန်တရားသည် ဘယ်တော့မှ မပြောင်းလဲပါ” ဟု ဆိုခဲ့သည်။

ယင်းအောင်ပွဲသည် စစ်မှုထမ်းလူငယ် အများအပြားပါဝင်သည့် ဗီယက်နမ်လူမျိုး ၃ သန်းနှင့် အမေရိကန် ၆ သောင်းနီးပါး ‌ေ-သဆုံးခဲ့ရသော နှစ် ၂၀ ကြာ စစ်ပွဲအဆုံးသတ်ဖြစ်စေသည့် ၎င်း၏ နောက်ဆုံးလက်ကျန် တို-က်ခို-က်ရေးတပ်များကို ဝါရှင်တန်က ရုပ်သိမ်းခဲ့အပြီး ၂ နှစ်ခန့်အကြာတွင် ရရှိခဲ့ခြင်းဖြစ်သည်။

Ref: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုရီးယား ဈေးရောင်းပွဲတော်မှ ရရှိသည့်ငွေများကို ငလျင်ဘေးဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းခဲ့

မန္တလေး ငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ကိုရီးယားအနုပညာရှင်များ ပါဝင်သည့် K-Pop အဖွဲ့မှ ကိုရီးယားဈေးရောင်းပွဲတော် ပြုလုပ်ခဲ့ပြီး ရရှိသည့် ငွေများကို ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။ မန္တလေး ငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး CST Myanmar ၏ စီစဉ်မှုဖြင့် ကိုရီးယားအနုပညာရှင်များ ပါဝင်သည့် K-Pop အဖွဲ့မှ အလှူငွေပေးအပ်ပွဲကို မေ (၁၂) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည်။ ထို့နောက် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ...

စစ်ကိုင်းမြို့ငလျင်သင့်ကလေ-းငယ်များကိုကလေ-းပျော်အစီအစဥ်များဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့် ကလေ-းငယ်များ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်စေရန် ကလေ-းပျော်အစီအစဉ်များဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကလေ-းပျော် အစီအစဉ်များကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် The Foundation of Terre des hommes (Tdh-L) တို့ ပူးပေါင်း၍ ငလျင်ဘေးသင့် ကလေ-းငယ်များအား စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများ ဖြစ်ပေါ်စေရန် စီစဥ်ဆောင်ရွက်နေခြင်းဖြစ်သည်။ "ငလျင်ဘေးသင့် ကလေ-းငယ်တွေကို ကစားနည်းအမျိုးမျိုး (Games) ကစားတာ၊ စိတ်အပန်းပြေစေတဲ့ ပုံပြင်ပြောတာ၊ စာဖတ်တာ၊ အရုပ်ဆက်အစီအစဉ်တွေ ဆောင်ရွက်ပေးတာ၊ စိတ်ပိုင်းဆိုင်ရာ အားပေးတာတွေကို စီစဥ်ဆောင်ရွက်ပေးနေတာပါ။ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ လူကြီးတွေအနေနဲ့ သူတို့ရဲ့...

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။ ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့ နည်းသက်သာစေရေး၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးကျရောက်သည့်အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် ကရင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့တို့၏ (၁/၂၀၂၅)လုပ် ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။ ကရင်ပြည်နယ်အတွင်း ရေကြီး/ရေလျှံမှုနှင့်ကမ်းပြို၊ မြေပြိုမှုများနှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားကြရမည်ဖြစ်ကာ သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ယာဉ်၊ယန္တရားနှင့်အရေးပေါ်ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းကိရိယာများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071