ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃ နာရီတွင် လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ဒု-ဗိုလ်ချုပ်ကြီးသည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ဖူးမြှော်ကြည်ညိုပြီးနောက် ရွှေသင်္ကန်းအလှူတော်ငွေကျပ်( ၁၀၀,၀၀၀)အားပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာဓာတ်ပုံတို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသည် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်းအသီးသီးတွင်ရှိသော ဘုရားများကိုလည်း လှည့်လည်ဖူးမြှော်ကြည် ညိုခဲ့ကြောင်း သိရသည်။