၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် (၆)ပေါက်တန်းခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ် ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအား သြဂုတ် ၂ ရက်မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားက စားကွင်း၌ကျင်းပခဲ့သည်။




ပြိုင်ပွဲ၌ ပထမ တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ဗိုလ်တထောင်ခရိုင်ခြင်းအသင်းအား ရန်ကုန်တိုင်းဝန် ကြီးချုပ်ဦးစိုးသိန်းက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလား တို့ကိုပေးအပ်ချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများမှလည်း ဒုတိ ယဆုရရှိခဲ့သည့် အင်းစိန်ခရိုင်ခြင်းအသင်း၊ တတိ ယဆုရရှိခဲ့သော မရမ်းကုန်းခရိုင်ခြင်းအသင်းတို့အား ဆုတံဆိပ်၊ တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် ဒိုင်အဖွဲ့နှင့် ခြင်လုံး သရုပ်ပြကစားခဲ့သည့် တက်သစ်စလူငယ်များအဖွဲ့၊ ရန်ကုန်တိုင်းကိုယ်စားပြု အမျိုးသမီးလက်ရွေးစင်အဖွဲ့၊ (၁၄)ခရိုင်မှ အကောင်းဆုံးအားကစားသမားများအဖွဲ့တို့ကိုလည်း ဂုဏ်ပြုချီးမြှင့်ငွေများပေး အပ်ခဲ့သည်။
ပြိုင်ပွဲ၏ တက်သစ်စ(အမျိုးသမီး)ဆုအား သင်္ဃန်းကျွန်းခရိုင်ခြင်းအသင်းမှ မဖြူစင်ဖြိုး၊ တက်သစ်စ (အမျိုးသား)ဆုအား သန်လျင်ခရိုင်ခြင်းအသင်းမှ မောင်ထက်မြတ်(ခ)Omestar ၊ အကောင်းဆုံးဆုအား ဗိုလ်တထောင်ခရိုင်ခြင်းအသင်းမှ မောင်ဇင်လင်းထက်တို့မှ ရရှိခဲ့ကြသည်။
