Wednesday, June 18, 2025

ထရမ့်နှင့် ပါကစ္စတန်စစ်ဦးစီးချုပ် အိမ်ဖြူတော်တွင် နေ့လယ်စာအတူစားကြမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝါရှင်တန်သို့ တရားဝင်ရောက်ရှိနေသော ပါကစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆိုင်ယက် အာဆင် မူနီယာနှင့် တွေ့ဆုံမည်ဖြစ်သည်။ ပါကစ္စတန်စစ်ခေါင်းဆောင်သည် အမေရိကန်ခေါင်းဆောင်နှင့် နေ့လယ်စာအတူစားရန်ရှိပြီး ဗုဒ္ဓဟူးနေ့...

မကွေးဆေးရုံကြီးတွင်ကိုဗစ်လူနာတစ်ဦးအသက်ဆုံး

ကိုဗစ်ဖြင့်ကွယ်လွန်သွားသူသည်မကွေးတိုင်း၊တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်၌နေထိုင်သည့် အသက် ၃၁နှစ်အရွယ်အမျိုးသားဖြစ်သည်။ သူသည်မကွေးမြို့ဆေးရုံကြီး၌တက်ရောက်ကုသနေစဉ် ဇွန်လ(၁၇)ရက်က​ေ-သဆုံးသွားကြောင်းမကွေးမြို့ မြေပြင်လူမှုကယ်ဆယ်ရေးအသင်းထံမှလည်း သိရသည်။ ​ေ-သဆုံးသွားသည့်ကိုဗစ်လူနာကိုမြေပြင်လူမှုကယ်ဆယ်ရေးအသင်းကစနစ်တကျထုပ်ပိုးပြီး ဇွန်လ ၁၈ ရက်ကမကွေးမြို့၊ချမ်းမြေ့သာယာသုသာန်ကိုကူညီပို့ဆောင်ပေးခဲ့သည်ဟူလည်းသိရသည်။ မြန်မာနိုင်ငံ၌ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ဇွန် ၁၆...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေသည်ဟုမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး၏သံအမတ်ကြီးကဇာတ်လမ်းပုံပြင်များစုစည်းမှုစာအုပ်မိတ်ဆက်ခြင်းအခမ်းအနား၌ပြောကြားခဲ့သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ၏အဓိကအကျိုးစီးပွားများနှင့်အရေးကြီးသောကိစ္စရပ်များကိုအချင်းချင်းအခိုင်အမာထောက်ခံ၍စီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊အခြေခံအဆောက်အအုံ၊လျှပ်စစ်နဲ့ စွမ်းအင်၊ ပြည်သူအကျိုးပြုဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုရေး၊ယဉ်ကျေးမှုဖလှယ်ရေးနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဉ်ဆက်မပြတ်ရရှိခဲ့သည်ဟုပြောသည်။ ထို့ပြင်အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုကဲ့သို့သောနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုလည်း ပူးပေါင်းတိုက်ဖျက်ခဲ့ကြကာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅နှစ်တာကာလအတွင်း COVID(19)ရောဂါအားလက်တွဲပူးပေါင်းပြီးတိုက်ဖျက်ခဲ့ပြီးသဘာဝဘေးအန္တရာယ်များကိုလည်း တက်ညီလက်ညီကျော်လွှားနိုင်ခဲ့ကြသည်ဟုပြောသည်။ " နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅ နှစ်တာကာလမှာအေးအတူပူအမျှလက်တွဲရပ်တည်ဖို့ဆိုတာမလွယ်ဘူးလို့ အားလုံးခံစားရပြီးနှစ်နိုင်ငံဆက်ဆံရေး၊ကျန်းမာတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်အားနဲ့ဖြစ်ဖြစ်လူအားနဲ့ဖြစ်ဖြစ်အားထုတ်ကြိုးပမ်းနေကြပါတယ်"ဟုတရုတ်သံအမတ်ကြီးက ပြောသည်။ ထို့ပြင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်မှလည်းမြန်မာနိုင်ငံနှင့်အတူလက်တွဲကြိုးစား၍နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း၇၅...

၅ စင်းမြောက် အစ္စရေး F-35...

အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် တီဟီရန်မြို့တောင်ဘက်ရှိ ဗာရာမင်မြို့ပေါ်တွင် အစ္စရေး F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း IRNA သတင်းအေဂျင်စီက မြို့နယ်အာဏာပိုင်ကိုယ်စားလှယ်တစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။ "စစ်တပ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဗာရာမင်မြို့နယ်ခရိုင်၊...
HomeNewsLocal Newsဗဟိုဘဏ်အ​နေဖြင့် အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ...

ဗဟိုဘဏ်အ​နေဖြင့် အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းရောင်းချပေးရန် စီစဉ်နေ

ဗဟိုဘဏ်မှ နိုင်ငံခြား​ငွေများ ဆက်တိုက်​ရောင်းချလာပါက ​ငွေ​စျေးကျနိုင်ဟုသုံးသပ်​နေ

ပြည်တွင်း၌နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်လာသည့်အတွက် ပြင်ပငွေကြေးဈေးကွက်တွင် ​စျေးမဖွင့်ကြသည်များလည်းရှိ​နေသည်။

ဇွန်လ ဒုတိယအပတ်မှစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယနေ့‌တွင် တစ်ဒေါ်လာ ၄၅၆၀ ကျပ်အထိမြင့်တက်လာခဲ့သည်။

လာမည့်ရက်သတ္တပတ်အတွင်း ဗဟိုဘဏ်အ​နေဖြင့် အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ရောင်းချပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံခြားငွေလိုအပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website ကို နေ့စဉ်ကြည့်ရှုပြီး FX Trading တွင် ဝင်ရောက်ဝယ်ယူနိုင်​ကြောင်းဆိုသည်။

​ငွေ​စျေးတက်ရသည့်အ​ကြောင်းရင်းများကို စီးပွား​​ရေးသမားများ သုံးသပ်​ပြောဆိုသည်ကို​ကောက်နုတ်​ဖော်ပြသွားပါမည်။

အကြောင်းရင်းများထဲက တခုမှာ ထိုင်း ရှိ မြန်မာနိုင်ငံသား ဒါရိုက်တာပါဝင်​သော ကုမ္မဏီဘဏ်အ​ကောင့်အချို့ များ ဆိုင်းငံ့ခံထား​နေရကာ ၂၀၂၅ခု ဇွန် ၁၂ရက် မှစကာ နိုင်ငံတကာပို့ လွှဲ​ငွေများတွင် မြန်မာပါဝင်မှုရှိမရှိ စီစစ်ပြီး ကန့်သတ်မှုများလုပ်​ဆောင်လျှက်ရှိ​နေ​ခြင်းကလည်းအချက်တခုဖြစ်​နေကြောင်းသိရသည်။

ထို့ကြောင့် ၁ဘတ်လျင် ၁၃၀ ကျပ်ဖြင့်ငြိမ်နေသောငွေစျေးသည်ယခုအခါ ၁၄၀ ကျပ်သို့ စျေးပြောင်းသွားသည်။

အချို့ကလည်း ကမ္ဘာနိုင်ငံ​ရေးအခင်းအကျင်း မတည်ငြိမ်မှုကို အ​ကြောင်းပြု၍ နိုင်ငံခြားတွင်လည်း စ​တော့​စျေးကွက် အတက်အကျ ကို ကစား​​နေကြရာ ​ရွှေ​စျေးကိုဆွဲတင်လျှက်ရှိ​နေ​သော​ကြောင့် ​ရွှေကိုအမှီပြုပြီး အခြား​ငွေ​စျေးများလှုပ်ခတ်သည်ဟုယူဆကြသည်။ ကမ္ဘာနိုင်ငံ​ရေးငြိမ်ပါက ​စျေးနူန်းငြိမ်နိုင်သလို ပြည်တွင်းတွင်လည်း ဗဟိုဘဏ် ထိမ်း​ကျောင်းမှုအား​ကောင်းပါက ​စျေးငြိမ်နိုင်​ကြောင်းသုံးသပ်ကြသည်။

အချို့ကလည်း​ဒေသတွင်းမူးယစ်​ဆေး ကိစ္စများ​ကြောင့်လားဟုထင်ကြသည်။

ILO ၏ ပုဒ်မ ၃၃ ကျင့်သုံးမည်ဟု အသံထွက်​ပေါ်ခြင်းနှင့်​တော့ မသက်ဆိုင်​ကြောင်းဆိုကြသည်။

လက်ရှိအခြေအနေကို အကြောင်းပြချက်တစ်ရပ်အဖြစ်အသုံးချပြီး ငွေကြေးစျေးကွက် မတည်ငြိမ်အောင် လုပ်နေသူများအားလည်း ကပ်ပေါင်းစုံကြားက ပြည်သူ့ဘဝ ကို စာနာစေလိုကြောင်း ခက်ခဲစွာလုပ်ကိုင်နေရသူများက သိစေလိုသည့်ဆန္ဒရှိနေကြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေး၊ ဆေးဝါးနှင့်ဆေးဝါး ဆက်စပ်ပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဓာတ်မြေဩဇာ၊ စားသောက်ကုန်နှင့် အခြားကုန်စည်များတင်သွင်းသည့် သွင်းကုန်လုပ်ငန်းရှင်များအား FX Trading Paltform မှတစ်ဆင့် နိုင်ငံခြားငွေများ ရောင်းချပေးလျက်ရှိကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ အမေရိကန်ဒေါ်လာ ၅၆၂.၀၆ သန်း၊ တရုတ်ယွမ် ၁၉.၅၂ သန်းနှင့် ထိုင်းဘတ် ၁,၀၄၁.၁၀ သန်းတို့အား ရောင်းချပေးပြီးဖြစ်ကြောင်း၊ ဇွန်လအတွင်း တစ်ရက်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆.၅၅ သန်း၊ တရုတ်ယွမ် ၀.၃၅ သန်းနှင့် ထိုင်းဘတ် ၁.၂၅ သန်းတို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဝင်ရောက်ရောင်းချပေးထားပြီးဖြစ်ကြောင်း စာရင်းများအရသိရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်နှင့် ပါကစ္စတန်စစ်ဦးစီးချုပ် အိမ်ဖြူတော်တွင် နေ့လယ်စာအတူစားကြမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝါရှင်တန်သို့ တရားဝင်ရောက်ရှိနေသော ပါကစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆိုင်ယက် အာဆင် မူနီယာနှင့် တွေ့ဆုံမည်ဖြစ်သည်။ ပါကစ္စတန်စစ်ခေါင်းဆောင်သည် အမေရိကန်ခေါင်းဆောင်နှင့် နေ့လယ်စာအတူစားရန်ရှိပြီး ဗုဒ္ဓဟူးနေ့ (ဝါရှင်တန်အချိန်) မွန်းလွဲ ၁ နာရီတွင် နေ့လယ်စာ အခမ်းအနားကို အိမ်ဖြူတော် ကက်ဘိနက်ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သမ္မတ၏ နေ့စဉ်အချိန်ဇယားအရ သိရသည်။ ဤတွေ့ဆုံပွဲသည် အရှေ့အလယ်ပိုင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထရန့်၏ ဒုတိယမြောက် သမ္မတသက်တမ်းအောက်တွင် နှစ်နိုင်ငံဆက်ဆံရေး အေးစက်မှုများ လျော့ပါးလာကြောင်း ပြသသည့် ရှားပါးသော တိုက်ရိုက်ထိတွေ့ဆက်ဆံမှုလည်းဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး...

မကွေးဆေးရုံကြီးတွင်ကိုဗစ်လူနာတစ်ဦးအသက်ဆုံး

ကိုဗစ်ဖြင့်ကွယ်လွန်သွားသူသည်မကွေးတိုင်း၊တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်၌နေထိုင်သည့် အသက် ၃၁နှစ်အရွယ်အမျိုးသားဖြစ်သည်။ သူသည်မကွေးမြို့ဆေးရုံကြီး၌တက်ရောက်ကုသနေစဉ် ဇွန်လ(၁၇)ရက်က​ေ-သဆုံးသွားကြောင်းမကွေးမြို့ မြေပြင်လူမှုကယ်ဆယ်ရေးအသင်းထံမှလည်း သိရသည်။ ​ေ-သဆုံးသွားသည့်ကိုဗစ်လူနာကိုမြေပြင်လူမှုကယ်ဆယ်ရေးအသင်းကစနစ်တကျထုပ်ပိုးပြီး ဇွန်လ ၁၈ ရက်ကမကွေးမြို့၊ချမ်းမြေ့သာယာသုသာန်ကိုကူညီပို့ဆောင်ပေးခဲ့သည်ဟူလည်းသိရသည်။ မြန်မာနိုင်ငံ၌ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ဇွန် ၁၆ ရက်ညပိုင်းကကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က အသိပေးခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှဇွန် ၈ ရက်ည ၈ နာရီမှ ဇွန် ၁၅ ရက်ည၈ နာရီအထိဓာတ်ခွဲနမူနာ(၂,၂၈၅) ခုကိုစစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထို့ပြင်လတ်တလောအချိန်၌ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွား‌ေ-သဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်းရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု အသိပေးခဲ့သည်။ ထို့အတူရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသော အသက်အရွယ်ကြီးသူများ၊...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေသည်ဟုမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး၏သံအမတ်ကြီးကဇာတ်လမ်းပုံပြင်များစုစည်းမှုစာအုပ်မိတ်ဆက်ခြင်းအခမ်းအနား၌ပြောကြားခဲ့သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ၏အဓိကအကျိုးစီးပွားများနှင့်အရေးကြီးသောကိစ္စရပ်များကိုအချင်းချင်းအခိုင်အမာထောက်ခံ၍စီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊အခြေခံအဆောက်အအုံ၊လျှပ်စစ်နဲ့ စွမ်းအင်၊ ပြည်သူအကျိုးပြုဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုရေး၊ယဉ်ကျေးမှုဖလှယ်ရေးနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဉ်ဆက်မပြတ်ရရှိခဲ့သည်ဟုပြောသည်။ ထို့ပြင်အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုကဲ့သို့သောနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုလည်း ပူးပေါင်းတိုက်ဖျက်ခဲ့ကြကာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅နှစ်တာကာလအတွင်း COVID(19)ရောဂါအားလက်တွဲပူးပေါင်းပြီးတိုက်ဖျက်ခဲ့ပြီးသဘာဝဘေးအန္တရာယ်များကိုလည်း တက်ညီလက်ညီကျော်လွှားနိုင်ခဲ့ကြသည်ဟုပြောသည်။ " နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅ နှစ်တာကာလမှာအေးအတူပူအမျှလက်တွဲရပ်တည်ဖို့ဆိုတာမလွယ်ဘူးလို့ အားလုံးခံစားရပြီးနှစ်နိုင်ငံဆက်ဆံရေး၊ကျန်းမာတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်အားနဲ့ဖြစ်ဖြစ်လူအားနဲ့ဖြစ်ဖြစ်အားထုတ်ကြိုးပမ်းနေကြပါတယ်"ဟုတရုတ်သံအမတ်ကြီးက ပြောသည်။ ထို့ပြင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်မှလည်းမြန်မာနိုင်ငံနှင့်အတူလက်တွဲကြိုးစား၍နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း၇၅ နှစ်မြောက်အထိမ်းအမှတ်ကိုသော့ချက်အဖြစ် “Belt and Road”ပူးပေါင်းဆောင်ရွက်မှုကိုအရည်အသွေးမြင့်ဖြင့်အရှိန်မြှင့်တင်ဆောင်ရွက်ပြီးကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ(GDl)၊ ကမ္ဘာလုံးဆိုင် ရာလုံခြုံရေးအစီအမံ(GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူ သားယဉ်ကျေးမှုအစီအမံ(GCI)ကိုအတူအကောင်ထည်ဖော်ကာတရုတ်မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းအား ပိုမိုနက်ရှိုင်းစွာ၊လက်တွေ့ကျစွာတိုးမြှင့်လုပ်ဆောင်ပြီးနှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုမှုများပိုမိုဆောင်ကြဉ်းပေးသွားရန်ဆန္ဒရှိကြောင်း အလေးပေးပြောကြားခဲ့သည်ဟုလည်း တရုတ်သံအမတ်ကြီးကပြောကြားခဲ့သည်။ ထို့အတူမြန်မာနိုင်ငံစားနပ်ရိက္ခာဖူလုံရေးအတွက်တရုတ်စိုက်ပျိုးရေးပညာရှင်များမှမြန်မာနိုင်ငံတွင်စပ်မျိုးနည်းပညာများကိုတက်သိသမျှအကုန်သင်ကြားပေးခဲ့ကာမြန်မာနိုင်ငံမှလတ်ဆက်သောရေ ထွက်ကုန်များ၊သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကိုအရည်သွေးမြင့်သောအအေးခန်းထောက်ပံ့ပို့ဆောင်မှုမှတစ်ဆင့်တရုတ်လူမျိုးများ၏ ထမင်းစားပွဲများသို့ တိုက်ရိုက်ပို့ဆောင်ပေးနေသည်ဟုလည်းတရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071