Wednesday, June 18, 2025

ထရမ့်နှင့် ပါကစ္စတန်စစ်ဦးစီးချုပ် အိမ်ဖြူတော်တွင် နေ့လယ်စာအတူစားကြမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝါရှင်တန်သို့ တရားဝင်ရောက်ရှိနေသော ပါကစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆိုင်ယက် အာဆင် မူနီယာနှင့် တွေ့ဆုံမည်ဖြစ်သည်။ ပါကစ္စတန်စစ်ခေါင်းဆောင်သည် အမေရိကန်ခေါင်းဆောင်နှင့် နေ့လယ်စာအတူစားရန်ရှိပြီး ဗုဒ္ဓဟူးနေ့...

မကွေးဆေးရုံကြီးတွင်ကိုဗစ်လူနာတစ်ဦးအသက်ဆုံး

ကိုဗစ်ဖြင့်ကွယ်လွန်သွားသူသည်မကွေးတိုင်း၊တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်၌နေထိုင်သည့် အသက် ၃၁နှစ်အရွယ်အမျိုးသားဖြစ်သည်။ သူသည်မကွေးမြို့ဆေးရုံကြီး၌တက်ရောက်ကုသနေစဉ် ဇွန်လ(၁၇)ရက်က​ေ-သဆုံးသွားကြောင်းမကွေးမြို့ မြေပြင်လူမှုကယ်ဆယ်ရေးအသင်းထံမှလည်း သိရသည်။ ​ေ-သဆုံးသွားသည့်ကိုဗစ်လူနာကိုမြေပြင်လူမှုကယ်ဆယ်ရေးအသင်းကစနစ်တကျထုပ်ပိုးပြီး ဇွန်လ ၁၈ ရက်ကမကွေးမြို့၊ချမ်းမြေ့သာယာသုသာန်ကိုကူညီပို့ဆောင်ပေးခဲ့သည်ဟူလည်းသိရသည်။ မြန်မာနိုင်ငံ၌ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ဇွန် ၁၆...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေသည်ဟုမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး၏သံအမတ်ကြီးကဇာတ်လမ်းပုံပြင်များစုစည်းမှုစာအုပ်မိတ်ဆက်ခြင်းအခမ်းအနား၌ပြောကြားခဲ့သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ၏အဓိကအကျိုးစီးပွားများနှင့်အရေးကြီးသောကိစ္စရပ်များကိုအချင်းချင်းအခိုင်အမာထောက်ခံ၍စီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊အခြေခံအဆောက်အအုံ၊လျှပ်စစ်နဲ့ စွမ်းအင်၊ ပြည်သူအကျိုးပြုဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုရေး၊ယဉ်ကျေးမှုဖလှယ်ရေးနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဉ်ဆက်မပြတ်ရရှိခဲ့သည်ဟုပြောသည်။ ထို့ပြင်အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုကဲ့သို့သောနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုလည်း ပူးပေါင်းတိုက်ဖျက်ခဲ့ကြကာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅နှစ်တာကာလအတွင်း COVID(19)ရောဂါအားလက်တွဲပူးပေါင်းပြီးတိုက်ဖျက်ခဲ့ပြီးသဘာဝဘေးအန္တရာယ်များကိုလည်း တက်ညီလက်ညီကျော်လွှားနိုင်ခဲ့ကြသည်ဟုပြောသည်။ " နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅ နှစ်တာကာလမှာအေးအတူပူအမျှလက်တွဲရပ်တည်ဖို့ဆိုတာမလွယ်ဘူးလို့ အားလုံးခံစားရပြီးနှစ်နိုင်ငံဆက်ဆံရေး၊ကျန်းမာတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်အားနဲ့ဖြစ်ဖြစ်လူအားနဲ့ဖြစ်ဖြစ်အားထုတ်ကြိုးပမ်းနေကြပါတယ်"ဟုတရုတ်သံအမတ်ကြီးက ပြောသည်။ ထို့ပြင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်မှလည်းမြန်မာနိုင်ငံနှင့်အတူလက်တွဲကြိုးစား၍နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း၇၅...

၅ စင်းမြောက် အစ္စရေး F-35...

အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် တီဟီရန်မြို့တောင်ဘက်ရှိ ဗာရာမင်မြို့ပေါ်တွင် အစ္စရေး F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း IRNA သတင်းအေဂျင်စီက မြို့နယ်အာဏာပိုင်ကိုယ်စားလှယ်တစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။ "စစ်တပ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဗာရာမင်မြို့နယ်ခရိုင်၊...
HomeNewsLocal Newsဗဟိုဘဏ်က ကန်ဒေါ်လာ သန်း...

ဗဟိုဘဏ်က ကန်ဒေါ်လာ သန်း (၂၀၀) ထုတ်ရောင်းမည်ဟု ထုတ်ပြန်ပြီးနောက် စက်သုံးဆီဈေးနှုန်း (၂၅၀) ကျော် ပြန်ကျ

ဗဟိုဘဏ်က ကန်ဒေါ်လာ သန်း (၂၀၀) ထုတ်ရောင်းမည်ဟု ထုတ်ပြန်ပြီးနောက် စက်သုံးဆီဈေးနှုန်း (၂၅၀) ကျော် ပြန်ကျ

စက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုးကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန် ဒေါ်လာ သန်း ၂၀၀ ထုတ်ရောင်းမည်ဟု ဗဟိုဘဏ်က သတင်းထုတ်ပြန်ပြီးနောက် ချက်ချင်းဆိုသလို စက်သုံးဆီဈေးနှုန်း ၂၅၀ ဝန်းကျင် ပြုတ်ကျသွားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ (၁) ရက် ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်နေသည့် ဈေးနှုန်းများအရ 92 (၁) လီတာလျင် ၂၃၇၅ ကျပ်၊ 95(၁) လီတာလျင် (၂၄၄၀) ကျပ်၊ ပရီမီယံ ဒီဇယ် (၁) လီတာလျင်  (၃၂၂၅) ကျပ်နှင့် ရိုးရိုး ဒီဇယ် (၁) လီတာလျင် (၃၁၄၀) ကျပ် ဈေးနှုန်းသတ်မှတ် ရောင်းချပေးနေကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းများမှာ စက်တင်ဘာ (၁) ရက်အတွက် စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မ တီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများ ဖြစ်သည်။

အလားတူ ပဲခူးတိုင်းတွင်လည်း 92 Ron တစ်လီတာလျင် ၂၃၈၀ ကျပ်သို့ ပြန်လည်ကျဆင်းလာပြီး မန္တလေး၊နေပြ ည်တော်၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီး၊ လွိုင်ကော်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၄၀၀ ကျပ်ကျော်သို့ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။

ထို့အတူ မြစ်ကြီးနားနှင့်စစ်တွေ တွင် ၂၅၀၀ ကျော်၊ဟားခါးတွင် ၂၆၀၀ ကျပ်ကျော်နှင့် ကျိုင်းတုံတွင် ၃၀၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း ရောင်းချရန် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော် မတီ၏ စက်သုံးဆီ ရည်ညွန်းလက်ကားစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ၂၂၆၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၂၇ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၃၀ ၁၁ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ် လီတာလျင် ၃၀၉၁ ကျပ်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်နှင့် ပါကစ္စတန်စစ်ဦးစီးချုပ် အိမ်ဖြူတော်တွင် နေ့လယ်စာအတူစားကြမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝါရှင်တန်သို့ တရားဝင်ရောက်ရှိနေသော ပါကစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆိုင်ယက် အာဆင် မူနီယာနှင့် တွေ့ဆုံမည်ဖြစ်သည်။ ပါကစ္စတန်စစ်ခေါင်းဆောင်သည် အမေရိကန်ခေါင်းဆောင်နှင့် နေ့လယ်စာအတူစားရန်ရှိပြီး ဗုဒ္ဓဟူးနေ့ (ဝါရှင်တန်အချိန်) မွန်းလွဲ ၁ နာရီတွင် နေ့လယ်စာ အခမ်းအနားကို အိမ်ဖြူတော် ကက်ဘိနက်ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သမ္မတ၏ နေ့စဉ်အချိန်ဇယားအရ သိရသည်။ ဤတွေ့ဆုံပွဲသည် အရှေ့အလယ်ပိုင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထရန့်၏ ဒုတိယမြောက် သမ္မတသက်တမ်းအောက်တွင် နှစ်နိုင်ငံဆက်ဆံရေး အေးစက်မှုများ လျော့ပါးလာကြောင်း ပြသသည့် ရှားပါးသော တိုက်ရိုက်ထိတွေ့ဆက်ဆံမှုလည်းဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး...

မကွေးဆေးရုံကြီးတွင်ကိုဗစ်လူနာတစ်ဦးအသက်ဆုံး

ကိုဗစ်ဖြင့်ကွယ်လွန်သွားသူသည်မကွေးတိုင်း၊တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်၌နေထိုင်သည့် အသက် ၃၁နှစ်အရွယ်အမျိုးသားဖြစ်သည်။ သူသည်မကွေးမြို့ဆေးရုံကြီး၌တက်ရောက်ကုသနေစဉ် ဇွန်လ(၁၇)ရက်က​ေ-သဆုံးသွားကြောင်းမကွေးမြို့ မြေပြင်လူမှုကယ်ဆယ်ရေးအသင်းထံမှလည်း သိရသည်။ ​ေ-သဆုံးသွားသည့်ကိုဗစ်လူနာကိုမြေပြင်လူမှုကယ်ဆယ်ရေးအသင်းကစနစ်တကျထုပ်ပိုးပြီး ဇွန်လ ၁၈ ရက်ကမကွေးမြို့၊ချမ်းမြေ့သာယာသုသာန်ကိုကူညီပို့ဆောင်ပေးခဲ့သည်ဟူလည်းသိရသည်။ မြန်မာနိုင်ငံ၌ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ဇွန် ၁၆ ရက်ညပိုင်းကကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က အသိပေးခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှဇွန် ၈ ရက်ည ၈ နာရီမှ ဇွန် ၁၅ ရက်ည၈ နာရီအထိဓာတ်ခွဲနမူနာ(၂,၂၈၅) ခုကိုစစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထို့ပြင်လတ်တလောအချိန်၌ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွား‌ေ-သဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်းရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု အသိပေးခဲ့သည်။ ထို့အတူရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသော အသက်အရွယ်ကြီးသူများ၊...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေသည်ဟုမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး၏သံအမတ်ကြီးကဇာတ်လမ်းပုံပြင်များစုစည်းမှုစာအုပ်မိတ်ဆက်ခြင်းအခမ်းအနား၌ပြောကြားခဲ့သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ၏အဓိကအကျိုးစီးပွားများနှင့်အရေးကြီးသောကိစ္စရပ်များကိုအချင်းချင်းအခိုင်အမာထောက်ခံ၍စီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊အခြေခံအဆောက်အအုံ၊လျှပ်စစ်နဲ့ စွမ်းအင်၊ ပြည်သူအကျိုးပြုဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုရေး၊ယဉ်ကျေးမှုဖလှယ်ရေးနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဉ်ဆက်မပြတ်ရရှိခဲ့သည်ဟုပြောသည်။ ထို့ပြင်အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုကဲ့သို့သောနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုလည်း ပူးပေါင်းတိုက်ဖျက်ခဲ့ကြကာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅နှစ်တာကာလအတွင်း COVID(19)ရောဂါအားလက်တွဲပူးပေါင်းပြီးတိုက်ဖျက်ခဲ့ပြီးသဘာဝဘေးအန္တရာယ်များကိုလည်း တက်ညီလက်ညီကျော်လွှားနိုင်ခဲ့ကြသည်ဟုပြောသည်။ " နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅ နှစ်တာကာလမှာအေးအတူပူအမျှလက်တွဲရပ်တည်ဖို့ဆိုတာမလွယ်ဘူးလို့ အားလုံးခံစားရပြီးနှစ်နိုင်ငံဆက်ဆံရေး၊ကျန်းမာတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်အားနဲ့ဖြစ်ဖြစ်လူအားနဲ့ဖြစ်ဖြစ်အားထုတ်ကြိုးပမ်းနေကြပါတယ်"ဟုတရုတ်သံအမတ်ကြီးက ပြောသည်။ ထို့ပြင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်မှလည်းမြန်မာနိုင်ငံနှင့်အတူလက်တွဲကြိုးစား၍နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း၇၅ နှစ်မြောက်အထိမ်းအမှတ်ကိုသော့ချက်အဖြစ် “Belt and Road”ပူးပေါင်းဆောင်ရွက်မှုကိုအရည်အသွေးမြင့်ဖြင့်အရှိန်မြှင့်တင်ဆောင်ရွက်ပြီးကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ(GDl)၊ ကမ္ဘာလုံးဆိုင် ရာလုံခြုံရေးအစီအမံ(GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူ သားယဉ်ကျေးမှုအစီအမံ(GCI)ကိုအတူအကောင်ထည်ဖော်ကာတရုတ်မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းအား ပိုမိုနက်ရှိုင်းစွာ၊လက်တွေ့ကျစွာတိုးမြှင့်လုပ်ဆောင်ပြီးနှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုမှုများပိုမိုဆောင်ကြဉ်းပေးသွားရန်ဆန္ဒရှိကြောင်း အလေးပေးပြောကြားခဲ့သည်ဟုလည်း တရုတ်သံအမတ်ကြီးကပြောကြားခဲ့သည်။ ထို့အတူမြန်မာနိုင်ငံစားနပ်ရိက္ခာဖူလုံရေးအတွက်တရုတ်စိုက်ပျိုးရေးပညာရှင်များမှမြန်မာနိုင်ငံတွင်စပ်မျိုးနည်းပညာများကိုတက်သိသမျှအကုန်သင်ကြားပေးခဲ့ကာမြန်မာနိုင်ငံမှလတ်ဆက်သောရေ ထွက်ကုန်များ၊သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကိုအရည်သွေးမြင့်သောအအေးခန်းထောက်ပံ့ပို့ဆောင်မှုမှတစ်ဆင့်တရုတ်လူမျိုးများ၏ ထမင်းစားပွဲများသို့ တိုက်ရိုက်ပို့ဆောင်ပေးနေသည်ဟုလည်းတရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071