Wednesday, December 17, 2025

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...
HomeInternationalဗင်နီဇွဲလား ဆယ်လီတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတဲ့...

ဗင်နီဇွဲလား ဆယ်လီတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ကို ရော်နယ်ဒို ငြင်းဆို

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဗင်နီဇွဲလားနိုင်ငံသူ အိမ်ထောင်သည် ဆယ်လီတစ်ဦးနဲ့ အတူတူအိပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ပြတ်ပြတ်သားသား  ငြင်းဆိုလိုက်ပါတယ်။

ဘလော့ဂါတစ်ဦးဖြစ်တဲ့ ဂျော်ဂျီလာရာ က ရော်နယ်ဒိုနဲ့ သူဟာ ပြီးခဲ့နှစ် မတ်လ ၂၅ ရက်နေ့က ပေါ်တူဂီနိုင်ငံမှာရှိတဲ့ ဟိုတယ်အခန်းတစ်ခုမှာ အတူအိပ်ခဲ့ကြတယ်လို့ ပြောလာပါတယ်။ 

ဂျော်ဂျီလာရာ က သူဟာ ရော်နယ်ဒိုနဲ့ သူရဲ့ ပေါ်တူဂီအသင်းဖော်တွေနဲ့ ဆယ်လီအတူ ရိုက်ခဲ့ပြီးတဲ့နောက် ရော်နယ်ဒိုဆီကနေ သူ့ရဲ့ ဟိုတယ်အခန်းထဲကို လာခဲ့ဖို့ ဖိတ်ခေါ်တဲ့ မတ်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ဖိတ်ခေါ်ခဲ့တဲ့အပေါ် ကိုလည်း ရင်းနှီးချင်လို့ စကားပြောရအောင် ဖိတ်ခေါ်တာမျိုးထင်ပြီး သွားခဲ့ပေမယ့် အတူအိပ်ဖြစ်သွားတယ်လို့ ဂျော်ဂျီလာရာ က ပြောလာပါတယ်။

သူကိုယ်တိုင် ခွင့်ပြုလို့ အဲဒီလိုမျိုးကိစ္စမျိုး ဖြစ်သွားပေမယ့် ရော်နယ်ဒိုရဲ့ ကျော်ကြားမှုနဲ့ ဂုဏ်ရှိန်ကြောင့် လှည့်စားခံရသလိုမျိုး ခံစားခဲ့ရပါတယ်လို့ ဂျော်ဂျီလာရာ က ထုတ်ဖော်ပြောလာပါတယ်။

ဂျော်ဂျီလာရာရဲ့ ပြောဆိုချက်အရ သူနဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီနိုင်ငံမြောက်ပိုင်း ဗီလာ နိုဗာ ဒယ် ဂိုင်ရာ မြို့မှာရှိတဲ့ ဆိုဗာဒီ ဟိုတယ်မှာ အိပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမြို့ကို ရော်နယ်ဒိုနဲ့ သူရဲ့ အသင်းဖော်တွေက ကာတာကမ္ဘာ့ဖလားအတွက် လေ့ကျင့်ပြင်ဆင်ဖို့ ရောက်ရှိနေခဲ့တာပါလို့လည်း သိရပါတယ်။

ဂျော်ဂျီလာရာ က သူဟာ အင်စတာဂရမ်မှာ နာမည်ရှိပြီးသူဖြစ်တဲ့အတွက် အခုလိုမျိုး ထုတ်ဖော်ပြောလာတာဟာ ကျော်ကြားဖို့နဲ့ ပိုက်ဆံရဖို့အတွက် မဟုတ်ပါဘူး ဟူ၍လည်း ပြောထားပါတယ်။

အဲလိုစွပ်စွဲချက်တွေအပေါ် ရော်နယ်ဒိုရဲ့ ပြောရေးဆိုခွင့်ရှိသူက မှားယွင်းပြီး ဂုဏ်သိက္ခာကျဆင်းစေတဲ့ လုပ်ရပ်ဆိုပြီး တုံ့ပြန်ထားပါတယ်။

ရော်နယ်ဒိုဟာ ခြောက်နှစ်နီးပါး တွဲလာခဲ့တဲ့ လက်ရှိချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့အတူ ကလေး ၂ ယောက်မွေးထားကာ ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Source: Daily Mail

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း ဇယားသည် ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့ ယှဉ်ပြိုင်မှုများအထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဇယားတွင် မြန်မာက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၉ဆု၊ ကြေးတံဆိပ် ၂၄ ဆု ရရှိထားသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးတစ်ဦးချင်း လိုက်ဝိတ်ပွဲစဉ်၌ မြန်မာက ကြေးတံဆိပ် ရရှိထားသည်။ မြန်မာအတွက် ရွှေတံဆိပ်ဆု...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071