Thursday, February 19, 2026

ဒလတံတားဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေလာ

သင်္ဘောစီး ခရီးသည်များလည်းရှိနေသေးသဖြင့် သင်္ဘောအသုံးပြုမှုများပြားဆဲဖြစ် ရန်ကုန်မြို့နှင့် ဒလမြို့နယ်ကို ဆက်သွယ်ထားသည့် ဒလတံတား ဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့လာခဲ့သော်လည်း ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များ အသုံးပြုနေသည့် ခရီးသည်အရေအတွက်မှာ...

ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်မည်–ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ် တာရစ်ရာမန်သည် သူ၏ ပါတီက အပြ-တ်အသ-တ်အနိုင်ရရှိခဲ့သော လွှတ်တော်ရွေးကောက်ပွဲများအပြီး၌ မွတ်ဆလင်တို့၏ မြင့်မြတ်သော ရမ်ဇာန်လအတွင်း ကုန်ဈေးနှုန်းများကို တည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန်နှင့်...

ဒီယေဂိုဂါးရှားကျွန်း ငှားရမ်းမှုနှင့်ပတ်သက်၍ဗြိတိန်ကိုထရမ့်ပ်ဝေဖန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် အိန္ဒိယသမုဒ္ဒရာရှိ ချားဂိုးစ်ကျွန်းစုတွင် တည်ရှိပြီး အမေရိက-ဗြိတိန်တို့အတွက် အဓိကကျသော စစ်အခြေစိုက်စခန်းဖြစ်သည့် ဒီယေဂိုဂါးရှားကျွန်းကို ဗြိတိန်၏ ငှားရမ်းမှုအစီအစဉ်သည် "အမှားကြီးတစ်ခု"...

အီရန်ကို အမေရိက ထပ်မတို-က်ရန် လက်ဗ်ရော့ဗ်...

အီရန်အပေါ် အမေရိက၏ ထပ်မံတို-က်ခိုက်မှု မှန်သမျှသည် ပြင်းထန်သော အကျိုးဆက်များဖြစ်လာလိမ့်မည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ပြောကြားခဲ့ပြီး ငြိမ်းချမ်းသောနျူကလီးယားအစီအစဉ်သို့...
HomeNewsLocal Newsဗင်နီဇွဲလားယာယီသမ္မတနှင့်ယူအက်စ် တောင်ပိုင်းတိုင်းမှူးဆွေးနွေး

ဗင်နီဇွဲလားယာယီသမ္မတနှင့်ယူအက်စ် တောင်ပိုင်းတိုင်းမှူးဆွေးနွေး

ကာရာကတ်စ်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက်

ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီ ဂေး သည် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဖရန်စစ် ဒိုနိုဗန် နှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရနှင့် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ပြောကြားခဲ့ပသည်။

ကာရာကတ်စ်မြို့တွင် ပြုလုပ်သည့် ရိုဒရီ ဂေးနှင့် ဒိုနိုဗန်တို့၏ တွေ့ဆုံမှုအတွင်း ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖေ-ာက်ကားမှုနှင့် အကြမ်းဖက်မှုများကို ပူးတွဲတိုက်ဖျက်ရန် ဗင်နီဇွဲလားနှင့် အမေရိက တို့ သဘောတူညီခဲ့ကြကြောင်း ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီး မီဂွယ် ပေရေး ပီ‌ရေလား က ပြောကြားခဲ့သည်။

“တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ အကြမ်းဖက်မှုကို တို-က်ဖျ-က်ဖို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ရေးဆွဲဖို့နဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ကိစ္စရပ်တွေကို ပူးတွဲဖြေရှင်းဖို့ နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြပါတယ်” ဟု ပီ ရေးလားက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ သတင်းထုတ်ပြန်ချက်အရ ဒိုနိုဗန်၊ ဗင်နီဇွဲလားဆိုင်ရာ အမေရိကန်ရေးရာဌာနမှ တာဝန်ခံ လော်ရာ ဒိုဂူး နှင့် အမိမြေကာကွယ်ရေးနှင့် အမေရိကတိုက်ဆိုင်ရာ အမေရိကန် ယာယီလက်ထောက်စစ်ဘက်ဝန်ကြီး ဂျိုးဇက် ဟူမိုင်းရား တို့သည် ဗုဒ္ဓဟူးနေ့တွင် ကာရာကတ်စ်မြို့၌ ဗင်နီဇွဲလားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဆွေးနွေးမှုတွေဟာ လုံခြုံရေးဝန်းကျင် အခြေအနေ၊ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အဆင့်သုံးဆင့်ပါ အစီအစဉ် (အထူးသဖြင့် ဗင်နီဇွဲလားနိုင်ငံ တည်ငြိမ်ရေး) ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ရမယ့် အဆင့်တွေနဲ့ အနောက်ကမ္ဘာခြမ်း လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပုံတွေအပေါ် အာရုံစိုက်ခဲ့ကြပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲများသည် အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ် ဝရိုက် ၏ ဗင်နီဇွဲလား ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံစလုံးသည် ဗင်နီဇွဲလား၏ စွမ်းအင်ဆိုင်ရာ အချုပ်အခြာအာဏာနှင့် နှစ်နိုင်ငံဆက်ဆံရေး မူဘောင်အတွင်းရှိ စွမ်းအင်ကဏ္ဍ အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒလတံတားဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေလာ

သင်္ဘောစီး ခရီးသည်များလည်းရှိနေသေးသဖြင့် သင်္ဘောအသုံးပြုမှုများပြားဆဲဖြစ် ရန်ကုန်မြို့နှင့် ဒလမြို့နယ်ကို ဆက်သွယ်ထားသည့် ဒလတံတား ဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့လာခဲ့သော်လည်း ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များ အသုံးပြုနေသည့် ခရီးသည်အရေအတွက်မှာ များပြားနေဆဲဖြစ်ကြောင်း သိရသည်။ ဒလတံတား ဖွင့်လှစ်ခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေတိုးတက်လာခဲ့သည်။ သို့ရာတွင် ရန်ကုန်မြို့နှင့် ဒလမြို့အကြား နေ့စဉ် လုပ်ငန်းသွားလာသူများ၊ သင်္ဘောစီးခြင်းကို အလေ့အထဖြစ်နေသူများနှင့် ခရီးသွားအချို့က ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များကို ဆက်လက် အသုံးပြုနေကြောင်း သိရသည်။ ခရီးသည်အချို့က သင်္ဘောစီးရာတွင် ကုန်ကျစရိတ် သက်သာခြင်း၊ သွားလာရာ လွယ်ကူမှုနှင့် မြစ်မြင်ကွင်းကြည့်ရှုနိုင်ခြင်းတို့ကြောင့် သင်္ဘောအသုံးပြုမှု မလျော့သေးကြောင်း...

ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်မည်–ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ် တာရစ်ရာမန်သည် သူ၏ ပါတီက အပြ-တ်အသ-တ်အနိုင်ရရှိခဲ့သော လွှတ်တော်ရွေးကောက်ပွဲများအပြီး၌ မွတ်ဆလင်တို့၏ မြင့်မြတ်သော ရမ်ဇာန်လအတွင်း ကုန်ဈေးနှုန်းများကို တည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန်နှင့် စီးပွားရေးနှင့် အခြေခံအဆောက်အဦးပြုပြင်ပြောင်းလဲရေးကို မြှင့်တင်သွားမည်ဟု ကတိပြုခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာနှင့် လုပ်ကြံခံခဲ့ရသော သမ္မတဟောင်း ဇိုင်ယာရာမန်တို့၏ သားဖြစ်သည့် အသက် ၆၀ အရွယ် ရာမန်သည် အင်္ဂါနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တိုင်းပြည်အတွက် အရေးကြီးသောအချိန်တွင် ရာထူးတာဝန်ထမ်းဆောင်ခဲ့ရသည်။ ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ရုပ်သံမှတဆင့် ရာမန်က ဥပုသ်လအစ ရမ်ဇာန်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကုန်သည်များအနေဖြင့် အမြတ်ကြီးစားမလုပ်ကြရန် သတိပေးခဲ့သည်။ ဆန်၊ စားသုံးဆီ၊...

ဒီယေဂိုဂါးရှားကျွန်း ငှားရမ်းမှုနှင့်ပတ်သက်၍ဗြိတိန်ကိုထရမ့်ပ်ဝေဖန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် အိန္ဒိယသမုဒ္ဒရာရှိ ချားဂိုးစ်ကျွန်းစုတွင် တည်ရှိပြီး အမေရိက-ဗြိတိန်တို့အတွက် အဓိကကျသော စစ်အခြေစိုက်စခန်းဖြစ်သည့် ဒီယေဂိုဂါးရှားကျွန်းကို ဗြိတိန်၏ ငှားရမ်းမှုအစီအစဉ်သည် "အမှားကြီးတစ်ခု" ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ အီရန်နှင့် တင်းမာမှုများ မြင့်တက်လာပါက အဆိုပါကျွန်းသည် အလွန်အရေးပါလာနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ၂၀၂၅ ခုနှစ် မေလတွင် ကြေညာခဲ့သည့် သဘောတူညီချက်အရ ဗြိတိန်သည် ချားဂိုးစ်ကျွန်းစု၏ အချုပ်အခြာအာဏာကို မောရစ်ရှနိုင်ငံထံ လွှဲပြောင်းပေးရန် သဘောတူခဲ့ပြီး ဒီယေဂိုဂါးရှားကျွန်းကိုမူ တစ်နှစ်လျှင် ဗြိတိန်ပေါင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071