Saturday, June 27, 2026

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...
HomeNewsLocal Newsဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌပြော

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်စွမ်းအင်မရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုထိုက်သင့်သလောက်ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေးအတွက် လျှပ်စစ် ဓာတ်အားပေးစီမံကိန်းများကို ယခင်ကာလများကပင်ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ရှိရင်းစွဲလျှပ် စစ်ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှုမရှိခဲ့သဖြင့် လျှပ်စစ်ဓာတ်အားဖူလုံမှုမရှိခြင်းဖြစ်သည်ဟု ပြောသည်။

” ထင်ရှားတဲ့ဥပမာတစ်ခုကိုပြရမယ်ဆိုရင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိရင် မဂါဝပ် ၆ဝဝဝ ရရှိမှာဖြစ်ပါတယ်။ ရှိပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ပေါင်းစပ်လိုက်မယ်ဆိုရင် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်တဲ့အနေအထားကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ကာ ပြည်ဖြိုးမြဲစွမ်းအင်တွင် ရေအား၊ လေအားနှင့် နေအားဟူ၍ရှိသည်ဟု ပြောသည်။

ရေ အားလျှပ်စစ်စီမံကိန်းများကို မိမိတို့နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်ချောင်းများပေါ်၌ဆောင်ရွက်၍ရနိုင်သော်လည်း အချို့နေရာများ၌ လုံခြုံရေးအခြေအနေအရ စီမံကိန်းများရပ်တန့်ထားရခြင်းများနှင့် လုပ်ငန်းဆောင်ရွက်၍မရနိုင်သည်များလည်းရှိခြင်းကြောင့် လုပ်ဆောင်၍ရနိုင်သည့်နေရာများကိုဖော်ထုတ် ဆောင်ရွက်ကာ အနိမ့်တမံ Low-Head Dam များပြုလုပ်၍ ရေအားလျှပ်စစ်ထုတ်ယူ၍ရနိုင်မည်ဖြစ်သည်ဟု နစကဥက္ကဋ္ဌကပြောသည်။

အလားတူ မိမိတို့နိုင်ငံသည် နေသာသည့်နေ့ရက်များပြားသောနိုင်ငံဖြစ်ရာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်စွမ်းအင်ထုတ်ယူခြင်းနှင့် ဆိုလာ ထုတ်လုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ရမည်ဖြစ်ပြီး ဆိုလာများသည်အနာဂတ်တွင် လိုအပ်ချက်ကြီးမားလာနိုင်သည်ဟု ပြောသည်။

ထို့ကြောင့် တိုင်းနှင့် ပြည်နယ်များ၌ Small Skill ဆိုလာစက်ရုံများကို ဆောင်ရွက်သင့်ကာ ပြည့်ဖြိုးမြဲ စွမ်းအင်နှင့်ပတ်သက်၍ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည်ဟူသော မူဝါဒကိုချမှတ်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် စက်သုံးဆီခွဲတမ်း မရရှိမှုအပေါ် လွှတ်တော်တွင် မေးမြန်း

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စက်သုံးဆီခွဲဝေဖြန့်ဖြူးရေး အစီအစဉ်များကို သိရှိလိုကြောင်း နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့များသည် စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသများဖြစ်ကြောင်း၊ ဒေသခံများ၏ တင်ပြချက်များအရ စက်သုံးဆီဈေးနှုန်းများမှာ အစိုးရရည်ညွှန်းဈေးထက်...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန် ယူကရိန်းကို လူကာရှန်ကို သတိပေး

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဘီယော့ဗ်နှင့် တွေ့ဆုံစဉ် လူကာရှန်ကိုက “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးခြင်းပဲ” ဟု ပြောကြားခဲ့ပြီး ဘီလာရုစ်နိုင်ငံ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးကို အခြေခံထားကြောင်း အလေးပေးပြောဆိုခဲ့သည်။ ထို့ပြင် ဘီလာရုစ်သည် ယူကရိန်းနှင့် အထူးသဖြင့် နယ်စပ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုခြင်းမရှိကြောင်း၊ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးမှုများဖြင့်...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့် အသင်းဝင်လှေပိုင်ရှင်များက လှေစီးဝန်ဆောင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားအချို့လည်း လာရောက်လည်ပတ်နေကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် နှစ်စဉ် လှေအစီးရေ ၅၀ ခန့်ဖြင့် အပန်းဖြေလှေစီးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လှေစီးခမှာ ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၅,၀၀၀ နှင့်အထက် ကျသင့်ကြောင်း သိရသည်။ ဧရာဝတီမြစ်နှင့် ဆက်စပ်နေသည့် တောင်သမန်အင်းသည် မိုးရာသီအစ ဇွန်လလယ်ခန့်မှစ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071