Saturday, May 17, 2025

ငလျင်ကြီးကြောင့် ပျ-က်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ...

မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်ရှိ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Town Plan...

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏...

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊...

မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA...

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊...
HomeNewsLocal Newsဖြတ်သန်းသွားလာခွင့်ပိတ်ထားဆဲဖြစ်သည့် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး

ဖြတ်သန်းသွားလာခွင့်ပိတ်ထားဆဲဖြစ်သည့် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတွင် ဒီဇင်ဘာ ၂၂ ရက်ကဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများနှင့်တော်နော်ရေတံခွန်အနီးရှိ ချောင်းကူးတံတားတို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် အာရှလမ်းမကြီးအား ဖြတ် သန်းသွားလာခွင့်ယာယီပိတ်ထားကြောင်း သိရသည်။

“လုံခြုံရေးအခြေအနေအရ အတက်/အဆင်း ပိတ်ထားတယ် ကော့ကရိတ်ကပြန်အဆင်းနားလောက်မှာဆိုရင် တွဲကားနဲ့ပိတ်ထားတာ ဆိုင်ကယ်တွေကအစသွားလို့မရဘူး လုံခြုံရေးအခြေအ နေအရပိတ်ထားတဲ့သဘောပေါ့”ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားသဖြင့် မဖြစ်မနေသွားလာရမည့်သူ များသည် ကားကြီးများနှင့်ကားအောက်ပိုင်းမြင့်သည့်ကားများသာသွားလာနိုင်သော ထော့်ကော်ကိုးလမ်းမှသာ သွားလာနေရသည်ဟု သိရသည်။

“မြဝတီနဲ့ကော့ကရိတ်ကိုသွားတဲ့လမ်းက ၃ လမ်းရှိတယ် အာရှလမ်းရယ် အရင်လမ်းဟောင်းရယ် ထော့ကော်ကိုးလမ်းရယ်ပေါ့ လမ်းဟောင်းကလည်းသွားလာလို့ မရဲကြတဲ့အတွက် ထော့ကော်ကိုးလမ်းကပဲသွားနေကြတာများတယ် လမ်းက တော့အတော်ကြမ်းတယ် မြေသားလမ်းပါ”ဟု လူ မှုကူညီရေးအသင်းဝင်ကပြောသည်။

လက်ရှိအချိန်၌ အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာရန်စောင့်ဆိုင်းနေသည့် ကုန်တင်ကားများ၊ခရီးသည်တင်ကားများနှင့်ကိုယ်ပိုင်ကားများ သည် ရာချီရှိနေကာ ရောက်ရှိသည့်နေရာ၌ရပ်တန့်၍ ဖြတ်သန်းခွင့်ရမည့်အချိန်အား စောင့်ဆိုင်းကြကြောင်း သိရသည်။

ထိုသို့ စောင့်ဆိုင်းနေရသဖြင့် ထိုင်းနိုင်ငံဘက်သို့ပို့ရန် ကုန်တင်ကားများပေါ်တွင်တင်ဆောင်လာသည့် အသီးအနှံများနှင့်ဟင်းသီးဟင်းရွက်များအား ပျက်စီးမည်ကိုစိုးရိမ်၍ ပြန်လည်ရောင်းချမှုများလည်းရှိနေကြောင်း သိရသည်။

“ပုတ်ကုန်ပေါ့ ဟင်းသီးဟင်းရွက်တွေက လမ်းကဘယ်အချိန်မှဖြတ်လို့ရမလဲဆိုတာလည်းမသိရတော့ စျေးလျော့ပြီး စရိတ်ကျေအောင်ပြန်ရောင်းနေကြတဲ့သဘောပါ တစ်ချို့ကားတွေဆိုရင်ပြန်လှည့်သွားကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်ကပြောသည်။

လက်ရှိအချိန်၌ အာရှလမ်းမကြီးအားဖြတ်သန်းသွားလာခွင့်ပိတ်ထားရာတွင် မြဝတီမြို့သို့သွားမည့်ကားများအား တံတားကျိုးစစ်ဆေးရေးဂိတ်နှင့် မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့သွား လာမည့်ကားများအား သင်္ဃန်းညီနောင်ရှိ အာရှလမ်းသစ်လမ်းဆုံတို့မှစ၍ ဖြတ်သန်းခွင့်ပိတ်ထားကြောင်း သိရသည်။

Photo-ဘီဝမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ကြီးကြောင့် ပျ-က်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အတွက် Town Plan ရေးဆွဲ

မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်ရှိ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Town Plan ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကိုလည်းနေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁)ရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ မေ (၁၆)ရက်က ကျင်းပခဲ့သေးသည်။ အစည်းအဝေး တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ Town Plan အတွက် မြေနေရာရွေးချယ်ထားရှိမှု အခြေအနေကို မြေပြင်တွင် အသေးစိတ်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး Town Plan ရေးဆွဲရာတွင် မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန်၊...

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏ အေဂျင့်က ပြောကြားလိုက်သည်။ “ရဲတပ်ဖွဲ့က လောလောဆယ်မှာ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါကြောင့် ရလဒ်တွေ ထွက်ပေါ်လာတာနဲ့ အမြန်ဆုံး အသိပေးသွားမှာပါ” ဟု သူ၏ အေဂျင်စီ Son & Football Limited ကသတင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ “ဒီဖြစ်ရပ်မှာ ဆွန်ဟောင်မင်က သားကောင်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု သတင်း၌ ရေးသားဖေါ်ပြထားသည်။ ရဲတပ်ဖွဲ့က...

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်၍ ဆောင်ရွက်ဆဲလက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၃)ခုနှင့် စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၆)ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ အရန်သင့်အစားအစာများပြင်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့်သံမဏိအခြေခံပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်း(၉၇၁)ဦးဖန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071