Looking for something?

Explore the website

Looking for something?

Saturday, June 7, 2025

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် (၇,၆၀၀)...

မြေဩဇာကော်မတီက ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလုပ်လိုသူပေါင်း (၇,၆၀၀) ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ ထပ်မံလျှောက်ထားလိုသူများကိုလည်း စိစစ်၍လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။ မြေဩဇာများ တင်သွင်းခွင့်၊...

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း...

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင်...
HomeNewsLocal Newsဖေဖော်ဝါရီ ၁ ရက်မှစတင်၍...

ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ခရီးသည်တင် YBS ကားများ တစ်စီးနှင့်တစ်စီးလုယက်မောင်းနှင်ပြီး ကျော်တက်ပါက ဒဏ်ငွေချမှတ်ခံရမည်

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် YBS ကားများ တစ်စီးနှင့်တစ်စီးလုယက်မောင်းနှင်၍ ကျော်တက်ပါက ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ဒဏ်ငွေချမှတ်သွားမည်ဖြစ်သည်။

ဇန်နဝါရီ ၂၀ရက် နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ကြီးမှူးပြုလုပ်သည့် YBS ယာဉ်မောင်းများ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆွေးနွေးပွဲအမှတ်စဉ်(၁၉)တွင် YRTC တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။

YRTC ၏အဓိက ရည်မှန်းချက်ဖြစ်သည့်“ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်”ဖြစ်ထွန်းစေရန် မိမိတို့၏ ကျေးဇူးရှင်များဖြစ်သည့် ခရီးသွားလုပ်သားပြည်သူများစီးနင်းလိုက်ပါသည့် ယာဉ်သည် သန့်ရှင်းသပ်ရပ်ပြီး ဝန်ဆောင်မှုကောင်းကောင်းဖြင့် လိုရာခရီးကိုပို့ဆောင်ပေးရမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယာဉ်စီးခသတ်မှတ်နှုန်းထက် ပိုမိုကောက်ခံခြင်း၊ စပယ်ယာ(ယာဉ်နောက်လိုက်)တင်မောင်းခြင်းများမပြုလုပ်ရန်လည်း မှာကြားခဲ့သည်။

“ဖေဖော်ဝါရီ ၁ ရက်ကစပြီး YBS ကားတွေ တစ်စီးနဲ့တစ်စီးကျော်တက်မောင်းနှင်ရင် တစ်ကြိမ်ကျော်တက်ရင် ဒဏ်ငွေ ၁၀၀၀၀ ချမှတ်သွားမှာပါ”ဟု YRTC တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

ထို့ပြင် YBS များသည် လက်ယာကပ်မောင်းရမည်ဖြစ်ပြီး အခြားယာဉ်များပိတ်နေပါက ဒုတိယယာဉ်ကြောသို့တက်၍ မောင်းနှင်ရမည်ဖြစ်ကာ ယာဉ်များတစ်စီးနှင့်တစ်စီး ကျော်ခွရပ်ထားခြင်းကြောင့် လမ်းကြောအားလုံးပိတ်သွားခြင်းမျိုးကြုံတွေ့နေရကြောင်း လမ်းအသုံးပြုသူများတိုင်ကြားလာ၍ စည်းကမ်းထိန်းသိမ်းရေးနှင့်စစ်ဆေးရေးအဖွဲ့၊ နည်းပညာ Telematics စက်များဖြင့် စောင့်ကြည့်နေမည်ဟု ပြောသည်။

YBS ကုမ္ပဏီတစ်ချို့မှယာဉ်မောင်းများသည် ခေါက်ရေပြည့်ရုံမောင်းနှင်ကြ၍ ခရီးသည်များမှတ်တိုင်မှတားစီးသော်လည်း မရပ်ပေးခြင်းများကိုကြုံတွေ့နေရသည်ဟု ပြောသည်။

“ဒဏ်ကြေးလိုချင်လို့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတာမဟုတ်ပါဘူး ယာဉ်မောင်းတွေအနေနဲ့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာစေဖို့ရည်ရွယ်ချမှတ်တာပါ”ဟု YRTC တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်၊

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် (၇,၆၀၀) ကျော် ခွင့်ပြုထား

မြေဩဇာကော်မတီက ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလုပ်လိုသူပေါင်း (၇,၆၀၀) ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ ထပ်မံလျှောက်ထားလိုသူများကိုလည်း စိစစ်၍လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။ မြေဩဇာများ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်နှင့်တင်ပို့ခွင့်များကို လျှောက်ထားသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး လျှောက်ထား သူ၏ မှတ်ပုံတင်မိတ္တူ၊ ပြည်ပကုမ္ပဏီ၏ စံချိန်းညွှန်းပြည့်မီကြောင်း ကတိဝန်ခံချက်၊ မြေဩဇာနမူနာနှင့် မြေဩဇာအိတ်ခွံ နမူနာစသဖြင့် လိုအပ်ကြောင်း သိရသည်။ ထို့ပြင် မြေဩဇာတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများသည် ပြည်တွင်း၌ တင်သွင်းဖြန့်ဖြူးမည်ဆိုပါက ကုန်သွယ်ရေးဦးစီးဌာန မြေဩဇာစစ်ဆေးရေးအဖွဲ့က ထောက်ခံစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင်...

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း တရုတ်သံရုံး ထုတ်ပြန်

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊ သားသမီးများလည်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။ အာဆီယံဗီဇာသည် အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သည့် (Multiple Entry) နှင့် အရှည်ဆုံး ဗီဇာသက်တမ်း (၅) နှစ်ထိ၊ အရှည်ဆုံး နေထိုင်ခွင့်ကာလ ရက် (၁၈၀) ရှိသည်။ ဗီဇာလျှောက်ထားမှုများကို လာမည့် ဇွန် (၉) ရက်ကစပြီး စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အာဆီယံဗီဇာလျှောက်ထားလိုသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ သိရသည်။ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ပထမတန်း (အဟောင်း) (၂၄) ပြည် ဆန်တအိတ်လျှင် ကျပ် (၁၅၅,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ပထမတန်း (အသစ်) (၂၄) ပြည် ဆန်တအိတ်လျှင်ရည်ညွှန်းဈေး ကျပ် (၁၄၀,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ဒုတိယတန်း (အဟောင်း)(၂၄) ပြည် ဆန်တအိတ်လျှင် ရည်ညွှန်းဈေး ကျပ် (၁၅၀,၀၀၀) နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071