မနက်ဖြန် ဖေဖော်ဝါရီ ၂၆ ရက်ည ၆ နာရီ ၄၅ မိ နစ်၌ နီပေါအမျိုးသမီးလက်ရွေးစင်ဘောလုံးအ သင်းနှင့်ယှဥ်ပြိုင်ကစားရမည့် ဗိုလ်လုပွဲစဥ်အား သန့်သန့်ရှင်းရှင်းနှင့် လေးလေးစားစားယှဉ်ပြိုင်ကစားသွားမည်ဟု မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏ တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းက ပြောသည်။
ဗိုလ်လုပွဲယှဥ်ပြိုင်ကစားရခြင်းမရှိသေးမီ ဗိုလ်လုပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဥ် တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။
မတူညီသည့်အသင်းများနှင့် ကစားခွင့်ရခဲ့သဖြင့် ကျေနပ်မိပြီး ဖိုင်နယ်ပွဲအား သန့်သန့်ရှင်းရှင်းနှင့် လေးလေးစားစားယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ ဖိတ်ခေါ်ပေးသည့်အတွက် ကျေးဇူးတင်သည်ဟု တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းက ပြောသည်။
ထို့အတူ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘော လုံးအသင်း၏ နည်းပြချုပ် ယုကီ တက်ဆုရို မှလည်း ဖိုင်နယ်ပွဲတွင် အိမ်ရှင်နီပေါအသင်းနှင့် ထပ်မံကစားခွင့်ရသဖြင့်ကျေနပ်မိကာ ဖိုင်နယ်ပွဲအား မိမိတို့မြန်မာအသင်းနှင့် အိမ်ရှင်နီပေါအ သင်းတို့သည် သန့်သန့်ရှင်းရှင်းနှင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ ပ ရိတ်သတ်များအနေဖြင့် စောင့်ကြည့်အားပေးစေချင်သည်ဟု ပြောကြားခဲ့သည်။