Saturday, May 17, 2025

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University...

ငလျင်ကြီးကြောင့် ပျ-က်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ...

မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်ရှိ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Town Plan...

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏...

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊...
HomeNewsLocal Newsဖားကန့်မြို့နယ်၊ဆယ်ဇင်းကျေးရွာမှ ရွာသူ၊ရွာသားများ တိုက်ပွဲဖြစ်ပွားနေမှုကြောင့်...

ဖားကန့်မြို့နယ်၊ဆယ်ဇင်းကျေးရွာမှ ရွာသူ၊ရွာသားများ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေရ

ဖားကန့်မြို့နယ်၊ဆယ်ဇင်းကျေးရွာမှ ရွာသူ၊ရွာသားများ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေရ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆယ်ဇင်းကျေးရွာနေ ရွာသူ၊ရွာသားများသည် နစက ၏လုံခြုံရေးအဖွဲ့နှင့် KIA ၊ဒေသခံကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းသည့် အဖွဲ့များကြားတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်း သိရသည်။

KIA နှင့်ဒေသခံကာကွယ်ရေးအဖွဲ့များပူးပေါင်း၍ သြဂုတ် ၈ ရက်နံနက်ပိုင်းမှစတင်ကာ နစက ၏တပ်စခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် သြဂုတ် ၉ ရက်တွင်လည်း ဆယ်ဇင်းကျေးရွာရှိ ရဲစခန်းအား ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ကြသဖြင့် တိုက်ပွဲများဖြစ်ပေါ်လျက်ရှိခြင်းဖြစ်သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် လက်နက်ကြီးပစ်ခတ်မှုများလည်း ဖြစ်ပေါ်လျက်ရှိ၍ ဆယ်ဇင်းကျေးရွာနေ ရွာသူ၊ရွာသားများမှာ ဟောင်ပါးနှင့်တာမခန်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊စာသင်ကျောင်းများနှင့်မြေနေရာလွတ်များ၌ ရောက်ရှိခိုလှုံနေကြကြောင်း သိရသည်။

“ဆယ်ဇင်းဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ရွာသူ၊ရွာသားတွေကို ဒီနေ့မနက် ၇ နာရီလောက်က အပစ်အခတ်ရပ်ပြီး ခနထွက်ခွင့်ပေးတယ်လို့သိရတယ် အဲဒီမှာပိတ်မိနေတဲ့လူအရေအတွက်ကအတော်များတယ် လတ်တလောထွက်လာကြတာ လူဦးရေ ၄၀၀ လောက်ရှိတယ် ခနပဲထွက်သွားခွင့်ပြုတဲ့သဘောပေါ့ ရွာထဲမှာကျန်နေတဲ့လူတွေလည်းရှိသေးတယ်”ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးကပြောသည်။

အလားတူ ဆယ်ဇင်းကျေးရွာအနီးရှိ ကျေးရွာအချို့မှ ရွာသူ၊ရွာသားများမှာလည်း တိုက်ပွဲဖြစ်ပွားမှုပြင်းထန်လာနိုင်သဖြင့် ကြိုတင်၍ ရှောင်ရှားမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဆယ်ဇင်းရွာနဲ့နီးတဲ့ရွာကလူတွေလည်း ကြိုပြီးရွှေ့လာကြတာတွေ့တယ် ကျွန်တော်တို့ကတော့ ရသလောက်ကူညီပေးနေပါတယ် တစ်ချို့ကလည်း အမျိုးတွေအိမ်သွားနေကြတာ ကူညီပေးရတာနည်းတယ် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာရောက်နေတဲ့လူတွေ မြေနေရာလွတ်မှာယာယီတဲထိုးနေကြတဲ့လူတွေအတွက် တောက်လျှောက်ကူညီပေးနေပါတယ်”ဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းအား မေ ၂၂ ရက်မှစတင်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

ငလျင်ကြီးကြောင့် ပျ-က်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အတွက် Town Plan ရေးဆွဲ

မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်ရှိ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Town Plan ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကိုလည်းနေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁)ရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ မေ (၁၆)ရက်က ကျင်းပခဲ့သေးသည်။ အစည်းအဝေး တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ Town Plan အတွက် မြေနေရာရွေးချယ်ထားရှိမှု အခြေအနေကို မြေပြင်တွင် အသေးစိတ်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး Town Plan ရေးဆွဲရာတွင် မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန်၊...

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏ အေဂျင့်က ပြောကြားလိုက်သည်။ “ရဲတပ်ဖွဲ့က လောလောဆယ်မှာ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါကြောင့် ရလဒ်တွေ ထွက်ပေါ်လာတာနဲ့ အမြန်ဆုံး အသိပေးသွားမှာပါ” ဟု သူ၏ အေဂျင်စီ Son & Football Limited ကသတင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ “ဒီဖြစ်ရပ်မှာ ဆွန်ဟောင်မင်က သားကောင်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု သတင်း၌ ရေးသားဖေါ်ပြထားသည်။ ရဲတပ်ဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071