ယနေ့ ဇွန် ၃၀ ရက် နံနက် ၁၀နာရီ အချိန်ခန့်၌ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၃ အတွင်း ခိုင်ကြည်ဇင် အမည်ရှိ စက်သုံးဆီဆိုင် တစ်ဆိုင် မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ မီးလေ-ာင်ပြင်သို့ ဒေသတွင်းမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အချို့ သွားရောက်ငြိမ်းသတ်ခဲ့ရပြီး၊ မီးလေ-ာင်ကျွမ်းမှုသည် တစ်နာရီနီးပါးခန့် လေ-ာင်ကျွမ်းခဲ့ခြင်းဖြစ်ကာလက်ရှိတွင် မီးငြိမ်းသတ်ပြီးပြီဖြစ်ကြောင်း သိရသည်။
မည်သို့မီးလေ-ာင်ကျွမ်းခဲ့သည်ဆိုသည့် မြေပြင်အခြေအနေကို ပေါ်ပြူလာနယူစ်းက သီးခြားဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။