ဖားကန့်-ကာမိုင်းလမ်းပိုင်း နန့်ယားကျေးရွာအနီး ယနေ့ ဩဂုတ် ၁၄ရက် မွန်းလွဲပိုင်းအချိန်တွင် နှစ်ဖက်တိုက်ပွဲဖြစ်နေခြင်းကြောင့် ယာဉ်ရာနှင့်ချီပိ-တ်မိနေကြောင်း ဖားကန့် ဒေသခံသတင်းရင်းမြစ် တစ်ဦးထံက သိရသည်။
အဆိုပါ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် နန့်ယားကျေးရွာ ဧရိယာရှိ စားသောက်ဆိုင်များအားလုံးပိတ်သိမ်းထားကြရပြီးဒေသခံပြည်သူများ တိုက်ပွဲတိမ်းရှောင်နေကြကြောင်းဆိုသည်။
ထိတွေ့တိုက်ပွဲကြောင့် ခရီးသည်တင်ယာဉ်တစ်စီးကျည်ထိမှန်ထားပြီး လူထိခိုက်မှုများလည်း ရှိသည်ဟု ကနဦးသိရသော် အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း အဆိုပါ ဒေသခံကဆိုသည်။
ယနေ့ ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂နာရီခွဲအချိန်တွင် ဖားကန့်ဘက်သို့ သွားရောက်မည့် အတက်ကားများကို ဦးစားပေးဖြတ် သန်းမောင်းနှင်ခွင်ပြုခဲ့ပြီး၊ တို-က်ပွဲတိမ်း ရှောင်ကြမည့် ခရီးသည်တင်ယာဉ်အဆင်းကားများအနေဖြင့် နန့်ယား-ကာမိုင်းကြားလမ်းပိုင်းတွင် ယာယီရပ်တန့်စောင့်ဆိုင်းနေကြရသည်ဟု ၎င်းက သူမြင်တွေ့ခဲ့သည်ကို ပြောကြားထားသည်။
ဖားကန့်-ကာမိုင်းလမ်းကြောတလျှောက် လမ်းခရီးများစွာ ပျ-က်ဆီးနေသည့်အတွက် မိုးရွာသွန်းပါက ခရီးသည်ယာဉ်များအားဆင်ဖြင့်ဆွဲယူနေရသည့်အခြေ အနေဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-CJ
