Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeCelebrities' Newsဖခင်ဖြစ်သူ ကိုဗစ်၁၉ရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက်...

ဖခင်ဖြစ်သူ ကိုဗစ်၁၉ရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် ဖြေမဆည်နိုင်အောင် ဖြစ်နေတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး

#Zawgyi

ဒါရိုက္တာထူးပိုင္ေဇာ္ဦးရဲ့ ဖခင္ျဖစ္သူဟာ ကိုဗစ္၁၉ေရာဂါနဲ႔ ယေန႔ စက္တင္ဘာ ၂၇ရက္ေန႔မွာ ကြယ္လြန္သြားခဲ့ပါတယ္။ ဖခင္ မေမၽွာ္လင့္ဘဲ ႐ုတ္တရက္ကြယ္လြန္သြားတဲ့အတြက္ ေျဖမဆည္နိုင္ေအာင္ ဝမ္းနည္းပူေဆြးေနတဲ့ ဒါရိုက္တာထူးပိုင္ေဇာ္ဦးက…”ကၽြန္ေတာ္ ပါပါး ကို အရမ္းခ်စ္ပါတယ္။ဒါေပမယ့္ ပါးစပ္က တခါမွ ထုတ္မေျပာဖူးဘူး။ဟိုေန႔က ေဆး႐ုံမွာ ေျပာေပမယ့္ ပါပါး ၾကားလိုက္သလား မေသခ်ာလို႔ ေနျပန္ေကာင္းရင္ ၾကားေအာင္ေျပာမယ္လို႔ ေတြးထားတာ။မေန႔က ေဖာင္ႀကီးေရာက္ၿပီး ဒီေန႔ ဆုံးသြားေတာ့ ကၽြန္ေတာ္ ဘာ‌ျဖစ္မွန္း‌ေတာင္မသိေတာ့ဘူး။ဂ်ပန္ေဆး႐ုံ ICU မွာ ၅ ရက္ တိတိေနရတုန္းက အခ်ိန္ျပည့္ေဘးကေန ေစာင့္ေပးေနရေတာ့ ေဖာင္ႀကီးကိုေရႊ႕မယ့္ အခ်ိန္ တေယာက္ထဲ လႊတ္ရတာကို ေတာ္ေတာ္ႀကီး စိတ္ကမေကာင္းဘူး။သူျပန္ေကာင္းလာဖို႔ ဆိုတာႀကီးနဲ႔ လႊတ္ရတာ။ မေန႔က video call ေျပာေတာ့လဲ ေသခ်ာ ေခ်ာ့ေမာ့ေျပာ‌ေပမယ့္ မိသားစု အနားမွာ မရွိေနတာကို အားငယ္ေနတာေတြ႕ရေတာ့ အရမ္းဝမ္းနည္းတယ္။လြန္ခဲ့တဲ့ ၉ ရက္ေလာက္က အစာမေၾကရင္ျပည့္ၿပီး ႏူန္းတယ္။ လြန္ခဲ့တဲ့ ၈ ရက္က ဖ်ားတယ္။ ေနာက္ရက္ ညေနပိုင္း O2 က်‌လို႔ ေနာက္ေန႔ ‌ဂ်ပန္ေဆး႐ုံသြားျပတယ္။ICU ထဲေရာက္တယ္။ က်ေတာ္ေဘးကေန ေစာင့္ေပးတယ္။ Swab Test လုပ္တယ္။ ေနာက္ေန႔ Covid Positive ထြက္တယ္။ အိမ္မွာေစာင့္ေနတဲ့ အေမ ကို Q ေခၚသြားတယ္။Civid ကုသ ေဆး႐ုံေတြရဲ့ ေနရာအခက္အခဲေၾကာင့္ ဂ်ပန္ေဆး႐ုံမွာ ၃ ရက္ထပ္ေနတယ္။ မေန႔က ေဖာင္ႀကီးကိုေခၚတယ္။ က်ေတာ္ Q ဝင္ကတယ္။ ဒီေန႔ အေဖ ဆုံးတယ္။အရမ္းျမန္လြန္းတယ္။ Covid ကို အရမ္းေၾကာက္ပါတယ္။ ဒါေပမယ့္ ကိုယ္တိုင္ၾကဳံရမယ္လို႔ တခါမွ မေတြးထားဘူး။ ကိုယ့္မိဘဆိုေတာ့ ပိုမေျဖနိုင္ပါဘူး။ကိုယ္တိုင္က ဘယ္မွမသြားဘဲ အိမ္တြင္းေအာင္းေနေပမယ့္ အေဖ သူ႔ အလုပ္ သြားသြားေနတာကို မတားနိုင္ခဲ့ဘူး။ က်ေတာ္ တခ်က္ေပါ့မိပါတယ္။ က်ေတာ္ ညံ့ပါတယ္။အေမနဲ႔ က်ေတာ္လဲ မစစ္ရေသးေတာ့ ပိုး ရွိေနနိုင္တယ္။က်ေတာ္က ICU မွာ ၅ ရက္လုံး ရွိခဲ့ေတာ့ ပိုရွိနိုင္ပါတယ္။ ျဖစ္မယ္ဆို က်ေတာ္ပဲ ပိုးေတြ႕ၿပီး အေမ အႏၲရာယ္ကင္းပါေစ။၂၀၁၂ က ညီေလး ဆုံးၿပီးကတည္းက ဒီလို အျဖစ္ဆိုးမ်ိဳး လုံးဝ မၾကဳံရပါေစနဲ႔ေတာ့လို႔ ဘုရားမွာဆုေတာင္းေပမယ့္ မျပည့္ပါဘူး။ဒီတခါ က်န္တဲ့ မိသားစု အားလုံး တကြဲတျပားစီနဲ႔ အေဖကို သြားေတာင္ေတြ႕လို႔မရေတာ့‌တာ ေတာ္ေတာ္ ဆိုးပါတယ္။ဒီစာဟာ က်ေတာ္ ေရးခ်င္လို႔ ေရးတာ ၊ သူမ်ားေတြ သင္ခန္းစာ ယူနိုင္ေအာင္နဲ႔ က်ေတာ့္ ဘဝမွာ အျမဲ ေနာင္ၾကဥ္ေအာင္ ေရးတာပါ။ Lecture ရိုက္မယ့္ ၊ အျပစ္တင္မယ့္ comment ေတြ မျမင္ခ်င္ပါ။ မီဒီယာမ်ားမွလဲ အင္တာဗ်ဴး မေတာင္းၾကပါနဲ႔။က်ေတာ္ ႐ူးခ်င္ေနပါတယ္။ ဘဝမွာ ေကာင္းတာလုပ္တိုင္းလဲ ေကာင္းတာမျဖစ္ပါ။ အေဖဆို ဘဝတေလၽွာက္ သူတပါးအေပၚ မိသားစု အေပၚ ၊ သူ႔ မိဘ ညီအကိုေမာင္ႏွမေတြ အေပၚ အလြန္ေကာင္းပါတယ္။ ဒါေပမယ့္ သူ႔ေနာက္ဆုံးအခ်ိန္က အလိုႀကီးလား ၊ခ်က္ခ်င္းကို သၿဂိဳလ္ရမယ့္ ကံပါတာလား။ မိသားစုနဲ႔ တကြဲတျပားလား။ သူတသက္ရွာထားတဲ့ စည္းစိမ္ေတြ အခုဆို ဘာမွ လုပ္ေပးလို႔မရေတာ့ဘူး။က်ေတာ္ ဘုရားတရားအရမ္းလုပ္‌ေပမယ့္ အခုၾကဳံရေတာ့ တရားနဲ႔လဲ မေျဖနိုင္ပါဘူး။ က်ေတာ္‌ေလာကႀကီးကို တကယ္မုန္းတယ္။ပါပါး ပိုေကာင္းမြန္တဲ့ ဘုံဘဝေရာက္မွာပါ။ လုံလုံးနဲ႔ ေတြ႕ေနမွာပါ။ ပါပါးကို ခ်စ္ပါတယ္ က်ေတာ့္ အတြက္ ပါပါး ဂုဏ္ယူခဲ့ရမွာပါေနာ္။က်ေတာ့္ကိုခ်စ္တဲ့သူေတြ ဘုရားရွိခိုးျဖစ္တဲ့အခါ ဦးေအာင္ျမင့္ အသက္ ၆၆ ႏွစ္ ကို ရည္းစူးၿပီး ‌ေမတၱာပို႔ အမၽွ‌‌‌ေပးၾကပါ။ ကုသိုလ္အက်ိဳးကို သူ ခံစားေစခ်င္လို႔ပါ။”လို႔ဆိုပါတယ္။

 

#Unicode

ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ ဖခင်ဖြစ်သူဟာ ကိုဗစ်၁၉ရောဂါနဲ့ ယနေ့ စက်တင်ဘာ ၂၇ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဖခင် မမျှော်လင့်ဘဲ ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းပူဆွေးနေတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးက…

“ကျွန်တော် ပါပါး ကို အရမ်းချစ်ပါတယ်။ဒါပေမယ့် ပါးစပ်က တခါမှ ထုတ်မပြောဖူးဘူး။ဟိုနေ့က ဆေးရုံမှာ ပြောပေမယ့် ပါပါး ကြားလိုက်သလား မသေချာလို့ နေပြန်ကောင်းရင် ကြားအောင်ပြောမယ်လို့ တွေးထားတာ။မနေ့က ဖောင်ကြီးရောက်ပြီး ဒီနေ့ ဆုံးသွားတော့ ကျွန်တော် ဘာ‌ဖြစ်မှန်း‌ေတာင်မသိတော့ဘူး။ဂျပန်ဆေးရုံ ICU မှာ ၅ ရက် တိတိနေရတုန်းက အချိန်ပြည့်ဘေးကနေ စောင့်ပေးနေရတော့ ဖောင်ကြီးကိုရွှေ့မယ့် အချိန် တယောက်ထဲ လွှတ်ရတာကို တော်တော်ကြီး စိတ်ကမကောင်းဘူး။သူပြန်ကောင်းလာဖို့ ဆိုတာကြီးနဲ့ လွှတ်ရတာ။ မနေ့က video call ပြောတော့လဲ သေချာ ချော့မော့ပြော‌ပေမယ့် မိသားစု အနားမှာ မရှိနေတာကို အားငယ်နေတာတွေ့ရတော့ အရမ်းဝမ်းနည်းတယ်။

လွန်ခဲ့တဲ့ ၉ ရက်လောက်က အစာမကြေရင်ပြည့်ပြီး နူန်းတယ်။ လွန်ခဲ့တဲ့ ၈ ရက်က ဖျားတယ်။ နောက်ရက် ညနေပိုင်း O2 ကျ‌လို့ နောက်နေ့ ‌ဂျပန်ဆေးရုံသွားပြတယ်။ICU ထဲရောက်တယ်။ ကျတော်ဘေးကနေ စောင့်ပေးတယ်။ Swab Test လုပ်တယ်။ နောက်နေ့ Covid Positive ထွက်တယ်။ အိမ်မှာစောင့်နေတဲ့ အမေ ကို Q ခေါ်သွားတယ်။Civid ကုသ ဆေးရုံတွေရဲ့ နေရာအခက်အခဲကြောင့် ဂျပန်ဆေးရုံမှာ ၃ ရက်ထပ်နေတယ်။ မနေ့က ဖောင်ကြီးကိုခေါ်တယ်။ ကျတော် Q ဝင်ကတယ်။ ဒီနေ့ အဖေ ဆုံးတယ်။

အရမ်းမြန်လွန်းတယ်။ Covid ကို အရမ်းကြောက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြုံရမယ်လို့ တခါမှ မတွေးထားဘူး။ ကိုယ့်မိဘဆိုတော့ ပိုမဖြေနိုင်ပါဘူး။ကိုယ်တိုင်က ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေပေမယ့် အဖေ သူ့ အလုပ် သွားသွားနေတာကို မတားနိုင်ခဲ့ဘူး။ ကျတော် တချက်ပေါ့မိပါတယ်။ ကျတော် ညံ့ပါတယ်။အမေနဲ့ ကျတော်လဲ မစစ်ရသေးတော့ ပိုး ရှိနေနိုင်တယ်။ကျတော်က ICU မှာ ၅ ရက်လုံး ရှိခဲ့တော့ ပိုရှိနိုင်ပါတယ်။ ဖြစ်မယ်ဆို ကျတော်ပဲ ပိုးတွေ့ပြီး အမေ အန္တရာယ်ကင်းပါစေ။၂၀၁၂ က ညီလေး ဆုံးပြီးကတည်းက ဒီလို အဖြစ်ဆိုးမျိုး လုံးဝ မကြုံရပါစေနဲ့တော့လို့ ဘုရားမှာဆုတောင်းပေမယ့် မပြည့်ပါဘူး။ဒီတခါ ကျန်တဲ့ မိသားစု အားလုံး တကွဲတပြားစီနဲ့ အဖေကို သွားတောင်တွေ့လို့မရတော့‌တာ တော်တော် ဆိုးပါတယ်။

ဒီစာဟာ ကျတော် ရေးချင်လို့ ရေးတာ ၊ သူများတွေ သင်ခန်းစာ ယူနိုင်အောင်နဲ့ ကျတော့် ဘဝမှာ အမြဲ နောင်ကြဉ်အောင် ရေးတာပါ။ Lecture ရိုက်မယ့် ၊ အပြစ်တင်မယ့် comment တွေ မမြင်ချင်ပါ။ မီဒီယာများမှလဲ အင်တာဗျူး မတောင်းကြပါနဲ့။

ကျတော် ရူးချင်နေပါတယ်။ ဘဝမှာ ကောင်းတာလုပ်တိုင်းလဲ ကောင်းတာမဖြစ်ပါ။ အဖေဆို ဘဝတလျှောက် သူတပါးအပေါ် မိသားစု အပေါ် ၊ သူ့ မိဘ ညီအကိုမောင်နှမတွေ အပေါ် အလွန်ကောင်းပါတယ်။ ဒါပေမယ့် သူ့နောက်ဆုံးအချိန်က အလိုကြီးလား ၊ချက်ချင်းကို သဂြိုလ်ရမယ့် ကံပါတာလား။ မိသားစုနဲ့ တကွဲတပြားလား။ သူတသက်ရှာထားတဲ့ စည်းစိမ်တွေ အခုဆို ဘာမှ လုပ်ပေးလို့မရတော့ဘူး။

ကျတော် ဘုရားတရားအရမ်းလုပ်‌ေပမယ့် အခုကြုံရတော့ တရားနဲ့လဲ မဖြေနိုင်ပါဘူး။ ကျတော်‌ေလာကကြီးကို တကယ်မုန်းတယ်။

ပါပါး ပိုကောင်းမွန်တဲ့ ဘုံဘဝရောက်မှာပါ။ လုံလုံးနဲ့ တွေ့နေမှာပါ။ ပါပါးကို ချစ်ပါတယ် ကျတော့် အတွက် ပါပါး ဂုဏ်ယူခဲ့ရမှာပါနော်။

ကျတော့်ကိုချစ်တဲ့သူတွေ ဘုရားရှိခိုးဖြစ်တဲ့အခါ ဦးအောင်မြင့် အသက် ၆၆ နှစ် ကို ရည်းစူးပြီး ‌မေတ္တာပို့ အမျှ‌‌‌ပေးကြပါ။
ကုသိုလ်အကျိုးကို သူ ခံစားစေချင်လို့ပါ။”လို့ဆိုပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071