Thursday, March 26, 2026

လောင်စာဈေးကြောင့် ထိုင်းငါးဖမ်းလုပ်ငန်းကိုများစွာထိခိုက်

အီရန်နှင့် အမေရိက-အစ္စရေးစစ်ပွဲကြောင့် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာမှုသဖြင့် ထိုင်းနိုင်ငံ၏ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ငါးဖမ်းလုပ်ငန်းသည် ရပ်တန့်ရလုနီးပါးဖြစ်လာနေပြီး အစိုးရကသာ ကြားဝင်ဖြေရှင်းပေးခြင်းမရှိပါက ၎င်းတို့ငါးဖမ်းလှေများသည် ရက်အနည်းငယ်အတွင်း...

မည်သည့်အပစ်အခတ်ရပ်ဆဲမှုမဆိုတွင် လက်ဘနွန်လည်းပါရမည်–အီရန်

အမေရိက၊ အစ္စရေးတို့နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတိုင်းတွင် လက်ဘနွန်ပါဝင်ရမည်ဟု အီရန်က ကြားဝင်ညှိနှိုင်းသူများကို ပြောကြားခဲ့ကြောင်း အီရန်၏ ရပ်တည်ချက်ကို သိရှိသော ဒေသတွင်းသတင်းရင်းမြစ်ခြောက်ခုက ပြောကြားခဲ့ပြီး စစ်ပွဲပြီးဆုံးခြင်းသည်...

ပြည်ပထွက်ခွါခွင့်အတွက် မမှန်မကန် လိမ်လည်တင်ပြမှုများကို အရေးယူမည်

ပြည်ပထွက်ခွာခွင့်နှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်တင်ပြသူများ၊ ယင်းလိမ်လည်မှုများတွင် နောက်ကွယ်မှ ပါဝင်ကူညီသူများအား အရေးယူဆောင်ရွက်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့( မတ်လ ၂၅ ရက်) တွင်...

ရန်ကုန်–ဒလ ချယ်ရီ သင်္ဘောများ နောက်ဆုံးပြေးဆွဲချိန်ကို...

ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလမြို့ကို ခရီးသည်ပို့ဆောင်သည့် ချယ်ရီကူးတို့သင်္ဘောများ၏ နောက်ဆုံးပြေးဆွဲချိန်များကို မတ်လ (၂၈) ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။ ယခင်က နောက်ဆုံးပြေးချိန်များမှာ ဒလမှ...
HomeNewsLocal Newsပြုံယမ်းသို့ရောက်ရှိလာသော ဘီလာရုစ်သမ္မတကို ကင်မ်...

ပြုံယမ်းသို့ရောက်ရှိလာသော ဘီလာရုစ်သမ္မတကို ကင်မ် ကြိုဆို

မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို,ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း ကေစီအန်အေသတင်းဌာနက မတ်လ ၂၆ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။
      
မတ်လ ၂၅ ရက် နေ့က ကင်မ်အီလ်ဆွန်းရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သော ကြိုဆိုပွဲအခမ်းအနား၌ မစ္စတာကင်မ်သည် မစ္စတာ လူကာရှန်ကို,ကို ဝမ်းမြောက်စွာတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နွေးထွေးစွာကြိုဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
        
မစ္စတာ လူကာရှန်ကိုသည် မစ္စတာကင်မ်၏ ဖခင်နှင့် အဖိုးတို့၏ ရုပ်ကလာပ်များကို မြှုပ်နှံထားရာ Kumsusan Palace of the Sun သို့ သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားထိပ်တန်းအရာရှိများ ခြံရံလျက် ဂါရဝပြုခဲ့ကြောင်းလည်း ဆက်လက်ဖော်ပြခဲ့သည်။
       
မစ္စတာ လူကာရှန်ကိုသည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုယ်စား ပန်းစည်းချဂါဝရပြုခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။
      
နောက်အခမ်းအနားတစ်ခုတွင် မစ္စတာ လူကာရှန်ကိုသည် မစ္စတာ ကင်မ်နှင့်အတူ ကိုရီးယားလွတ်မြောက်ရေးစစ်ပွဲအတွင်း ၎င်းတို့၏ အဖိုးတန်အသက်များကို ပေးဆပ်ခဲ့ကြသော ဆိုဗီယက်တပ်မတော်၏ ကျဆုံးစစ်သည်များအား အောက်မေ့သတိရခြင်းအဖြစ် လွတ်မြောက်ရေးမျှော်စင်တွင် ပန်းခွေချခဲ့ပြီး ခဏတာငြိမ်သက်ဂုဏ်ပြုခဲ့ကြသည်ဟု ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်ကိုလိုနီအုပ်ချုပ်မှု အဆုံးသတ်ခဲ့ခြင်းကို ရည်ညွှန်း၍ သတင်းတွင် ဖော်ပြခဲ့သည်။
         
မြောက်ကိုရီးယားနှင့် ဘီလာရုစ်နှစ်နိုင်ငံစလုံးသည် ယူကရိန်းစစ်ပွဲတွင် မော်စကိုဘက်မှ အကူအညီပေးခဲ့ပြီး ပြုံယမ်းသည် မြေပြင်တပ်ဖွဲ့များနှင့် လက်နက်များကို ပေးပို့ခဲ့ကာ ၂၀၂၂ ခုနှစ်တွင် ရုရှား၏ ကျူးကျော်မှုအတွက် မင့်စ်က အစပြုရာနေရာအဖြစ် ခွင့်ပြုပေးခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လောင်စာဈေးကြောင့် ထိုင်းငါးဖမ်းလုပ်ငန်းကိုများစွာထိခိုက်

အီရန်နှင့် အမေရိက-အစ္စရေးစစ်ပွဲကြောင့် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာမှုသဖြင့် ထိုင်းနိုင်ငံ၏ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ငါးဖမ်းလုပ်ငန်းသည် ရပ်တန့်ရလုနီးပါးဖြစ်လာနေပြီး အစိုးရကသာ ကြားဝင်ဖြေရှင်းပေးခြင်းမရှိပါက ၎င်းတို့ငါးဖမ်းလှေများသည် ရက်အနည်းငယ်အတွင်း ရပ်နားထားရနိုင်ကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက သတိပေးခဲ့သည်။ ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းတလျှောက်ရှိ အလယ်ပိုင်းပြည်နယ်တစ်ခုတွင်ရှိသော နိုင်ငံ၏ အကြီးဆုံးငါးဖမ်းဆိပ်ကမ်းတွင် ငါးဖမ်းလှေများ၏ ထက်ဝက်ကျော်သည် ဆိုက်ကပ်ထားခဲ့ရပြီးဖြစ်ကာ ဆက်လက်လည်ပတ်နေသော လှေများသည်လည်း ရက်အနည်းငယ်အတွင်း ရပ်တန့်ရဖွယ်ရှိကြောင်း ဆမွတ်ဆာခွန် ငါးရောင်းဝယ်ရေးအသင်းဥက္ကဌ ဂျမ်ပူးလ် ကာနာဝါရီးက ပြောကြားခဲ့သည်။ “ငါးဖမ်းလှေတွေဟာ လှေလုပ်သားတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ကုန်ကျစရိတ်ကို မခံနိုင်တော့တာကြောင့် ဧပြီလ ၁ ရက်နေ့နောက်ပိုင်းမှာ ရောင်းစရာငါးမရှိနိုင်တော့ကို...

မည်သည့်အပစ်အခတ်ရပ်ဆဲမှုမဆိုတွင် လက်ဘနွန်လည်းပါရမည်–အီရန်

အမေရိက၊ အစ္စရေးတို့နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတိုင်းတွင် လက်ဘနွန်ပါဝင်ရမည်ဟု အီရန်က ကြားဝင်ညှိနှိုင်းသူများကို ပြောကြားခဲ့ကြောင်း အီရန်၏ ရပ်တည်ချက်ကို သိရှိသော ဒေသတွင်းသတင်းရင်းမြစ်ခြောက်ခုက ပြောကြားခဲ့ပြီး စစ်ပွဲပြီးဆုံးခြင်းသည် အစ္စရေး၏ ဟေ့ဇ်ဘိုလာအပေါ် ထိုးစစ်ဆင်မှုကို ရပ်တန့်ခြင်းနှင့်ဆက်စပ်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ တေရန်သည် စစ်ပွဲအဆုံးသတ်စေမည့် အမေရိကန်ပြည်ထောင်စုနှင့် သဘောတူညီချက်ရယူမှုတိုင်းတွင် အီရန်နှင့် ဒေသတွင်း အခြား တော်လှန်ရေးအုပ်စုများ နှစ်ခုစလုံးပါဝင်ရေးကို လိုလားကြောင်း အီရန်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်ဟု အီရန်၏ ပရက်စ်တီဗီသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြခဲ့သည်။ အီရန်အကြီးတန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ရိုက်တာသတင်းဌာနကို ပြော ကြားရာ၌...

ပြည်ပထွက်ခွါခွင့်အတွက် မမှန်မကန် လိမ်လည်တင်ပြမှုများကို အရေးယူမည်

ပြည်ပထွက်ခွာခွင့်နှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်တင်ပြသူများ၊ ယင်းလိမ်လည်မှုများတွင် နောက်ကွယ်မှ ပါဝင်ကူညီသူများအား အရေးယူဆောင်ရွက်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့( မတ်လ ၂၅ ရက်) တွင် ထုတ်ပြန်ထားသည်။ အရေးယူမည့် ပုံစံသည် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုသူများကို စုံစမ်းဖော်ထုတ်ပြီး ကာလသတ်မှတ်ချက်ဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း (Blacklist)ထည့်သွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။ ထုတ်ပြန်ချက်တွင် ပြည်ပမှ အမှန်တကယ် ခွင့်ပြန်လာသူများနှင့် ခွင့်ပြန်အလုပ်သမားအဖြစ် လိမ်လည်တင်ပြသူများကို မှန်မှန်ကန်ကန် ခွဲခြားစိစစ်နိုင်ခြင်းဖြင့် နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို မြှင့်တင်ပေးနိုင်သလို မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဘဝကိုလည်း အပြည့်အဝ အကာအကွယ်ပေးနိုင်မည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071