စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ရှိ လေရှီး-ဆွမ္မရာလမ်းပိုင်း၏ မိုင်တိုင်အမှတ် ၄၂/၃ နှင့် ၄၂/၄ ကြား မဂါးပွားချောင်းတွင် ချောင်းရေတိုက်စားမှုကြောင့် (၁၈)ပေ၊ (၂၄)ပေ Box Culvert တံတားမှာပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နာဂဒေသစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ယာယီသစ်သားတံတားအဖြစ် ပြန် လည်ပြုပြင်ခဲ့ကြရာ ယနေ့ သြဂုတ် ၂၃ ရက်ညနေ ၄ နာရီခွဲတွင်ပြင်ဆင်ပြီးစီးခဲ့သဖြင့် မော်တော်ယာဥ်များအား ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။
