Thursday, May 15, 2025

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။ ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့...

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေးနေ

ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက် လက်ရောင်းချပေးနေသည်။ ယနေ့ မေလ...

ဆီးရီးယားကိုအရေးယူမှုရုပ်သိမ်းမည်၊ ဆော်ဒီနှင့် ဒေါ်လာ ၆၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အင်္ဂါနေ့က သူ၏ ပင်လယ်ကွေ့ခရီးစဉ်ကို အံ့အားသင့်ဖွယ် ကြေညာချက်ဖြင့် စတင်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံအပေါ် ကာလကြာရှည် ပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းကာ...

အာဆီယံဆက်ဆံရေး မြှင့်တင်ရန် ပေတုံတန် ဗီယက်နမ်သွားမည်

အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှု တည်‌ဆောက်ရန်အတွက် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် မေလ ၁၅ ရက် နေ့မှ မေလ...
HomeInternationalပြန်လည်မွမ်းမံပြင်ဆင်ထားသော Leopard 1...

ပြန်လည်မွမ်းမံပြင်ဆင်ထားသော Leopard 1 တင့်ကားများ ဥရောပ ၃နိုင်ငံက ယူကရိန်းသို့ ထောက်ပံ့ပေးရန် စီစဉ်နေ

ဥရောပနိုင်ငံများဖြစ်ကြသည့် ဂျာမနီ၊ ဒိန်းမတ်နှင့် နယ်သာလန်တို့က ၎င်းတို့သည် ယူကရိန်းအား ပြန်လည်မွမ်းမံပြင်ဆင်ထားသော(refurbished) Leopard 1 တိုက်ပွဲဝင် တင့်ကား အစီးရေ ၁၀၀ ထက်မနည်း ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါတင့်ကားများကို ဂျာမန်စက်မှုလုပ်ငန်းများထံမှ အခြားနိုင်ငံများက တိုက်ရိုက်ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံလုပ် Leopard 1 တိုက်ခိုက်ရေးတင့်ကား ၁၇၈ စီးအထိ ယူကရိန်းနိုင်ငံသို့ပို့ရန် ဂျာမန်စီးပွားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့က သဘောတူကြောင်း အင်္ဂါနေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

“Leopard 1A5 ပင်မတိုက်ပွဲဝင်တင့်ကား မည်ရွေ့မည်မျှကို ယူကရိန်းသို့ အမှန်တကယ် ပို့ဆောင်မည်ဆိုခြင်းမှာ လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းအပေါ် မူတည်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်း ပူးတွဲကြေညာချက်သည် ဒိန်းမတ်နှင့် နယ်သာလန်တို့နှင့် ပူးတွဲကတိကဝတ်ပြုမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ တင့်ကားများသည် ရုရှား၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရေးအတွက် ယူကရိန်းအား ပံ့ပိုးကူညီရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အဆိုပါသုံးနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများက ပြောကြားခဲ့သည်။

လိုအပ်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် လေ့ကျင့်ရေးများ ပံ့ပိုးပေးမည်ဟု သုံးနိုင်ငံ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းတွင် “အပိုပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များ” ပါဝင်ပါသည်။

နယ်သာလန်ကာကွယ်ရေးဝန်ကြီး Kasja Ollongen က Luhansk နှင့် Donetsk ၏ စစ်မြေပြင်များတွင် အနည်းငယ်ဟောင်းသော တင့်ကားများသည် သေချာပေါက်အသုံးပြုနိုင်ဆဲဖြစ်ကြောင်း အမျိုးသားရုပ်သံ NOS သို့ ပြောကြားခဲ့သည်။

“ဒါဟာ စမ်းသပ်ထားတဲ့ တင့်ကားတွေဖြစ်ပြီး၊ မွမ်းမံချိန်ညှိမှုတွေပြုလုပ်ထားကာ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေတာကြောင့် ယူကရိန်းနိုင်ငံသားတွေအတွက် သေချာပေါက် အသုံးဝင်မှာပါ” ဟုလည်း သူမက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။ ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့ နည်းသက်သာစေရေး၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးကျရောက်သည့်အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် ကရင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့တို့၏ (၁/၂၀၂၅)လုပ် ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။ ကရင်ပြည်နယ်အတွင်း ရေကြီး/ရေလျှံမှုနှင့်ကမ်းပြို၊ မြေပြိုမှုများနှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားကြရမည်ဖြစ်ကာ သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ယာဉ်၊ယန္တရားနှင့်အရေးပေါ်ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းကိရိယာများကို...

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေးနေ

ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက် လက်ရောင်းချပေးနေသည်။ ယနေ့ မေလ (၁၄)ရက် နံနက်ပိုင်းတွင် ဘိလပ်မြေထုတ်လုပ်သူများအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းအရောင်းပြခန်း၊ အိမ်ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး အရောင်းပြခန်း၊ နိုင်ငံတကာမှ အရည်အသွေးမြင့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းပြခန်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံးဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းစင်တာ၊ သံထည်နှင့် စတီးများ အရောင်းပြခန်း၊ ပရိဘောဂအရောင်းပြခန်း၊ အိမ်သုတ်ဆေးအရောင်းပြခန်း၊...

ဆီးရီးယားကိုအရေးယူမှုရုပ်သိမ်းမည်၊ ဆော်ဒီနှင့် ဒေါ်လာ ၆၀၀ ဘီလျံဖိုး သဘောတူညီချက် ရရှိ–ထရမ့်ပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အင်္ဂါနေ့က သူ၏ ပင်လယ်ကွေ့ခရီးစဉ်ကို အံ့အားသင့်ဖွယ် ကြေညာချက်ဖြင့် စတင်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံအပေါ် ကာလကြာရှည် ပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းကာ ဆော်ဒီအာရေဗျက အမေရိကတွင် ဒေါ်လာ ၆၀၀ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံသွားမည်ဆိုသည့် ကတိကဝတ်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အိမ်ဖြူတော်၏ အဆိုအရ ဝါရှင်တန်၏ အကြီးဆုံး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွင် အမေရိကသည် ဆော်ဒီသို့ ဒေါ်လာ ၁၄၂ ဘီလျံနီးပါး တန်ဖိုးရှိ စစ်လက်နက်များ ရောင်းချပေးမည်ဟု ဆိုသည်။ ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူများ အဆုံးသတ်ခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071