Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့အား ဆက်လက်စစ်ဆေး

ပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့အား ဆက်လက်စစ်ဆေး

ပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့အား ဆက်လက်စစ်ဆေး

နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ် တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးနေရာ ၂၀၂၂ ဇန်နဝါရီလကုန်ပိုင်းနှင့် ယခုဖေဖော်ဝါရီလဆန်းပိုင်းအထိ နိုင်ငံရေးပါတီ၃ခုအား စစ်ဆေးခဲ့သည်ဟု ကော်မရှင်ကပြောဆိုသည်။

စစ်ဆေးခဲ့သည့်ပါတီတို့မှာ ပြည်ထောင်စုပါတီ၊ လူထုပါတီ (The Party for People) နှင့် ပြည်သူ့အင်အား ပါတီတို့ဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ စစ်ဆေးဆောင်ရွက်ခဲ့ကာ စစ်ဆေးမှုကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးစောဘလှိုင်နှင့် ဦးဘရန်ရှောင် တို့ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် စစ်ဆေးခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၇ရက်နေ့ကလည်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကရင်ပြည်သူ့ပါတီ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ပြည်သူ့ပါတီတို့အား စစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်ဟုလည်းသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားရှိသည့် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီရှိပြီး ၂၀၂၁ သြဂုတ်လ စတုတ္ထပတ်ကစပြီး နိုဝင်ဘာလကုန် အထိ စစ်ဆေးပြီးပါတီ ၃၈ ပါတီ၊ ဒီဇင်ဘာလအတွင်းတွင် တနင်္သာရီတိုင်း ဒေသကြီး အခြေစိုက် ၁ ပါတီ၊ ရခိုင်ပြည်နယ်အခြေစိုက် ၅ ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ၂ ပါတီနှင့် ရှမ်းပြည်နယ်အခြေစိုက် ၅ ပါတီ၊ စုစုပေါင်း ၁၃ ပါတီ ထပ်မံစစ်ဆေးပြီးစီးခဲ့သည့်အတွက် ဇန်နဝါရီ ၁၄ရက်အထိ စစ်ဆေးပြီး နိုင်ငံရေးပါတီ ၅၁ ပါတီရှိသွားပြီဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၂ ဇန်နဝါရီ ၁၄ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

Zaw gyi

ျပည္သူ႔ပါတီအပါအဝင္ ႏိုင္ငံေရးပါတီအခ်ိဳ႕အား ဆက္လက္စစ္ေဆး

ႏိုင္ငံေရး ပါတီမ်ား၏ ပါတီဝင္အင္အား၊ ပါတီပိုင္ရန္ပုံေငြႏွင့္ ပစၥည္းမ်ား စုေဆာင္းျခင္း၊ ထိန္းသိမ္းျခင္း၊ သုံးစြဲျခင္း၊ စစ္ေဆးျခင္းႏွင့္ စာရင္းရွင္းလင္း ဖ်က္သိမ္းျခင္း၊ ပါတီဆိုင္ရာလုပ္ငန္းမ်ားကို စနစ္ တက် ေဆာင္႐ြက္ထားျခင္း ရွိ၊ မရွိတို႔အား ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က စစ္ေဆးေနရာ ၂၀၂၂ ဇန္နဝါရီလကုန္ပိုင္းႏွင့္ ယခုေဖေဖာ္ဝါရီလဆန္းပိုင္းအထိ ႏိုင္ငံေရးပါတီ၃ခုအား စစ္ေဆးခဲ့သည္ဟု ေကာ္မရွင္ကေျပာဆိုသည္။

စစ္ေဆးခဲ့သည့္ပါတီတို႔မွာ ျပည္ေထာင္စုပါတီ၊ လူထုပါတီ (The Party for People) ႏွင့္ ျပည္သူ႔အင္အား ပါတီတို႔ျဖစ္ၿပီး ဇန္နဝါရီ ၃၁ ရက္မွ ေဖေဖာ္ဝါရီ ၄ ရက္အထိ စစ္ေဆးေဆာင္႐ြက္ခဲ့ကာ စစ္ေဆးမႈကို
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္မ်ားျဖစ္သည့္ ဦးေစာဘလႈိင္ႏွင့္ ဦးဘရန္ေရွာင္ တို႔ဦးေဆာင္ၿပီး စာရင္းစစ္ခ်ဳပ္႐ုံး၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနႏွင့္ စစ္ေဆးခဲ့သည္ဟု သိရသည္။

ေဖေဖာ္ဝါရီ ၇ရက္ေန႔ကလည္း ရန္ကုန္တိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးတြင္ ကရင္ျပည္သူ႔ပါတီ၊အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ၊ျပည္သူ႔ပါတီတို႔အား စစ္ေဆးမႈမ်ား စတင္ျပဳလုပ္ခဲ့သည္ဟုလည္းသိရသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တြင္ မွတ္ပုံတင္ထားရွိသည့္ ႏိုင္ငံေရးပါတီေပါင္း ၉၂ ပါတီရွိၿပီး ၂၀၂၁ ၾသဂုတ္လ စတုတၳပတ္ကစၿပီး ႏိုဝင္ဘာလကုန္ အထိ စစ္ေဆးၿပီးပါတီ ၃၈ ပါတီ၊ ဒီဇင္ဘာလအတြင္းတြင္ တနသၤာရီတိုင္း ေဒသႀကီး အေျခစိုက္ ၁ ပါတီ၊ ရခိုင္ျပည္နယ္အေျခစိုက္ ၅ ပါတီ၊ ရန္ကုန္တိုင္းေဒသႀကီးအေျခစိုက္ ၂ ပါတီႏွင့္ ရွမ္းျပည္နယ္အေျခစိုက္ ၅ ပါတီ၊ စုစုေပါင္း ၁၃ ပါတီ ထပ္မံစစ္ေဆးၿပီးစီးခဲ့သည့္အတြက္ ဇန္နဝါရီ ၁၄ရက္အထိ စစ္ေဆးၿပီး ႏိုင္ငံေရးပါတီ ၅၁ ပါတီရွိသြားၿပီဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ၂၀၂၂ ဇန္နဝါရီ ၁၄ရက္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071