Thursday, January 1, 2026

အိမ်အရောက်ပို့စနစ်ဖြင့် ပေါင်းဆန်ရောင်းချနိုင်ရန် စီစဉ်

ပြည်ပဈေးကွက်ကို အဓိကထားတင်ပို့နေသည့် ပေါင်းဆန်ကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ပြည်ပဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချနေပြီးကျန်းမာရေး အထောက်အကူပြု ဆန်ဖြစ်သည့် ပေါင်းဆန်ကို...

ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သည့် ကုမ္ပဏီ...

ယင်းကုမ္ပဏီနှင့် ဒါရို-က်တာအဖွဲ့ဝင်တို့အပေါ် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျ-က် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသဖြင့် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခံထားရသည့် ကုမ္ပဏီ (၁၉၇) ခု အနက်...

မကွေးတိုင်းဒေသကြီးမှ ရခိုင်သို့ ပို့မည့် ကျပ်...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည် ကျပ် (၃၇) ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကို ဒီဇင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း...

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၃၃ ကြိမ်မြောက်...

နိုင်ငံအလိုက်အဆင့်ရပ်တည်မှုကို ဆက်လက်ထိန်းနိုင်ခဲ့ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈) နည်းဖြင့်...
HomeNewsLocal Newsပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင်ငံတော်...

ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင်ငံတော် ယာယီသမ္မတပြော

ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင် ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင်ကျရောက်သည့် နှစ်သစ်ကူးနေ့၌ နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ရှေ့ဆက်လျှောက်လှမ်းရမည့်လမ်းကြောင်းကိုမျှော်မှန်းပြီး ဦးတည်ချက်များ ခိုင်ခိုင်မာမာချမှတ်ကာ အကောင်အထည်ဖော်လျှောက်လှမ်းရာ၌ ပြည်သူ များ၏ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုကြောင့် ယခုအချိန်တွင် ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု ပြောသည်။ ” ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က မြို့နယ်ပေါင်း(၁၀၂) မြို့နယ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်ခဲ့တာဟာသက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ပါတီစုံဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အင်တိုက်အား တိုက်ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ပါတယ်။ တက်ကြွစွာ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင်ပြည်သူ၊ ပြည်သားအားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။ ထို့ပြင် ရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပနေခြင်းဖြစ်၍ ကျန်ရှိသည့်မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံသားတစ်ယောက်၏အခွင့်အရေးကို အပြည့်အဝအသုံးချပြီး ကျင်းပနေသောရွေး ကောက်ပွဲ၌ ပါဝင်မဲပေးကြဖို့လည်းလိုအပ်သည်ဟု ပြောသည်။ ထို့အတူ မိမိတို့အစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေးမှုများမှရရှိလာသည့်ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင် အထည်ဖော်မည့်အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေ(၂၀၀၈ ခုနှစ်)မှပြင်ဆင်နိုင်ရေးအတွက် အချက် (၄၃)ချက်တို့ကို သဘောတူညီခဲ့ပြီးဖြစ်၍ ဖြစ်ပေါ်လာမည့် လွှတ်တော်တွင်ဆွေးနွေးပြီး ဥပဒေနှင့်အညီဆက် လက်ဆောင်ရွက်သွားရမည်ဟု ပြောသည်။ ထို့ကြောင့် ရွေးကောက်ပွဲပြီးကာလတွင် ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံ့တာဝန်များလွှဲပြောင်းပေးအပ်ပြီး ဒု တိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင်ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကာ ကူးပြောင်းရောက်ရှိသော ၂၀၂၆ ခုနှစ်သည် မိမိတို့နိုင်ငံအတွက် မင်္ဂလာရှိသော နှစ်သစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကိုပြန်လည်တည်ဆောက်နိုင်မည့်နှစ်ဟုယုံကြည်ပြီး ပြည်သူတစ် ရပ်လုံး လိုလားတောင့်တနေသည့် ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မည့်နှစ်တစ်နှစ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည့်နှစ်ဖြစ်လာမည်ကိုယုံကြည်သည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့စနစ်ဖြင့် ပေါင်းဆန်ရောင်းချနိုင်ရန် စီစဉ်

ပြည်ပဈေးကွက်ကို အဓိကထားတင်ပို့နေသည့် ပေါင်းဆန်ကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ပြည်ပဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချနေပြီးကျန်းမာရေး အထောက်အကူပြု ဆန်ဖြစ်သည့် ပေါင်းဆန်ကို ပြည်တွင်း၌ အိမ်အရောက်ပို့ စနစ်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ပေါင်းဆန်ကို ဥရောပဈေးကွက်သို့ အများဆုံး တင်ပို့နေပြီး ပြည်တွင်းမှာပါ ပိုမိုဖြန့်ဖြူးနိုင်ရန်အတွက် အိမ်အရောက်ပို့စနစ် သို့မဟုတ် လက်လီဆန် အရောင်းဆိုင်များကို ဖြန့်ဖြူးရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး အထောက်အကူပြု ဆန်များဖြစ်သည့် ပေါင်းဆန်၊ ဆန်လုံးညိုနှင့် အားဖြည့်ဆန်များသည် ပြည်တွင်းဈေးကွက်၌ ဝယ်လိုအားနည်းခြင်းကြောင့် ပြည်ပဈေးကွက်...

ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သည့် ကုမ္ပဏီ ၂၉ ခုအား အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းမှ ပယ်ဖျ-က်ကြောင်း ဗဟိုဘဏ်ကြေညာ

ယင်းကုမ္ပဏီနှင့် ဒါရို-က်တာအဖွဲ့ဝင်တို့အပေါ် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျ-က် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသဖြင့် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခံထားရသည့် ကုမ္ပဏီ (၁၉၇) ခု အနက် ကုမ္ပဏီ ၂၉ ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သဖြင့် အဆိုပါကုမ္ပဏီ ၂၉ ခုအား အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းမှ ပယ်ဖျ-က်ကြောင်း ဗဟိုဘဏ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့်...

မကွေးတိုင်းဒေသကြီးမှ ရခိုင်သို့ ပို့မည့် ကျပ် (၃၇) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည် ကျပ် (၃၇) ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကို ဒီဇင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် သတင်းအရ မင်းဘူးမြို့ ကန်ရေကျေးရွာအနီးတွင် အောင်ဇင်ဝင်း (ခ) ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့်လိုက်ပါလာသည့် CANTER ခြောက်ဘီးယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်း (ဒေသတန်ဖိုးငွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071