Thursday, June 5, 2025

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...
HomeInternationalပြည်သူတို့မျှော်မှန်းချက်များကိုမဖြည့်ဆည်းနိုင်လျှင်ဒုတိယသက်တမ်းအရွေးမခံ--အင်ဒိုသမ္မတ

ပြည်သူတို့မျှော်မှန်းချက်များကိုမဖြည့်ဆည်းနိုင်လျှင်ဒုတိယသက်တမ်းအရွေးမခံ–အင်ဒိုသမ္မတ

အောက်တိုဘာလ ၂၀ ရက်‌နေ့တွင် ရာထူးတာဝန် စတင်ထမ်းဆောင်ခဲ့သော အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ပြည်သူများ၏ မျှော်မှန်းချက်များကို မဖြည့်ဆည်းပေးနိုင်ပါက ဒုတိယ ငါးနှစ်သက်တမ်းကို ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။

“ကျွန်တော်ရဲ့ လေးနှစ်‌မြောက်တာဝန်ထမ်းဆောင်မှုမှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်မိရင် ကျွန်တော် ဝင်ပြိုင်တော့မှာ မဟုတ်ပါဘူး၊ ကျွန်တော် ရှက်မိပါလိမ့်မယ်” ဟု မစ္စတာ ပရာဘိုဝိုက ဖေဖော်ဝါရီ ၂၅ ရက်အနှောင်းပိုင်းကပြုလုပ်သော ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်တွင် မစ္စတာ ပရာဘိုဝိုက ပြောကြားလိုက်သည်။

ပါတီသည် ၎င်း၏ အာဏာရ ညွန့်ပေါင်းအဖွဲ့တွင် သြဇာကြီးမားသော ပါတီဖြစ်သည်။

နောက်လာမည့် ၂၀၂၉ ခုနှစ် ရွေးကောက်ပွဲတွင် အသက် ၇၈ နှစ်ရှိမည်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်းသည် လက်ရှိစီးပွားရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းဝန်းကျင်ရှိနေသည်ကို သူ၏ ပထမသက်တမ်းတွင် ၈ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် မြင့်မြင့်မားမား ရည်မှန်းထားသည်။

ယင်းသည် ၁၉၉၇ မှ ၁၉၉၈ အာရှ ဘဏ္ဍာရေးအကျပ်အတည်းမတိုင်မီနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံ မရရှိဘူးသော စီးပွားရေးစွမ်းဆောင်မှု ဖြစ်လာမည်ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၃၀ ဘီလျံတန်ဖိုးရှိ “အခမဲ့နေ့လည်စာ” အစီအစဉ် အပါအဝင် လူကြိုက်များသော အစီအစဉ်ကြောင့် သူသည် သူ၏ ရာထူးသက်တမ်း ပထမလအနည်းငယ်အတွင်း ထောက်ခံမှုကို အကြီးအကျယ် ရရှိခဲ့သည်။

သို့သော်လည်း အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၉ ဘီလျံဖြတ်တောက်ရန် ပြီးခဲ့သည့် သီတင်းပတ်က သူ၏ အဆိုပြုချက်သည် ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့ပြီး သူ၏ အစိုးရအနေဖြင့် စီးပွားရေးတည်ငြိမ်မှုကို ထိန်းထားရင်း လူထုထောက်ခံမှုကို ရေရှည်ထိန်းသိမ်းရာတွင် ရင်ဆိုင်လာရမည့် စိန်ခေါ်မှု အ‌ငွေ့အသက်များကို ကြုံတွေ့လာရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ကျန်းမားရေးဦးစီးဌာနှင့် မုံရွာမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူ (၄၀၀)ကျော်ကို...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားပြုပြင်ပြီးဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေ အဆမတန်မြင့်တက်မှုကြောင့် နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး (လူကူး) ကြိုးတံတား အရှည် (၃၄၀)ပေ၊ အကျယ် (၆) ပေသည် မေလ (၃၁) ရက်တွင် မြစ်အတွင်းမျေ-ာပါသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပန်နန်းဒင် မေခမြစ်ကူး(လူကူး) ကြိုးတံတား ပျ-က်စီးခဲ့မှုအား ဌာနဆိုင်ရာတာဝန် ရှိသူများက...

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071