ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂,၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အား ယနေ့ အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းကစတင်ခဲ့ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအဖြစ် နံနက် ၅ နာရီခွဲတွင် သံ ဃာတော်(၁၀၈)ပါးအား အာရုံဆွမ်းဆက်ကပ်ပြီး နံနက် ၆ နာရီခွဲ၌ ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဆရာတော်၊ သံဃာတော်များက အနေကဇာတင်တော်မူခဲ့ကြကြောင်း သိရသည်။
ထို့နောက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းအစိုးရအဖွဲ့မှဝန်ကြီးများ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဆရာတော်၊ သံဃာတော်(၁၀၈)ပါးအား ဆွမ်း၊ဆန်စိမ်းများလောင်းလှူခဲ့ကြကြောင်း သိရသည်။
